fbpx

Main Dish Snack

U.S. အာလူးပဲရည်သုပ်

  • Ready Time: 20min
    No Reviews
  • Prep Time: 10min
    Cook Time: 10min
  • Cuisine: AsianIndian
  • Serves: 4
    Prep Method: Boiled
Share on Print

Ingredients

ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)

  • U.S. အေးခဲအာလူး (Straight or Crinkle Cut) – ၅၀၀ ဂရမ်
  • ကြက်ပြုတ်ရည် − ၁ လီတာခန့်
  • ပဲအစိမ်းမှုန့် − ထမင်းစားဇွန်း ၄ ဇွန်းခန့်
  • ဆား − လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
  • ကြက်သားမှုန့် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မဆလာ − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် − လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ငြုပ်သီးအရောင်တင်မှုန့် − လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ဂေါ်ဖီထုပ် ၊ ခရမ်းချဥ်သီး ၊ ပူစီနံ − အနည်းငယ်စီ

Preparation
Prep Time: 10min | Cook Time: 10min

ပြင်ဆင်ချက်ပြုလုပ်ရန်

  1. U.S. အေးခဲအာလူးချောင်းများကို အနေတော်အရွယ်များ ဖြစ်အောင် မိမိစိတ်ကြိုက် လှီးဖြတ်ထားပါ။
  2. ပဲစိမ်းမှုန့်များကို ရေအနည်းငယ်ဖြင့် ကျေအောင် ဖျော်ထားပေးပါ။ ဂေါ်ဖီထုပ်၊ ခရမ်းချဥ်သီးများကို ပါးပါးလှီးထားပါ။
  3. ကြက်ပြုတ်ရည်ကို မီးဖိုပေါ်တွင် ပွက်ပွက်ဆူအောင် တည်ပြီးလျှင် ရေအနည်းငယ်ဖြင့် ဖျော်ထားသော ပဲစိမ်းမှုန့်အရည်များကို လောင်းထည့်ပါ။ အရသာ နှင့် အရောင်အတွက် အတွက် ဆား ၊ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငြုပ်သီးအရောင်တင်မှုန့်တို့ကို မိမိလိုသလိုထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူလာသည်အထိ အဆက်မပြတ်မွှေ၍ ဆက်ချက်ပေးပါ။
  4. ဟင်းရည်တွင် ပဲစိမ်းအနံ့ပျောက်ပြီး ပွက်ပွက်ဆူကာ အနည်းငယ်ပျစ်လာလျှင် မဆလာကို ထည့်မွှေပေးပါ။ 
  5. ပြီးလျှင် U.S. အေးခဲအာလူးများကိုထည့်ပြီး ၃ မိနစ်ခန့် ဆက်ချက်ပေးပြီးပါက မီးဖိုပေါ်မှချကာ ပွဲပြင်မည့်ပန်းကန်ထဲသို့ အာလူးပဲရည်များကို ခပ်ထည့်ပါ။ အပေါ်မှ ဂေါ်ဖီထုပ်၊ ခရမ်းချဥ်သီး၊ ပူစီနံတို့ကို မိမိလိုသလောက်ထည့်ပြီး ပူပူလေး သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.