Ingredients
- U.S. အေးခဲအာလူးချောင်း (Straight Cut) − ၄၀၀ ဂရမ်
- ငြုပ်ပွစိမ်း − ၅၀ ဂရမ်
- ငြုပ်ပွနီ − ၅၀ ဂရမ်
- ကြက်သွန်နီ − ၃၀ ဂရမ်
- မြေပဲခြမ်းကြော် − အနည်းငယ်
- ကြက်သွန်မြိတ် − အနည်းငယ်
- ငြုပ်ပွခြောက် − ၂ ခု
- ပဲငံပြာရည်အကြည် − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အနောက် − လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရုဆီ − လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- မျှင်မျှင်လှီးထားသော ဂျင်း − ၁ တက်
- အာလူးကြော်ရန် ဆီ − မိမိလိုသလောက်
Preparation
အာလူးကြော်ရန် −
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- အထုတ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း ဆီပူလာလျှင် အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးချောင်းများ ရွှေညိုရောင်သမ်းလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
ပြုလုပ်ပုံ −
- အာလူးကုန်းဘောင် စတင်ပြုလုပ်ရန် ဒယ်အိုးထဲတွင် အာလူးကြော်ထားသော ဆီ ထမင်းစားဇွန်း ၁ ဇွန်းခန့်သာချန်ပြီး ကျန်သော ဆီများကို ဖယ်ထုတ်ပေးပါ။
- ဆီပူလာလျှင် ငြုပ်ပွခြောက်များကို ဆီမွှေးအောင် ဆီသတ်ပြီး ဆယ်ထားပါ။
- ထိုဆီထဲတွင် ဂျင်းကို မွှေးလာအောင် ဆီသတ်ပါ။
- ပြီးလျှင် လေးထောင့်ပုံစံ ခပ်သေးသေးလှီးထားသော ကြက်သွန်နီ၊ ငြုပ်ပွစိမ်း၊ ငြုပ်ပွနီများကိုထည့်ပါ။
- အရသာအတွက် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက် နှင့် ခရုဆီ တို့ကို ထည့်ပြီး ကြော်ပါ။
- ပြီးလျှင် ကြော်ထားသော အာလူးချောင်းကြော်များထည့်ပါ အဆိုပါ ကုန်းဘောင်ကြီးကြော် အနှစ် နှင့် အာလူးကြော်များကို ရောသမမွှေကာ အရသာနှံ့အောင်လုပ်ပါ။
- အာလူးကုန်းဘောင်ကြီးကြော်ကို မိမိ ပွဲပြင်မည့် ပန်းကန်ထဲထည့်ကာ အပေါ်မှ မြေပဲကြော် နှင့် ကြက်သွန်မြိတ်များဖြူးကာ တည်ခင်းဧည့်ခံနိုင်ပြီ ဖြစ်ပါသည်။