Ingredients
ပါဝင်ပစ္စည်းများ
- U.S. Frozen Hash Brown Patties - ၂ ခု
- Poached Egg - ၁ လုံး
- Bacon - ၂ ပြား
Preparation
ပြုလုပ်ပုံအဆင့်ဆင့်
- ရေနွေးတည်ပါ။ ဇောက်နက်သော ဆော့စ်အိုးအသေးထဲတွင် ရေကို ၁ လက်မလောက်ထည့်ပါ။ ထို့နောက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပြွး မီးအလယ်အလတ်ဖြင့် ဆူရုံတည်ပါ။ ပန်းကန်လုံးအသေးတစ်ခုထဲတွင် လတ်ဆတ်သောကြက်ဥကြီးကြီးတစ်လုံးကို ဖောက်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသောကြက်ဥကို အသုံးပြုရပါမည်။ ယောက်မသို့မဟုတ်ဇွန်းကို အသုံးပြုပြီး ရေနွေးကို ဦးတည်ရာတစ်ဖက်တည်းသို့ မြန်မြန်မွှေပါ။
- ကြက်ဥထည့်ပါ – ရေဝဲအလယ်တည့်တည့်သို့ ဖောက်ထားသော ကြက်ဥကိုအမြန်ထည့်ပါ။ လည်နေသော ရေဝဲကြောင့် ကြက်ဥအကာများသည်ပြန့်သွားမည်မဟုတ်ပေ။ မီးပိတ်လိုက်ပြီးအိုးအဖုံးကို ၅ မိနစ်ခန့်ပိတ်ထားပါ။ အဖုံးဖွင့်ခြင်း ၊ ကြက်ဥကိုထိုးစိုက်ကြည့်ခြင်းများမပြုလုပ်ရပါ။ အပေါက်ပါသောဇွန်းဖြင့် ဆယ်ယူပြီး ချက်ချင်းတည်ခင်းပါ။
- S. Hash Brown, Bacon and Poached Egg ဟင်းပွဲပြုလုပ်ရန်အတွက် ပထမဦးဆုံး Leek cream ကို ပြင်ဆင်ပါ။ ကြက်သွန်မြိတ်ကို လေးခြမ်းခြမ်းပြီး နုပ်နုပ်စဥ်းပါ။ နုပ်နုပ်စဥ်းထားသော ကြက်သွန်မြိတ်များကို သံလွင်ဆီ သို့မဟုတ် ထောပတ်အနည်းငယ်ဖြင့် ဆီသတ်ပြီး ကြက်သားပြုတ်ရည် သို့မဟုတ် ဟင်းသီးဟင်းရွက်ပြုတ်ရည် အနည်းငယ်ထည့်ပါ။
- ခရင်မ်အနည်းငယ်ထည့်ပြီး မီးအေးအေးဖြင့် ပျစ်သွားသည်အထိ ချက်ထားပါ။
- Bacon ၂ ပြားကိုကြော်ထားပါ။ ကြော်ထားသော ကြွပ်ရွနေသည့် Bacon ထိပ်အစွန်းပိုင်းများကို နုပ်နုပ်စဥ်းလိုက်ပါ။
- S. Frozen Hash Brown ကို အကြော်စက်ထဲတွင် ရွှေအိုရောင်သမ်းလာသည်အထိကြော်ပါ။
- တည်ခင်းရန်ပြင်ဆင်ထားသော ပန်းကန်ပြားထဲတွင် ကြော်ထားသော Hash Brown ကိုတင်ပါ။ ထို့နောက် Leek cream တစ်ဇွန်းဆမ်းပါ။ ထို့နောက် Bacon တင်ပါ။
- Bacon ပေါ်တွင် Poached Egg ကိုတင်လိုက်ပါ။ နုပ်နုပ်စဥ်းထားသော Bacon များကို အပေါ်မှ ဖြူးလိုက်ပါ။ ထိုအခါ အလိုရှိသော S. Hash Brown, Bacon and Poached Egg ဟင်းပွဲတည်ခင်းရန်အသင့်ဖြစ်ပါပြီ။