Appetizer
U.S. Curly အာလူး၊ဝက်သားနှင့် ကြက်သွန်မြိတ်ကြော်
Ready Time: 50min
No Reviews
Prep Time: 10min
Cook Time: 40min
Serves: 2
Ingredients
ပါဝင်ပစ္စည်းများ
- ၅ မီလီမီတာ အပြားများ လှီးထားသော ဝက်လိုင်းသား - ၄၅၀ ဂရမ်
- ပဲငံပြာရည် - ၃၀ မီလီလီတာ
- နှမ်းမည်းဆီ - ၂၀ မီလီလီတာ
- ဟင်းချက်ဆီ - ၄၀ မီလီလီတာ
- ငရုတ်သီးတောင့် (ပါးပါးလှီး) - ၁၅ ဂရမ်
- ကြက်သွန်မြိတ် (ခပ်စောင်းစောင်းလှီး) - ၄၀ ဂရမ်
- U.S. Curly Fries - ၅၀ ဂရမ်
- ကြက်သွန်မြိတ် (ပါးပါးလှီး)
Preparation
Prep Time: 10min | Cook Time: 40min
- U.S. Curly Fries များကို ဒယ်ပြားထဲတွင် ဆီထည့်ပြီး သို့မဟုတ် air fryer ထဲတွင်ထည့်ပြီး ၃-၅ မိနစ်ခန့်ကြော်ပြီးနောက် ခဏဖယ်ထားပါ။
- ဝက်သားပြားများကို ဇလုံတစ်ခုထဲတွင် ပဲငံပြာရည်၊ နှမ်းမည်းဆီတို့နှင့် သမစွာနယ်၍ ၃၀ မိနစ်ခန့် နှပ်ထားပါ။
- ဒယ်အိုးကို ဟင်းချက်ဆီ ၂၀ မီလီလီတာ ထည့်၍ မီးပြင်းတိုက်ပြီးနောက် ကြက်သွန်မြိတ်များကို နူးညံ့ကာ ညိုလာသည်အထိ ကြော်ပါ။ ထို့နောက် အိုးမှ ခဏထုတ်ပြီး ဘေးဖယ်ထားပါ။
- အိုးကို ပြန်အပူပေး၍ လက်ကျန်ဆီ ၂၀ မီလီမီတာကို ထည့်ကာ ဝက်သားကို ကျက်ပြီး အညိုရောင် သမ်းလာသည်အထိ ကြော်ပါ။
- ထို့နောက် ကြက်သွန်မြိတ်၊ ငရုတ်သီးနှင့် U.S. Curly Fries များကို အိုးထဲသို့ ထည့်ပါ။
- မိနစ်အနည်းငယ် ကြော်ပြီးနောက် အားလုံးကို ရောမွှေ၍ ပြင်ဆင်စားသုံးနိုင်ပါပြီ။