fbpx

အာလူးများချက်ပြုတ်ရန်အကြံပြုချက်များ

မီးဖုတ်ပါ။ ကင်ပါ။ Microwave ဖြင့်ချက်ပြုတ်ပါ။အာလူးများကိုချက်ပြုတ်ရာတွင် ပိုမိုမြန်ဆန်စေမည့်နည်းလမ်းများစွာရှိပြီး မည်သို့ချက်ပြုတ်ရမည်ကိုသင်ယူရန် မှန်ကန်သောနေရာသို့ရောက်ရှိနေပါသည်။ ထို့အပြင်အခြားသင်ယူစရာများစွာလည်းရှိသည်။ ပိုလျှံကြွင်းကျန်နေသောအာလူးများအတွက် အကြံဉာဏ်များလိုအပ်နေပါသလား။ ကျွန်ုပ်တို့အကြံပေးနိုင်ပါသည်။ အရသာရှိသော ချက်ပြုတ်နည်းများကို စိတ်ဝင်စားပါက ကျွန်ုပ်တို့၏ အာလူးချက်ပြုတ်နည်းများစာမျက်နှာတွင်သွားရောက်လေ့လာနိုင်ပါသည်။

အာလူးများကိုရွေးချယ်ဝယ်ယူခြင်းနှင့်သိုလှောင်ခြင်း

ရွေးချယ်ဝယ်ယူခြင်း

အာလူးများကိုဝယ်ယူချိန်တွင် ပြတ်ရှအနာအဆာများနှင့်အမာရွတ်များ သို့မဟုတ် အရောင်စွန်းထင်းနေခြင်းမရှိသော သန့်ရှင်းချောမွတ်ပြီး
အသားကျစ်သည့်အာလူးများကိုရှာဖွေဝယ်ယူပါ။

သင့်လျော်သောသိုလှောင်ခြင်းနှင့်ကိုင်တွယ်ခြင်း

လတ်ဆတ်သောအာလူးများကိုင်တွယ်ခြင်းနှင့်သိုလှောင်ခြင်းလမ်းညွှန်ကိုရယူရန်

  • အာလူးများကိုအေးမြပြီး လေဝင်လေထွက်ကောင်းသောနေရာတွင်သိုလှောင်ရမည်
  • အာလူးများကို အလင်းရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမရှိစေရ
  • အာလူးများကို ရေခဲသေတ္တာကဲ့သို့သော အပူချိန် ၅၀ဒီဂရီထက်နှိမ့်သောနေရာများတွင်သိုလှောင်ခြင်းသည် အာလူးရှိကစီများကို
    သကြားအဖြစ်သို့ပြောင်းလဲသွားစေပြီး ချက်ပြုတ်လိုက်သောအခါ ပိုမိုချိုသောအရသာကိုရရှိစေပြီး အာလူးအရောင်ကိုပျက်ပျယ်စေသည်။ အကယ်၍
    ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါက မချက်ပြုတ်မီတွင် အာလူးများကို အခန်းအပူချိန်တွင်ပူနွေးလာအောင်ထားခြင်းဖြင့်
    အရောင်ပျက်ပျယ်ခြင်းကိုလျှော့ချနိုင်သည်
  • အပူချိန်မြင့်မားသောနေရာများ (မီးဖိုအောက် နှင့် ကြီးမားသောစက်ကိရိယာများဘေး) သို့မဟုတ်
    နေရောင်ခြည်များစွာရရှိသောနေရာများ(စားပွဲပေါ်)တွင် ထားခြင်းမှရှောင်ကြဉ်ပါ။
  • အပေါက်ပါသောပလက်စတစ်အိတ်များနှင့်စက္ကူအိတ်များသည် အာလူးသက်တမ်းပိုမိုကြာရှည်စေရန် အကောင်းဆုံးသောပတ်ဝန်းကျင်ကို
    ပေးစွမ်းနိုင်သည်
  • အာလူးများကိုမသိုလှောင်မီတွင် ဆေးကြောခြင်းမပြုလုပ်သင့်ပါ(မည်သည့်ထုတ်ကုန်ကိုမဆို)။ စိုထိုင်းမှုသည် ထုတ်ကုန်ကို
    ပိုမိုလျင်မြန်စွာပုပ်သိုးစေသည်။

