fbpx

Snack

U.S. အာလူးနှင့် မြန်မာစတိုင်အမဲသားဟင်း

  • No Reviews
  • Serves: ၁-၂
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Wedges - ၁၅၀ ဂရမ်
  • အမဲမိုးခိုသား - ၂၀၀ ဂရမ်
  • ထမင်း - ၂၅၀ ဂရမ်
  • ကြက်သွန်နီ (လှီးထားပါ) - ၁၅၀ ဂရမ်
  • ကြက်သွန်ဖြူ (လှီးထားပါ) - ၃၀ ဂရမ်
  • ခရမ်းချဉ်သီး - ၁၀၀ ဂရမ်
  • ပျဉ်းတော်သိမ်ရွက် - ၅ ဂရမ်
  • ငရုတ်သီးမှုန့် - ၁၅ ဂရမ်
  • နနွင်းမှုန့် - ၁၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ - ၅၀၀ မီလီလီတာ
  • ချင်း (လှီးထားပါ) - ၂၅ ဂရမ်
  • ဆား - ၅ ဂရမ်
  • ကြက်သားမှုန့် - ၅ ဂရမ်
  • ငါးငံပြာရည် - ၁၀ မီလီလီတာ
  • ကြက်သွန်မြိတ် - ၃၀ ဂရမ်
  • ငရုတ်သီးအစိမ်း - ၁ တောင့်
  • ငရုတ်သီးအနီ - ၁ တောင့်

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

  • ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားပါ။ 
  • အမဲသားကို အနေတော်တုံးပြီး ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့ဖြင့် အရသာနယ်ပြီး ၁၅ မိနစ်ခန့်နယ်ထားပါ။ မှတ်ချက်။ ။ ကြက်သားမှုန့်မကြိုက်လျှင် မထည့်လည်းရပါသည်။
  • ချက်မည့်အိုးထဲတွင် ဆီကိုအပူပေးပါ။ ဆီပူလာလျှင် ပါဝင်ပစ္စည်းများဖြစ်သော ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူတို့ကိုထည့်ပြီး ဆီသပ်ပါ။ ကြက်သွန်နွမ်းသွားလျှင် ငရုတ်သီးမှုန့်နှင့်နနွင်းမှုန့်တို့ကိုထည့်ပြီး မွှေပါ။ ပြီးလျှင် ခရမ်းချဉ်သီးထည့်ပြီး ၅ မိနစ်ခန့် ဆီသပ်ပါ။
  • အမဲသားကိုထည့်လုံးပါ။ ၅ မိနစ်ခန့်လုံးပြီးလျှင် မီးအေးအေးဖြင့် ရေအနည်းငယ်ထည့်ပါ။ အဖုံးအုပ်ပြီး မိနစ် ၃၀ ခန့်ချက်ထားပါ။ မှတ်ချက်။ ။ အမဲသားပိုနူးလိုလျှင် မိနစ် ၃၀ ထက်ပိုပြီးချက်နိုင်ပါသည်။ 
  • အသင့်ကြော်ထားသော U.S. Wedges၊ ပျဉ်းတော်သိမ်ရွက်နှင့် ကြက်သွန်မြိတ်တို့ကို ကြော်ရန် အိုးတစ်လုံးတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီအပူချိန် ၁၈၀°C ရောက်လျှင် အာလူး၊ ပျဉ်းတော်သိမ်ရွက် နှင့် ကြက်သွန်မြိတ်တို့ကို ဆီအိုးထဲတွင်ထည့်ပြီး တစ်ခုဆီကို ရွှေရောင်ရသည်အထိ ကြော်ပြီးဆီစစ်ထားပါ။ 
  • အမဲသားအိုးမိနစ် ၃၀ ပြည့်လျှင် အရသာနှင့်ကြော်ထားသော၊ အသင့်ပြင်ဆင်ထားထည့်အာလူးကို ၅ မိနစ်ခန့်ထည့်ပါ။ ဆီပြန်ပြီး ဟင်းအနှစ်ရလာပါက စားသုံးရန်အသင့်ဖြစ်ပါပြီ။
  • စားသုံးရန်အတွက် ပုံပါအတိုင်းပြင်ဆင်ပြီး ထမင်းနှင့်ဟင်းကို တွဲဖက်ကာ သုံးဆောင်နိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.