Soup
Main Dish
U.S. အာလူးမာလာမောက်ချိုက်
Ready Time: 15min
1 Review
Prep Time: 5min
Cook Time: 10min
Cuisine: Asian
Serves: 4
Prep Method: Boiled
Ingredients
ပါဝင်ပစ္စည်းများ ( ၄ယောက်စာ)
- U.S. အေးခဲအာလူး (Straight or Crinkle Cut) – ၅၀၀ ဂရမ်
- ကြက်ပြုတ်ရည် − ၁ လီတာခန့်
- မာလာရှမ်းကော အနှစ် (သို့) မာလာဟော့ပေါ့ အနှစ် − ထမင်းစားဇွန်း ၂ ဇွန်းစာ
- ဆား − ထမင်းစားဇွန်း ၁ ဝက်
- ပဲငံပြာရည်အကြည် − ထမင်းစားဇွန်း ၁ ဇွန်း
- နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း − အနည်းငယ်စီ
- ကြက်သွန်မြိတ် (အောက်ခြေပိုင်း)− အနည်းငယ်
- မြေပဲကြော်၊ နှမ်းဖြူ၊ နံနံပင် − အနည်းငယ်စီ
Preparation
Prep Time: 5min | Cook Time: 10min
ပြင်ဆင်ချက်ပြုလုပ်ရန်
- U.S. အေးခဲအာလူးများကို အနေတော်အရွယ်များ ဖြစ်အောင် မိမိစိတ်ကြိုက် လှီးဖြတ်ထားပါ။
- မိမိအသုံးပြုမည့် မာလာအနှစ်ကို ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်အောက်ပိုင်းအနည်းငယ် တို့ဖြင့် မွှေးလာအောင် ဆီသတ်ပေးပါ။
- ကြက်ပြုတ်ရည်ပွက်ပွက်ဆူလာလျှင် အဆိုပါ ဆီသတ်ထားသော မာလာအနှစ်ကို ထည့်ပြီး ပဲငံပြာရည် နှင့် ဆားကို မိမိ စိတ်ကြိုက် အရသာ အပေါ့အငန် အလိုက် လိုသလို ထည့်ပေးပါ။
- ပြီးလျှင် အေးခဲအာလူးတုံးများကို ထည့်ပြီး ပွက်ပွက်ဆူလာအောင် ၃ မိနစ်ခန့် ဆက်တည်ပေးပါ။
- နောက်ဆုံးတွင် ပွဲပြင်မည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး အပေါ်မှ မြေပဲကြော်၊ နှမ်းဖြူ၊ နံနံပင် အုပ်ကာ အနံ့အရသာမွှေးကြိုင် ကောင်းမွန်သော အာလူးမာလာမောက်ချိုက်တစ်ပွဲကို ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။
12 months ago
I have cooked this