အစို့အညှောင့်ထွက်နေသောအာလူးနှင့် အာလူးစိမ်းခြင်းကိုမည်သို့ကိုင်တွယ်မည်နည်း

အာလူးအခွံတွင်စိမ်းနေခြင်းသည် Solanine ဟုခေါ်သော ဓာတုပစ္စည်းများစုပေါင်းလာြခင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အာလူးသည်
အလင်းရောင်နှင့်ထိတွေ့မှုများပြီး သဘာဝဓာတ်ပြုခြင်းဖြစ်သည်။ Solanine သည် ခါးသက်သောအရသာကိုဖြစ်စေပြီး အလွန်အကျွံစားသုံးမိပါက
နေမကောင်းဖြစ်စေနိုင်သည်။
အခွံတွင်စိမ်းနေသောအာလူးများကိုစားသုံးခြင်းသည်သင့်ကိုအန္တရာယ်ဖြစ်စေနိုင်ပါသလား။ ဤတွင်ဆက်လက်ဖတ်ရှုပါ။
အခွံသည်အနည်းငယ်သာစိမ်းနေလျှင် စိမ်းနေသောအပိုင်းများကို ဖယ်ထုတ်ပြီး ချက်ပြုတ်စားသောက်နိုင်ပါသည်။
အာလူးတွင် အစို့အညှောင့်ထွက်ခြင်းသည် အာလူးအပင်အသစ်ပေါက်ခြင်ကြောင့်ဖြစ်သည်။ အာလူးများကို အေးမြခြောက်သွေ့ပြီး မှောင်၍
လေဝင်လေထွက်ကောင်းသောနေရာများတွင်သိုလှောင်ခြင်းဖြင့် အစို့အညှောင့်ပေါက်ခြင်းကိုလျှော့ချနိုင်သည်။
အစို့အညှောင့်များကို လှီးထုတ်ပြီး အာလူးကိုချက်ပြုတ်စားသောက်နိုင်ပါသည်။

  • အာလူးအခွံတွင်စိမ်းနေခြင်းသည် Solanine ဟုခေါ်သော ဓာတုပစ္စည်းများစုပေါင်းလာြခင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အာလူးသည်
    အလင်းရောင်နှင့်ထိတွေ့မှုများပြီး သဘာဝဓာတ်ပြုခြင်းဖြစ်သည်။ Solanine သည် ခါးသက်သောအရသာကိုဖြစ်စေပြီး အလွန်အကျွံစားသုံးမိပါက
    နေမကောင်းဖြစ်စေနိုင်သည်။
  • အခွံတွင်စိမ်းနေသောအာလူးများကိုစားသုံးခြင်းသည်သင့်ကိုအန္တရာယ်ဖြစ်စေနိုင်ပါသလား။ ဤတွင်ဆက်လက်ဖတ်ရှုပါ။
  • အခွံသည်အနည်းငယ်သာစိမ်းနေလျှင် စိမ်းနေသောအပိုင်းများကို ဖယ်ထုတ်ပြီး ချက်ပြုတ်စားသောက်နိုင်ပါသည်။
  • အာလူးတွင် အစို့အညှောင့်ထွက်ခြင်းသည် အာလူးအပင်အသစ်ပေါက်ခြင်ကြောင့်ဖြစ်သည်။ အာလူးများကို အေးမြခြောက်သွေ့ပြီး မှောင်၍
    လေဝင်လေထွက်ကောင်းသောနေရာများတွင်သိုလှောင်ခြင်းဖြင့် အစို့အညှောင့်ပေါက်ခြင်းကိုလျှော့ချနိုင်သည်။
  • အစို့အညှောင့်များကို လှီးထုတ်ပြီး အာလူးကိုချက်ပြုတ်စားသောက်နိုင်ပါသည်။

