fbpx

Main Dish

U.S. Potato Wedgesနှင့် ပုဇွန် အုန်းနို့ဟင်း

  • No Reviews
  • Prep Time: 10min
    Cook Time: 20min
  • Serves: 4
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. frozen potato wedges - ၄ ခွက် 
  • ပုဇွန်, အသင့်ချက်ရန်အထုပ် (ရေဆေး၊ ချီးထုပ်ပြီးသား) - ၂၅၀ ဂရမ်
  • ကြက်သွန်နီ, ခပ်နုပ်နုပ်လှီးထားပါ - ၃ ဥ
  • ကြက်သွန်ဖြူ, ခပ်နုပ်နုပ်လှီးထားပါ - ၃ တက်
  • ဇီရာစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • လတ်ဆတ်ချင်း, အခွံနွှာပြီး ခပ်နုပ်နုပ်လှီးထားပါ - ၁ လက်မအရွယ်
  • နေကြာဆီ - ထမင်းစားဇွန်း ၄ ဇွန်း
  • ကာရီမှူန့် - လက်ဖက်ရည်ဖွန်း ၁ ၁/၂ ဇွန်း 
  • အရောင်တင်ပန်းငရုတ်မှူန့် - ထမင်းစားဇွန်း ၁/၂ ဇွန်း
  • နနွင်းမှူန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးနီအခြောက်၊ ပိုင်းထားပါ - ၅ တောင့်
  • အုန်းနို့ - ၁ ဘူး
  • ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ - ၁/၂ - ၁ ခွက်
  • ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
  • လတ်ဆတ် နံနံပင် အလှဆင်ပြင်ဆင်ရန်

Preparation
Prep Time: 10min | Cook Time: 20min

ချက်ပြုတ်နည်း

  • အိုးအကြီး ထဲ နေကြာဆီ ထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ ပြီးလျှင် ကြက်သွန်နီ ထည့်ပြီး အိုးကင်းပူ ၃ -၄ မိနစ်လောက်တိုက်ပါ၊ ကြက်သွန်နီ အကြည်ရောင်ဖြစ်လာလျှင်ရပါပြီ။ 
  • ပြီးလျှင် ကြက်သွန်ဖြူ၊ ချင်း နှင့် တစ်ခြားပါဝင်သော ဟင်းခတ်အမွှေးအကြိုင်များ အားလုံးထည့်ပြီး ၁ မိနစ်လောက်ချက်ပါ။ ပြီးလျှင် ပုဇွန်ငံပြာရည် နှင့် ငရုတ်သီးနီအခြောက်ထည့်ပြီး ၁ မိနစ် ဆက်ချက်ပါ။ 
  • ပြီးလျှင် အုန်းနို့ထည့်ပြီး သေချာမွှေပေးပါ၊ U.S. Frozen Potato Wedges တုံးများထည့်ပါ။ မီးအပူချိန်ကို မျှင်မျှင်လေးထားပြီး အိုးအဖုံးအုပ်ပြီးတည်ထားပါ။ ပြီးတော့ ရေထည့်ပါ၊ အာလူးကို ရေဆူရုံ ၁၀-၁၅ မိနစ်လောက်ထပ်တည်ပါ (အာလူးတုံးအရွယ်အစားပေါ်လဲမူတည်ပါတည်)၊ မကြာခဏကြည့်ပေးပြီး မွှေပေးပါ။ ပြီးလျှင် ပုဇွန် ‌ရောပြီး ၄ -၅ မိနစ်လောက်ထပ်တည်ပါ။ 
  • အာလူးများအနည်းငယ် နူးအိရပါမယ်၊ အနှစ်ရည်ကလဲ ကောင်းပြီး မွတ်ညက်ခရင်ကျ နေရပါမည်။ ဆား နှင့် ဟင်းခတ်အရသာ ကိုယ့်စိတ်ကြိုက်မြည်းပြီး လိုတာ ထပ်ဖြည့်နိုင်ပါသည်။ အနှစ်ရည်က ကိုယ့်စိတ်ကြိုက်မဟုတ်ပဲ အရည်များနေသေးရင် အိုးအဖုံးဖွင့်ပြီး အာလူးများထပ်တည်ပါ။ ဒါပေမယ့် အနှစ်ရည်က ကိုယ့်စိတ်တိုင်းကြ မဟုတ်ပဲ အရမ်းပျစ်သွားတယ်ဆိုလျှင်တော့ ရေအနည်းငယ်ထည့်ပြီးထပ်တည်ပါ။ ပြီးလျှင် လတ်ဆတ် လှီး ထားသော နံနံပင်များများအုပ်ပြီး ထမင်းဖြူဖြင့် ပူပူလေး အတူတွဲသုံးဆောင်ပါ။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.