Ingredients
- U.S. Frozen Straight Cut – ၂၄ ချောင်း
- ဝက်ဆားနယ် (Salted Bacon) − ၂၅၀ ဂရမ်
- ကညွတ်ထိပ်ပိုင်း − ၁၂ ခု
- မှိုဖြူ − ၃၀ ဂရမ်
- ငရုတ်ပွသီးအနီ − ၁ လုံး
- ငရုတ်ကောင်းမှုန့် − လက်ဖက်ရည်ဇွန်းတစ်ဝက်
- အာလူးဘေကွန်လိပ်ကြော်ရန် ဆီ − ထမင်းစားဇွန်း ၁ ဇွန်းခန့်
- အာလူးကြော်ရန် ဆီ − မိမိ လိုသလောက်
Preparation
ပြင်ဆင်ရန်
- ကညွတ်၊ ငရုတ်ပွသီးအနီ နှင့် မှိုဖြူတို့ကို သန့်စင်ပြီး လက်ညှိုးတစ်ချောင်းစာခန့် အရှည် အရွယ်အစား လှီးဖြတ်ပေးထားပါ။
အာလူးကြော်ရန်
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- အထုပ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း ဆီပူလာလျှင် အေးခဲအာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးချောင်းများ ရွှေညိုရောင်သမ်းလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
အာလူးဘေကွန်လိပ် ပြုလုပ်ရန်
- ဝက်ဆားနယ် အသားပြားကို ညီညာနေအောင် ဖြန့်ခင်းပြီး အပေါ် အစွန်းတစ်နေရာတွင် အာလူးချောင်းကြော်၊ ကညွတ်ထိပ်ပိုင်း၊ ငြုပ်ပွသီးအနီ နှင့် မှိုတို့ကို ၂ ခုစီထည့်ပြီး ကျစ်သွားအောင် လိပ်ပါ။ (အလိပ် မြဲနေအောင် အဆုံးသတ်မှ ဝါးတုတ်အသေးလေး တစ်ချောင်းဖြင့် ထိုးသွင်းထားနိုင်သည်။)
- Non-Stick ဒယ်အိုးပြား (သို့) Grill Pan အကင်အိုးထဲကို ဆီ (ထမင်းစားဇွန်း ၁ ဇွန်း) ထည့်ပြီး အပူပေးပါ။
- အိုးပူလာလျှင် မီးကို အနိမ့်ဆုံး လျှော့ပြီး လိပ်ထားပြီးသား အာလူးဘေကွန်လိပ်များကို တစ်ခုနှင့်တစ်ခု အနည်းငယ်ခွာပြီး အိုးထဲသို့ ထည့်ပြီး အရောင်ပြောင်းကာ ကျက်စပြုလာသည်အထိ ဟိုဘက်ဒီဘက် လှိမ့်ကာ မီးအေးအေးဖြင့် လှော်ပေးပါ။
- အာလူးဘေကွန်လိပ်များ အရောင်ပြောင်းပြီး အနံ့မွှေးလာပြီဆိုလျှင် ငရုတ်ကောင်းမှုန့်အနည်းငယ် အပေါ်မှာ ဖြူးပြီး အရသာရှိစွာ ပူပူနွေးနွေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။