အာလူးများကိုချက်ပြုတ်ရန်အကြံပြုချက်များ

အာလူးများကိုချက်ပြုတ်ရန်ပြင်ဆင်ခြင်း
  • အာလူးများကိုဖွင့်ထားသောရေအေးအောက်တွင် ဟင်းသီးဟင်းရွက်များအတွက်သုံးသည့် စုတ်တံဖြင့် ညင်သာစွာပွတ်တိုက်ပါ။ အခွံခွာရန်အတွက် ဟင်းသီးဟင်းရွက်များအတွက် အခွံနွှာကိရိယာ သို့မဟုတ် ချွန်ထက်သောအခွံနွှာသည့်ဓားကိုအသုံးပြုပါ။
  • အာလူးများကို သန့်ရှင်းသောစဉ့်နီတုံးပေါ်တွင် လှီးပါ သို့မဟုတ် ကိုင်တွယ်ပါ။ အာလူးဟင်းလျာတွင်ပါဝင်သောအခြားပါဝင်ပစ္စည်းများဖြင့် cross contamination မဖြစ်စေရန် သင့်လျော်သောအကာအကွယ်နည်းလမ်းများကိုအသုံးပြုပါ။
  • တစ်ခါတစ်ရံတွင် လှီးထားသောမချက်ရသေးသည့်အာလူးများသည် ပန်းရောင်သို့မဟုတ် အညိုရောင်ပြောင်းလာတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အာလူးထဲရှိ ကာဘိုဟိုက်ဒြိတ်နှင့်လေထဲရှိ အောက်ဆီဂျင်တို့ ဓာတ်ပြုခြင်းကြောင့်ဖြစ်သည်။ အရောင်ပြောင်းလာသောအာလူးများသည် စားသုံးရန်ဘေးကင်းပြီး လွှတ်ပစ်လိုက်ရန်မလိုအပ်ပါ။ ချက်ပြုတ်လိုက်သောအခါတွင် ထိုအရောင်များသည်ပျက်ပြယ်သွားတတ်သည်။
  • လှီးထားသောအာလူးများ၏မူလအရောင်ကိုထိန်းသိမ်းရန် ၎င်းတို့ကိုရေအေးထဲတွင်စိမ်ပြီး သံပုရာရည် သို့မဟုတ် ရှာလကာရည်အနည်းငယ်ထည့်ကာ သိမ်းထားနိုင်သည်။ ရေတွင်ပျော်ဝင်နိုင်သောဗီတာမင်များမဆုံးရှုံးစေရန် ရေထဲတွင် နှစ်နာရီသာအများဆုံးစိမ်ပါ။ အာလူးရှိအာဟာရဓာတ်များအကြောင်းဆက်လက်လေ့လာပါ။
အာလူးမီးဖုတ်နည်း

ပြီးပြည့်စုံသောမီးဖုတ်ထားသည့်အာလူးတစ်လုံးသည် အပြင်ပိုင်းတွင်ကြွပ်ရွပြီး အလယ်တွင် မွမွလေးဖြစ်နေသည်။ အာလူးများကိုမီးဖုတ်ခြင်းသည် လွယ်ကူရိုးရှင်းသည်။ အာလူးမီးဖုတ်ရန်အတွက် သင်နှစ်သက်သောအာလူးအမျိုးအစားကို ရေဆေးပါ။ မျက်လုံးပါသောအာလူးညိုသည်၎င်း၏အရသာနှင့်အာလူးသားကြောင့်မီးဖုတ်ရန်သင့်တော်သည်။ Oven ကို ၄၀၀ဒီဂရီရောက်အောင်အပူပေးထားပါ။ အချို့သည် အပေါက်လေးများဖြစ်အောင် အာလူးကို ခက်ရင်းသို့မဟုတ်ဓားဖြင့် ထိုးသည်။ ၎င်းသည်အာလူးဖုတ်ရန်အတွက်မလိုအပ်ပါ။ ဆေးကြောပြီးနောက် အာလူးများကို သံလွင်ဆီသုတ်လိမ်းပြီးဆားနှင့် ငရုတ်ကောင်းဖြူးပါ။ လက်သီးဆုပ်အရွယ်အာလူးများကို တစ်နာရီကြာချက်ပြုတ်ပါ။ အရွယ်အစားပိုကြီးသောအာလူးများကို ပိုကြာကြာချက်ပြုတ်ပါ။ အရွယ်အစားပိုသေးသောအာလူးများအတွက် ချက်ပြုတ်ချိန်ကိုအနည်းငယ်လျှော့ချနိုင်သည်။ ပိုမိုသိရှိလိုသောအချက်အလက်များအတွက် ကျွန်ုပ်တို့၏ အာလူးများကိုမီးဖုတ်နည်းစာမျက်နှာတွင်လေ့လာနိုင်ပါသည်။

