fbpx

Appetizer Main Dish

U.S. Hash Brown ငါးနီတူလှော်နှင့် တောရှောက်သီးသုပ်

  • Ready Time: 30min
    No Reviews
  • Prep Time: 5min
    Cook Time: 25min
  • Potato Type: Petite
    Cuisine: Asian
  • Serves: 3-4
    Prep Method: Baked
Share on Print

Ingredients

  • U.S. Frozen Hash Brown - ၃ပြား
  • ငါးနီတူလှော်ပြီးသား - ၁ ခွက်
  • တောရှောက်သီး (ရှောက်သီး အမွှာလေးများ ထုပ်ထားပါ) - ၁ ခြမ်း
  • သကြားညို - ၁/၂
  • လက်ဖက်ရည်ဇွန်း ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) - ၂ တက်
  • ဆားပန်းရောင် - အနည်းငယ်
  • ငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးစိမ်း (ခပ်ကြမ်းကြမ်းလှီးထားပါ) - ၂ တောင့်
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ) - ၁ လုံး
  • ခရမ်းချဉ်သီး (အစေ့ထုပ်၊ ပါးပါးအရှည်လှီးထားပါ) - ၁ လုံး
  • ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Preparation
Prep Time: 5min | Cook Time: 25min

ပြုလုပ်နည်း 

  • ၁။ အာဗင်ကို ၂၀၀°စင်တီ (၄၀၀° ‌ဖာရင်ဟိုက်) ဖွင့်ထားပါ၊ အကင်ဘန်းပေါ် သံကွက်ဘန်းတင်ပါ။ သံကွက်ဘန်း နှင့် ကင်ရတာအဆင်ပြေလွယ်ကူစေပါတယ်၊ အာလူးကို အရောင်ညီအောင် လှည့်ပေးလို့လွယ်သလို အပြင်ကြွပ်ရွပြီးနေပါတယ်။ Hash Brown ပြားလေးများကို သံကွက်ဘန်းပေါ်သေချာတင်ပြီး ၁၀ – ၁၅ မိနစ်လောက် ကင်ပါ။ ကင်ပြီး ၅ မိနစ်လောက်ဆို တစ်ဘက်လှန်ပေးဖို့ မမေ့ပါနဲ့။ ကင်တယ့် အချိန် နဲ့ အပူချိန်က ကိုယ်သုံးတယ့် အာဗင်ပေါ်မူတည်ပါတယ်။ နှစ်ဘက်လုံး ရွှေရောင်သန်းပြီး ကြွပ်ရွနေလျင် အာဗင်ထဲမှ ထုတ်ပြီး အအေးခံထားပါ။ အေးသွားလျင် Hash Brown ကို တစ်ခါကိုက်လေးတွေ ချိုးဖဲ့ထားပါ။
  • ၂။ ဇလုံအကြီးထဲ Hash Brown အတုံးလေးတွေ နှင့် သုပ်ရန် ပါဝင်ပစ္စည်းထည့်ပါ။ ပြီးလျင် လက်ဖြင့် ခတ်ဖွဖွလေး ရောသမအောင်နယ်ပါ။
  • ၃။ အရသာမြည်းပါ၊ ဆား၊ ငံပြာရည်၊ ဆီ လိုတာထပ်ဖြည့်နိုင်ပါသည်။ သုံးဆောင်ရန်ပုကန်ထဲထည့်ပြီး ချက်ချင်းသုံးဆောင်လျှင်ပိုကောင်းပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.