Appetizer
Snack
U.S. Spicy Skin on Wedge စပါးလင် သံပုရာ Kebabs
Ready Time: 75min
No Reviews
Prep Time: 30min
Cook Time: 45min
Cuisine: Asian
Serves: 3-4
Ingredients
ပါဝင်ပစ္စည်းများ
- U.S. Frozen Spicy Skin on Wedges - ၂ ခွက်
- ငရုတ်ပွနီ (အစေ့ထုပ်၊ အနေတော်လှီးထားပါ) - ၁ ခု
- ငရုတ်ပွဝါ (အစေ့ထုပ်၊ အနေတော်လှီးထားပါ) - ၁ ခု
- ခရမ်းချဉ်သီးအလုံးကြီး (ခြမ်းလေးတွေခြမ်းထားပါ) - ၁ လုံး
- ကြက်သွန်နီ (ခြမ်းလေးတွေခြမ်းထားပါ) - ၂ လုံး
- မှို (ခြမ်းလေးတွေခြမ်းထားပါ) - ၁ ခွက်
- ဖယုံသခွား (ထပ်ထူထူ တစ်စောက်းလှီးထားပါ) - ၁
- အရိုးမပါ, အရေခွံမပါ cod lion (သို့) မာတင်းသော- ၄၀၀ ဂရမ် (မည်သည့်ငါးအသားလွှာပဲဖြစ်ဖြစ်၊ တစ်ခါကိုက်တုံးပါ)
- Extra virgin သံလွင်ဆီ - ၁/၄ ခွက်
- ဆား - ၁ ဇွန်း (လက်ဖက်ဇွန်း)
- လက်ဖက်ဇွန်း ငရုတ်ကောင်းမှူန့် - ၁ ဇွန်း
- လက်ဖက်ဇွန်း စပါးလင်မှူန့် - ၂ ဇွန်း
- ကြက်သွန်ဖြူ၊ နုတ်နုတ်စင်းထားပါ - ၃ တက်
- လက်ဖက်ဇွန်း သံပုရာရည် (သို့- လီမွန် အရည်) - ၂ ဇွန်း
Preparation
Prep Time: 30min | Cook Time: 45min
ပြုလုပ်နည်း
- ၁။ ပါဝင်ပစ္စည်းများအားလုံးကို ဇလုံအကြီးထဲ ထည့်ပြီး သေချာရောမပေးပါ။ အရသာနယ်ထားတာကို ၃၀ မိနစ် (သို့) ၁ နာရီလောက်နှပ်ထားပေးပါ။
- ၂။ အရသာနယ်နှပ်ထားတုန်း၊ မီးသွေးခဲဖြင့် မီးမွှေးထားပါ။ မီးအပူချိန်ကို အနေတော်လောက်ထားပါ၊ မကင်ခင် မီးသွေးတုံးများ ပြာဖုံးလာသည်အထိစောင့်ပါ။ အဲလိုပြာဖုံးဖို့ တစ်ခါတစ်လေ ၁၅ – ၃၀ မိနစ်လောက်ပဲကြာပါသည်။
- ၃။ အရသာနယ်ထားသော အာလူးနှင့် အသီးအရွက်၊ ငါးတုံးများကို အကင်တံမှာ သေချာတစ်ခုစီသီပေးပါ။ အရသာနယ်ထားသော ကျန်ရှိအရည်ကို စုတ်တံလေးဖြင့် kababs ကိုနှံ့အောင်သုပ်ပေးပါ။
- ၄။ မီးသွေးပေါ်တင်ပြီး ၁၂ – ၁၅ မိနစ်တင်ကင်ပါ (သို့) ဟင်းသီးဟင်းရွက်များ နူးပြီး ငါးအထဲသားကျက်ပြီး မီးတူးခြစ်လျှင် မကြာခဏ ပတ်လည်လှည့်ပေးပါ။
- ၅။ သံပုရာခွံမှူန့်ဖြင့် ဖြန့်ဖြူးပါ၊ ပြီးလျှင် ကြိုက်နှစ်သက်ရာ တို့စားရန် ဆော့ဖြင့်တို့ စားနိုင်ပါသည်။