အာလူးပြုတ်နည်း

အာလူးများကိုမည်သို့ပြုတ်ရမည်နည်း။ အာလူးများကိုပြုတ်ခြင်းသည် လွယ်ကူပါသည်။ နွေရာသီတွင် ချက်ပြုတ်ရန်အာလူးသုပ်မှအစ အားလပ်ရက်များအတွက်အာလူးထောင်းများအထိ အစရှိသော ရေပန်းစားသည့် အာလူးဟင်းလျာများချက်ပြုတ်ရာတွင် အာလူးများကိုပြုတ်ခြင်းမှစတင်ပါသည်။ အာလူးများကိုပြုတ်ရန်အတွက် သင်နှစ်သက်သောအာလူးအမျိုးအစားကိုရေဆေးပါ။ အာလူးနီ ၊အာလူးဝါ သို့မဟုတ် ခရမ်းရောင် အာလူးများသည် ပြုတ်ပြီးသည့်အချိန်တွင်အာလူးပုံပန်းသွင်ပြင်ကိုထိန်းသိမ်းထားနိုင်ပြီး ချက်ပြုတ်လိုက်သောအခါ ခရင်မ်မီဖြစ်သော အာလူးသားအနေအထားကိုပေးစွမ်းနိုင်သောကြောင့် ၎င်းတို့ကိုအသုံးပြုရန်အကြံပြုသည်။ ၎င်းတို့သည် လက်သီးဆုပ်ထက်သေးပြီး အခွံပါးသောကြောင့် အကျက်မြန်သည်။ ပိုမိုအရွယ်အစားကြီးသောအာလူးများကိုအသုံးပြုပါက အာလူးများကို ကြီးမားသော အရွယ်အစားတူညီသည့်အတုံးများဖြစ်အောင်လှီးပါ။ အာလူးများကိုအလယ်အလတ် အရွယ်အိုးထဲထည့်ပြီးအာလူးများဖုံးသည်အထိ ရေ( သို့မဟုတ် ဆိုဒီယမ်နည်းသောအသားပြုတ်ရည်)ထည့်ပါ။ အလိုရှိပါက ဆားထည့်ပါ။ မီးပြင်းပြင်းဖြင့်ပြုတ်ပါ။ ၁၀မိနစ် သို့မဟုတ်နူးသည်အထိပြုတ်ပါ(ခက်ရင်းဖြင့်စမ်းသပ်ကြည့်နိုင်သည်) ထို့နောက်ရေသွန်ပြီး အာလူးများခြောက်အောင် မီးမျှင်းမျှင်းဖြင့် ၁မိနစ်ခန့်အာလူးများကို လှုပ်ပေးပါ။

အာလူးပေါင်းနည်း

အာလူးများကို ပြုတ်မည့်အစား ပေါင်းပါ သို့မဟုတ် Microwave ဖြင့်ချက်ပြုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အစားအစာများအတွင်းရှိအာဟာရဓာတ်အချို့သည် ၎င်းတို့ကိုပြုတ်ထားသောရေအတွင်းသို့ ပျော်ဝင်သွားနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍အာလူးများကိုပြုတ်မည်ဆိုလျှင် ၎င်းရေကို အာလူးထောင်းများကိုပျော့ပျောင်းစေရန် သို့မဟုတ် ဟင်းချိုများတွင်အသုံးပြုနိုင်ပါသည်။

