fbpx

Appetizer Snack

ဂုံးကောင်ဟင်းတာ့တ်

  • Ready Time: 33min
    No Reviews
  • Prep Time: 8min
    Cook Time: 25min
  • Serves: 4
Share on Print

Description

ဂုံးဟင်း၏ နူးအိနေသော အသားနှင့် hash brown ကြွပ်ကြွပ်လေးများ တွဲဖက်ထားခြင်းက အရသာနှင့် အနှစ်အသားကို ပိုမိုအရသာရှိစေပြီး ဧည့်သည်များကို ဧည့်ခံရန်နှင့် အိမ်တွင်စားသုံးရန် ပြီးပြည့်စုံသော နှုတ်မြိန်စာတစ်ခွက်ကို ရရှိစေမည် ဖြစ်ပါသည်။

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Round Hash Browns - ၈ လုံး
  • ဂုံးကောင် - ၄ ကောင်
  • သံပရာသီး - ၄ လုံး
  • အုန်းနို့ - ၇၅ မီလီလီတာ
  • ကြက်သွန်နီ - ၁ ခြမ်း
  • ငရုတ်ပွအဝါ - ၁/၃ လုံး
  • ငရုတ်ပွအနီ - ၁/၃ လုံး
  • ဟင်းခတ်မှုန့်အဝါ - ၃၅ ဂရမ်
  • ပူစီနံအရွက် - ၅ ဂရမ်
  • သံလွင်ဆီ - ၁၀ မီလီလီတာ

Preparation
Prep Time: 8min | Cook Time: 25min

  • ငရုတ်ပွအဝါနဲ့ အနီများကို ရေဆေးကာ ရိုးတံနှင့် အစေ့များကို ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးပြီး သံပရာသီးများကို ရေဆေးပြီး ထက်ခြမ်းခြမ်းပါ။
  • အိုးထဲတွင် သံလွင်ဆီထည့်ပြီး ဂုံးကောင်များကို နှစ်ဖက်လုံး အနည်းငယ်မီးကျွမ်းသည်အထိ ကြော်ပါ။ ထို့နောက် အိုးထဲမှထုတ်ပြီး အလျားလိုက် နှစ်ပိုင်းပိုင်းပါ။
  • သံလွင်ဆီလက်ကျန်များကို အိုးထဲတွင် အပူပေးပြီး နုတ်နုတ်စဉ်းထားသော ကြက်သွန်နီကို လှိမ့်ပါ။ ရေကို ပန်းကန်လုံး တစ်လုံးစာ လောင်းထည့်ပြီး အုန်းနို့နှင့် ဟင်းအနှစ်များကိုပါ ထည့်ချက်ပါ။ ပါးပါးလှီးထားသော ငရုတ်ပွအနီနှင့် အဝါများကို ထည့်မွှေပြီး ဟင်းရည်ကို အနှစ်ပျစ်သွားသည်အထိ ချက်ပါ။ ရလျှင် မီးပိတ်လိုက်ပါ။
  • U.S. Round Hash Browns များကို air fryer ထဲတွင် အပူချိန် ၂၀၀ ဒီဂရီပေးပြီး ၁၀ မိနစ်ကြာ ကြော်ပါ။ ထို့နောက် air fryer ထဲမှ ထုတ်ပါ။
  • Hash Brown များပေါ်တွင် ပါးပါးလှီးထားသော ငရုတ်ပွအနီနဲ့ အဝါများကို တင်ပြီး အပေါ်တွင် ဂုံးကောင်သားကို ထပ်တင်ပါ။ ဟင်းရည်အနှစ်ကို ဇွန်းသုံး၍ ဆမ်းကာ သံပရာသီးညှစ်ပြီး ပူစီနံအရွက်များဖြင့် အလှဆင်ကာ စားသုံးနိုင်ပါပြီ။

Nutrition

Calories343
Fat13.76g
Sodium236.68mg
Cholesterol0.5
Vitamin C62.8mg
Carbohydrates26.02g
Fiber2.21g
Protein14g
Potassium225.25mg
Sugar5.54g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.