Ingredients
- U.S. Hash Brown − ၈ ခု (၅၀၀ ဂရမ်ခန့်)
- ခရမ်းချဥ်သီးအကြီး − ၁ လုံး
- ဆလပ်ရွက် − အနည်းငယ်
- အသားပြား − ၄ ခု (၁၀၀ ဂရမ်ခန့်)
- သခွားသီးအသေး − ၁ လုံး
- မရောနိစ် (Mayonnaise) − အနည်းငယ်
- ငရုတ်ဆော့စ် (Chilli Sauce) − အနည်းငယ်
- ချိစ်ပြား − ၂ ချပ်
- အာလူးကြော်ရန် ဆီ − မိမိ လိုသလောက်
Preparation
ပြင်ဆင်ရန်
- ခရမ်းချဥ်သီး နှင့် သခွားသီး ရေဆေးသန့်စင်ပြီး ခပ်ပါးပါးလှီးထားပါ။
- ဆလပ်ရွက်များကို ရေဆေးပြီး တစ်ရွက်ချင်း ဖြစ်အောင် ပြင်ဆင်ထားပါ။
- အသားပြား နှင့် ချိစ်ပြားများကို တြိဂံပုံစံဖြစ်အောင် ကန့်လန့်ဖြတ် အနေအထားဖြင့် လှီးထားပါ။
အာလူးကြော်ရန်
- ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
- အထုပ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း ဆီပူလာလျှင် အေးခဲနေသော အာလူးများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
- အာလူးများ ရွှေညိုရောင်သမ်းလာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
အာလူး Sandwich ပြုလုပ်ရန်
- ကြော်ပြီးသား အာလူးကြော် ၁ ခု ၏ အပေါ်တွင် ဆလပ်ရွက်၊ အသားပြား၊ မရောနိစ်၊ ပါးပါးလှီးထားသော ခရမ်းချဥ်သီး၊ သခွားသီး၊ ငရုတ်ဆော့စ်၊ ချိစ်ပြားတို့ကို မိမိစိတ်ကြိုက် သင့်လျော်သလို ထည့်ပြီး အပေါ်ဆုံးတွင် အာလူးကြော် နောက်တစ်ခုဖြင့် အုပ်ကာ Sandwich ပုံစံဖြစ်အောင် ပြုလုပ်ကာ အရသာရှိစွာ သုံးဆောင် နိုင်ပြီ ဖြစ်ပါတယ်။