အာလူးကင်နည်း

အာလူးများကိုမီးကင်ခြင်းသည် လွယ်ကူရိုးရှင်းပါသည်။ Oven ကို ၃၇၅°F အပူချိန်ရောက်အောင် ကြိုတင်အပူပေးထားပါ။ ကြီးမားသော ဒယ်ပြားထဲတွင် ဆီစုပ်စက္ကူခင်းထားပါ။ အာလူးများကို ရေဆေးပြီး တစ်ကိုက်စာအာလူးချောင်းများဖြစ်အောင်လှီးထားပါ။ ကြီးမားသောပန်းကန်လုံးတစ်ခုထဲတွင် အာလူးများကို ဆီ၊ဆား၊ငရုတ်ကောင်းတို့ဖြင့်လှိမ့်ပါ။ အာလူးများကို Baking sheet ပေါ်တွင် တစ်လွှာတည်းဖြစ်အောင်ခင်းပြီး အညိုရောင်သမ်းပြီး ခက်ရင်းနှင့်ထိုးကြည့်နိုင်သည့် နူးညံ့သောအနေအထားရောက်သည်အထိ မီးဖုတ်ပါ။ ပူပူလေးတည်ခင်းပါ။ အရသာရှိသောအာလူးကင်ရရှိပါပြီ။ ပိုမိုသိရှိလိုသောအချက်အလက်များအတွက် ကျွန်ုပ်တို့၏ အာလူးကင်ပြုလုပ်နည်းစာမျက်နှာတွင် လေ့လာနိုင်ပါသည်။

ပြီးပြည့်စုံသောအာလူးထောင်းပြုလုပ်နည်း

အာလူးထောင်းပြုလုပ်ခြင်းသည် ကြီးကျယ်သောအာလူးနှင့်ဆိုင်သည့်အငြင်းပွားမှုဖြစ်သည်။ ပြီးပြည့်စုံသောအာလူးထောင်း ရရှိအောင်မည်ကဲ့သို့ပြုလုပ်မည်နည်း။ အခွံနှင့်လား အခွံခွာပြီးလား။ မျက်လုံးပါသောအာလူးညို၊ အာလူးဝါ၊ အာလူးနီ သို့မဟုတ် အာလူးဖြူကို အသုံးပြုမည်လား။ သင်မည်သို့ပင်ကြိုက်နှစ်သက်စေကာမူ ကျွန်ုပ်တို့တွင် ခရင်မ်မီဖြစ်သောအာလူးထောင်းပြုလုပ်နည်းရှိပါသည်။ အာလူးများကိုအခွံခွာပြီး တူညီသောအရွယ်အစားများ ဖြစ်အောင်လှီးပါ။ အိုးတစ်ခုထဲတွင်ရေဆူအောင်တည်ထားပါ။ ထို့နောက်အာလူးများကိုထည့်ပါ။ အာလူးများကို ခက်ရင်းဖြင့်ထိုး၍ရသည်အထိ မိနစ်၃၀ကြာအောင်တည်ထားပါ။ ထို့နောက်ရေစစ်ပါ။ ရေစစ်ထားသောအာလူးများကို အိုးထဲပြန်ထည့်ပြီး မီးမျှင်းမျှင်းဖြင့်ပြန်တည်ထားပါ။ အာလူးများကို ဇွန်းသို့မဟုတ်အာလူးထောင်းသည့်ကိရိယာဖြင့် ခြေပါ။ ထောပတ်၊ cream cheese၊ နို့၊ ငရုတ်ကောင်းနှင့်ဆားထည့်ပြီး ခရင်မ်မီဖြစ်လာသည်ထိ မွှေပါ။ ပိုမိုသိရှိလိုသောအချက်အလက်မျာအတွက် ကျွန်ုပ်တို့၏ ပြီးပြည့်စုံသောအာလူးထောင်း ပြုလုပ်နည်းစာမျက်နှာတွင် လေ့လာနိုင်ပါသည်။

