အာလူးများနှင့်ကြံခိုင်စွမ်းရည်စွမ်းဆောင်မှု
အာလူးများသည် အားကစားသမားတစ်ဦး၏ စားသောက်မှုတွင် အကျိုးပြုပါသလား။
အာလူးများသည် အားကစားသမားတစ်ဦး၏ စားသောက်မှုတွင် အကျိုးပြုပါသည်။ အခွံမခွာထားသော အလယ်အလတ် ( ၅.၃အောင်စ) အာလူးတွင် ကာဘိုဟိုက်ဒြိတ် ၂၆ဂရမ်၊ ပိုတကဆီယမ် ၆၂ဝမီလီဂရမ် နှင့် စွမ်းအင်အတွက် ကယ်လိုရီ ၁၁ဝပါဝင်သည်။ ၄င်းတို့သည် အားကစားသမားများနှင့် လူတစ်ဦးတစ်ယောက်ချင်းအတွက် အဓိကအရေးပါသော အာဟာရဓာတ်များဖြစ်သည်။
အချက်အလက်များ
- အာလူးများသည် အာဟာရဓာတ်သိပ်သည်းစွာပါဝင်သည့် ကာဘိုဟိုက်ဒြိတ်အမျိုးမျိူးကိုပေးစွမ်းနိုင်သည်။ အခွံမခွာထားသော အလယ်အလတ် ( ၅.၃ အောင်စ) အာလူးတွင် ကာဘိုဟိုက်ဒြိတ် ၂၆ဂရမ် ပါရှိသည်။
- ကာဘိုဟိုက်ဒြိတ်သည် ဦးနှောက်နှင့် ကြွက်သားများအတွက် အဓိကလောင်စာအရင်းအမြစ်ဖြစ်သည်။
- ကာဘိုဟိုက်ဒြိတ်သည် သင့်မြတ်သော ကိုယ်ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုများအတွက် အရေးပါသည်။2
- ကိုယ်ခန္ဓာတွင် ကာဘိုဟိုက်ဒြိတ်သိုလှောင်မှုသည် အကန့်အသတ်ရှိပြီး ကိုယ်လက်လှုပ်ရှားအပြင်းအထန် (သို့) ရှည်ကြာစွာပြုလုပ်လျှင် လျော့နည်းလာနိုင်ခြင်းတို့ကြောင့် ၄င်းတို့ကိုပြန်လည်ဖြည့်တင်းရန် အရေးကြီးသည်။
- အာလူးများတွင် အလတ်စားငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ်ပိုမိုပါရှိသည်။ အကျိုးပြုပါသည်။ အခွံမခွာထားသော အလယ်အလတ် ( ၅.၂အောင်စ) အာလူးတွင် ပိုတက်စီယမ် ၆၂ဝမီလီဂရမ် ပါဝင်သည်။
- ပိုတက်ဆီယမ်သည် ကြွက်သားများ၊ နှလုံးသွေးကြောနှင့် အာရုံကြောအဖွဲ့အစည်း၏လုပ်ဆောင်မှုများကို အကူအညီပေးသော အရေးကြီးသည့် electrolyte ဖြစ်သည်။
- ၂၀၁၅ ကျန်းမာရေးနှင့်ညီညွတ်သောချင့်ချိန်စားသောက်မှုပုံစံဆိုင်ရာလမ်းညွှန်ချက်များအရ ပိုတက်ဆီယမ်ကို စားသောက်မှုနည်းသောအာဟာရဓာတ်အဖြစ်ဖော်ပြထားပြီး အာလူးဖြူကဲ့သို့ ပိုတက်ဆီယမ်ပါဝင်နှုန်းမြင့်မားသောအစားအစာများကို စားသုံးရန် အကြံပြုထားသည်။ 4
- အာလူးများသည် အခြားလူကြိုက်များသောဟင်းသီးဟင်းရွက်များထက် စွမ်းအင်များစွာပါဝင်သည်။ အကျိုးပြုပါသည်။ 3 အခွံမခွာထားသော အလယ်အလတ် ( ၅.၂အောင်စ) အာလူးတွင် ကယ်လိုရီ ၁၁ဝပါဝင်သည်။
- လုံလောက်သောစွမ်းအင်ပမာဏကိုစားသုံးခြင်းသည် ကိုယ်ခန္ဓာ၏ သင့်မြတ်သော လုပ်ငန်းဆောင်တာများကို အထောက်အကူပေးသည်။
- တစ်နေ့တာ၏လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ရန် သင့်လျော်သော ကယ်လိုရီပမာဏကို သုံးဆောင်ရန်အရေးကြီးသည်။
PDF ဖိုင်ရယူရန် : အာလူးများနှင့် ကြံခိုင်စွမ်းရည်စွမ်းဆောင်မှု →
ကိုးကားချက်များ
- Nutrition and Athletic Performance. Position of the Academy for Nutrition and Dietetics, American College of Sports Medicine and the Dieticians of Canada. Med Sci Sports Excerc. 2015; 48:543-568.
- Burke LM, Hawley JA, Wong SH, Jeukendrup AE. Carbohydrates for training and competition. J Sports Sci. 2011; 29(Suppl 1): S17-27.
- US Department of Agriculture, Agricultural Research Service, Nutrient Data Laboratory. USDA National Nutrient Database for Standard Reference, Release 28 (Slightly revised). Version Current: May 2016.
- Internet: http://www.ars.usda.gov/ba/bhnrc/ndl
- Potassium: Food Sources Ranked by Amounts of Potassium and Energy per Standard Food Portions and per 100 Grams of Foods. Available at: http://health.gov/dietaryguidelines/2015/guidelines/appendix-10/.