fbpx

Main Dish

U.S. အာလူးထောင်း၊ ဂဏန်းအသားချောင်း နှင့် အရွက်သုပ်

  • No Reviews
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Instant Mashed Potato Powder - ၁၀၀ ဂရမ်
  • ဂဏန်းအသားချောင်း - ၁၀၀ ဂရမ်
  • မရိုးနစ် - ၁၀၀ ဂရမ်
  • ခရင်မ် - ၅၀ ဂရမ်
  • ရေ - ၅၀ ဂရမ်
  • ထောပတ် - ၅၀ ဂရမ်
  • နှမ်းနက် - ၅ ဂရမ်
  • ခရမ်းချဥ်သီးဆော့စ် - ၁၅ ဂရမ်
  • မုန်လာဥနီ - ၁၀ ဂရမ်
  • ငရုတ်ပွရောင်စုံ - ၁၅ ဂရမ်
  • အညှောင့်ပင်ပေါက် - ၁၀ ဂရမ်
  • နွားနို့ - ၅၀ ဂရမ်
  • ဆား - အနည်းငယ်
  • သံပုရာသီး - ၁ လုံး
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်

Preparation

ပြုလုပ်ပုံအဆင့်ဆင့်

  • မီးဖိုပေါ်တွင် ခရင်မ် ၊ နို့ နှင့် ရေတို့ကို ဆူအောင်တည်ထားပြီး ဆူလာလျှင်မီးအပူချိန်လျှော့ကာ S. Instant Mashed Potato အမှုန့်ကို ထည့်ပါ။ ထောပတ်ထည့်ပါ။ ပြီးလျှင်အရသာအတွက် ဆားနှင့်ငရုတ်ကောင်းထည့်ပြီး အအေးခံထားပါ။
  • Salad ပြုလုပ်ရန်အတွက် ဂဏန်းအသားချောင်းကို အမြှောင်းလေးများဖြစ်အောင် လက်နှင့်မွထားပါ။
  • အသားချောင်းထဲသို့ မရိုးနစ် ၊ ဆား ၊ ငရုတ်ကောင်းထည့်ပါ။ အနံ့အရသာအတွက် သံပုရာသီးအခွံကို ခြစ်သေးသေးလေးဖြင့်ခြစ်ပြီးထည့်ပါ။
  • လှီးထားသောဟင်းသီးဟင်းရွက်များကို သံလွင်ဆီ ၊ သံပုရာရည် ၊ ဆား ၊ ငရုတ်ကောင်းထည့်ပြီး ခပ်ဖွဖွနယ်ထားပါ။

ပန်းကန်ပေါ်တွင် Ring ပုံစံခွက်ထဲသို့ အာလူးထောင်းအရင်ထည့်ပြီး သုပ်ထားသော ဂဏန်းသားဆလပ်ကို အပေါ်မှတင်ပြီး အဝိုင်းလေးဖြစ်အောင်ညှိပါ။ အပေါ်မှ နယ်ထားသောအရွက်သုပ်ကိုတင်ပြီး အလှဆင်ပါ။ ဘေးတွင် ခရမ်းချဥ်သီးဆော့စ်နှင့်မရိုးနစ်တို့ကိုလိုအပ်သလိုအလှဆင်ပြီး နှမ်းနက်ဖြူးကာတည်ခင်းနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.