ကြက်သွန်ဖြူအာလူးထောင်းပြုလုပ်နည်း

အာလူးများကိုကြက်သွန်ဖြူဖြင့်တွဲဖက်၍စားသုံးခြင်းကိုကြိုက်နှစ်သက်ပါက လူ၁၀ဦးစာတည်ခင်းနိုင်သော ဤဆုရထားသော ခရင်မ်မီ ကြက်သွန်ဖြူအာလူးထောင်းပြုလုပ်နည်းကို သင်နှစ်သက်ပါလိမ့်မည်။ မျက်လုံးပါသောအာလူးညို ၃ပေါင်ခွဲကို အခွံခွာပြီးအတုံးတုံးပါ။ တူညီသောအရွယ်အစားများဖြစ်အောင်တုံးပါ။ ဒယ်ပြားထဲတွင် အာလူးများထည့်ပြီး ဆားဖြူးကာ အာလူးများမြုပ်သည်ထိရေထည့်ပါ။ Medium – high heat တွင် ဆူသည်အထိတည်ပြီး ထို့နောက် မီးကိုလျှော့ချကာ ဆက်တည်ထားပါ။ အာလူးများကို ခက်ရင်းနှင့်ထိုး၍ရသည်အထိတည်ပါ။ ခွက်နှစ်ခွက်ကို တစ်ဝက်စီအပူပေးပြီး ထောင်းထားသောကြက်သွန်ဖြူ၆မွှာကို ဒယ်ထဲထည့်ကာ ဆူသည်အထိ မီးအလယ်အလတ်ဖြင့်တည်ပါ။ မီးဖိုပေါ်မှချပြီး ရေစစ်ပါ။ အာလူးများကိုခြေပြီး ကြက်သွန်ဖြူခရင်မ်နှင့် Parmesan ၆အောင်စထည့်ပါ။ ရောသွားအောင်မွှေပေးပါ။ ၅မိနစ်ခန့်နှပ်ထားပြီးလျှင် တည်ခင်းနိုင်ပါသည်။ ကြက်သွန်ဖြူအာလူးထောင်းချက်ပြုတ်နည်းကိုလေ့လာရန်။

ပိုလျှံကြွင်းကျန်နေသောအာလူးထောင်းများကိုအသုံးပြုနည်း

အစားအစာမှဖြစ်သောရောဂါများကိုကာကွယ်ရန်အတွက် တည်ခင်းပြီး ၂နာရီအတွင်းတွင် ကျန်ကြွင်းသောအစားအစာများကို ရေခဲသေတ္တာထဲတွင် ခဲထားပါ။ မည်သည့်အစားအစာအကြွင်းအကျန်မဆို ရက်အနည်းငယ်အတွင်းတွင် ကုန်အောင်စားသုံးသင့်သည်။ ချက်ပြီးသားအာလူးများကို ခဲထားရန်အကြံမပြုလိုပါ။ အဘယ့်ကြောင့်ဆိုသော်အာလူးများသည် အပူပြန်ပေးသောအခါတွင် ပျော့ပြဲသွားသောကြောင့်ဖြစ်သည်။ အာလူးများတွင် ရေ ၈၀% ပါဝင်ပြီး ခဲလိုက်သောအခါ ၎င်းရေများသည် ကစီဓာတ်နှင့်အာဟာရဓာတ်များမှ ခွဲထွက်သွားသည်။ ပိုလျှံကျန်ကြွင်းနေသောအာလူးထောင်းချက်ပြုတ်နည်းများကိုကြည့်ရန်နှိပ်ပါ။

