fbpx

Snack For School

အထက်မြန်မာငရုတ်သီးနှင့် U.S. Lattice အာလူးကြော်

  • No Reviews
Share on Print

Ingredients

ငရုတ်သီးအကြွပ်ကြော်အတွက်ပါဝင်ပစ္စည်းများ

  • U.S. Frozen Lattice Fries - ၃၀၀ ဂရမ်
  • ငရုတ်သီးခွဲကြမ်း - ၁၅ ဂရမ်
  • ငရုတ်သီးစိမ်းမှုန့် - ၃ ဂရမ်
  • ကြက်သွန်ဖြူပါးပါးလှီး - ၂ ဂရမ်
  • ပျဉ်းတော်သိမ်ရွက် - ၂ ဂရမ်
  • ဟင်းချက်ဆီ - ၃၀၀ မီလီလီတာ
  • ဆား - ၃ ဂရမ်
  • ကြက်သွန်မြိတ် - ၅ ဂရမ်
  • သံပုရာသီး - ၁ လုံး
  • သကြား - ၂၀၀ မီလီလီတာ

ကောက်ညှင်းဆီထမင်းအတွက်ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဖြူ - ၂၀၀ ဂရမ်
  • ရေ - ၂၀၀ မီလီလီတာ
  • ကြက်သွန်နီပါးပါးလှီး - ၂၀ ဂရမ်
  • ကြက်သွန်ဖြူပါးပါးလှီး - ၂ မွှာ
  • ချင်းပါးပါးလှီး - ၁၀ ဂရမ်
  • နနွင်းမှုန့် - ၂ ဂရမ်
  • မြေပဲကြော် - ၂၀ ဂရမ်
  • ငါးသလဲထိုးကြော်/ငါးနီတူကြော် - ၂၀ ဂရမ်
  • ဆား - ၅ ဂရမ်
  • သကြား - ၅ ဂရမ်

Preparation

ငရုတ်သီးနှင့် U.S. Lattice Fries ကြော်နည်း

  • အနေတော်အိုးတစ်လုံးထဲတွင် ဆီ ၅၀ မီလီလီတာကို အပူပေးပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ရွှေရောင်ရသည်အထိကြော်ပါ။ ပျဉ်းတော်သိမ်ရွက်ကိုထည့်၍ ဆားနှင့်သကြားတို့ကိုထည့်ပြီး အရသာယူပါ။ တစ်ခုစီကြော်စဥ် မီးမပြင်းပါစေနှင့်။ နောက်ဆုံးငရုတ်သီးထည့်၍ အရသာထည့်ပြီး မီးကိုပိတ်၍ အအေးခံထားပါ။ ရောမွှေ၍ အအေးခံထားပါ။ မတူးပါစေနဲ့။
  • S. Frozen Lattice Fries ကို ဆီပူတွင်ကြော်ပါ။ ရွှေအိုရောင်ရလာလျှင် ဆီစစ်၍ ပထမကြော်ထားသော ငရုတ်သီးနှင့်ရောမွှေပြီး အရသာထည့်ပါ။ အားလုံးပြီးလျှင် ကြက်သွန်မြိတ်ဖြင့်အလှဆင်ပြီး ဆီထမင်းနှင့်တွဲဖက်ကာ သက်သတ်လွတ်ဟင်းပွဲတစ်ပွဲစားသုံးနိုင်ပါသည်။

ဆီထမင်းချက်နည်း

  • ကောက်ညှင်းဆန်ကို ရေပြောင်အောင်ဆေးပါ။ ပြီးလျှင် စကာနှင့်စစ်ထားပါ။ ပြီးလျှင်ပါဝင်ပစ္စည်းများကို အသင့်ပြင်ထားပါ။
  • အားလုံးပြင်ဆင်ပြီးလျှင် Non-stick အိုးထဲတွင် ဆီ ၃၀ မီလီလီတာထည့်ပြီး ပါဝင်ပစ္စည်းများကို ဆီသတ်ပါ။ ကြက်သွန်နှင့်ချင်းများရွှေအိုရောင်ရလာလျှင် နနွင်းမှုန့်ကိုထည့်ပါ။ ပြီးလျှင်ကောက်ညှင်းဆန်ကိုထည့်ပြီး ဆန်လုံးလာသည်အထိ ကြော်ပါ။ အချိုးအစားအတိုင်းရေကို ထည့်၍ မီးအေးအေးဖြင့် ကောက်ညှင်းကျက်သည်အထိ တည်ပါ။

မြေပဲနှင့်ငါးနီတူခြောက်တို့ကိုကြော်၍ အရသာထည့်ပြီး အအေးခံထားပါ။ ပြီးလျှင်အသင့်ချက်ထားသော ဆီထမင်းနှင့်တွဲဖက်၍ စားနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.