အာလူးများကို Microwave နည်း

Microwave ဖြင့်ဖုတ်ထားသောအာလူး

Microwave ဖြင့်ဖုတ်ထားသောအာလူး : မျက်လုံးပါသောအာလူးညို ၄လုံး (၅-၆အောင်စ) ကိုရေဆေးပါ။ ထို့နောက် အာလူးများကို ၁/၈လက်မအလျားနှင့် ၁လက်မအထူရှိသောအာလူးချောင်းများဖြစ်အောင်လှီးပါ။ Microwave နိုင်သောပန်းကန်ပြားထဲတွင်ထည့်ပါ။ မဖုံးအုပ်ပဲ မီးပြင်းပြင်းဖြင့် ၁၀မိနစ် မှ ၁၂ မိနစ်ကြာအောင် microwave ပါ။ အပူခံလက်အိတ်သုံးပြီး ပန်းကန်ပြားကို microwave ထဲမှ ထုတ်ပါ။ အာလူးချောင်းမျက်နှာပြင်တွင် ခွဲပြီး ခက်ရင်းဖြင့်မွပေးပါ။ သင်နှစ်သက်ရာ အာလူးဖုတ်toppings ဖြူးပါ။ တည်ခင်းနိုင်သည့်ပမာဏ၄ပွဲစာပြုလုပ်နိုင်သည်။ ဗီဒီယိုကြည့်ရန်။

အောင်မြင်ရသည့်အကြောင်းအရင်း : အရသာရှိသော Microwave ဖြင့်အာလူးဖုတ်ခြင်း၏ အဓိကသော့ချက်သည် အာလူးချောင်းများကို အလျားလိုက် ပါးအောင်းလှီးရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အငွေ့များသည် အာလူးများမှ ကုန်စင်အောင်ထွက်သွားပြီး ခြောက်သွေ့၍မွသောအာလူးသားကိုရရှိစေသည်။

Microwave ထားသောအာလူးထောင်း

အာလူး ၄လုံး (၅-၆အောင်စ)ကို ရေဆေးထားပြီး microwave နိုင်သောပန်းကန်ပြားထဲထည့်ထားပါ။ အာလူးကိုအပေါက်များမဖောက်ထားပါနှင့်။ ပန်းကန်ပြားကိုဖုံးအုပ်ထားပါ။ (ပလတ်စတစ်ဖြင့်ဖုံးအုပ်ထားပါက ၎င်းကို သေးငယ်သောအပေါက်လေးများဖောက်ထားပါ။) မီးပြင်းပြင်းဖြင့် ၁၀မှ ၁၂မိနစ်ကြာ microwave ပါ။ အပူခံလက်အိတ်ဖြင့် ပန်းကန်ပြားကိုmicrowave ထဲမှထုတ်ပါ။ အဖုံးကိုဂရုတစိုက်ဖယ်ရှားပြီး သေချာထောင်းပါ။ ဒိန်ချဉ်ပလိန်း ၁/၂ခွက် နှင့်အဆီထုတ်ထားသောနို့ ၁/၂ခွက်၊ ထောပတ် ၁ ၁/၂ ထမင်းစားဇွန်း၊ ဆားနှင့်ငရုတ်ကောင်းလိုသလောက်ထည့်ပါ။ လိုအပ်ပါကမီးဖိုပေါ်တွင် ၁မိနစ် သို့မဟုတ် ၂မိနစ်ခန့်ချက်ပြုတ်ပါ။ တည်ခင်းနိုင်သည့်ပမာဏ၄ပွဲစာပြုလုပ်နိုင်ပါသည်။ ဗီဒီယိုကြည့်ရန်။ Microwave ထားသောအာလူးထောင်းချက်ပြုတ်နည်းကိုလေ့လာနိုင်ပါသည်။

အောင်မြင်ရသည့်အကြောင်းအရင်း: Microwave သည် အာလူးရှိရေကို အသုံးပြုပြီးရေငွေ့များဖန်တီးသည်။ လတ်ဆတ်သောအာလူးတစ်လုံး၏ ၈၀ရာခိုင်နှုန်းခန့်သည် ရေဖြစ်သည်။ Microwave လိုက်သောအခါ ၎င်းရေများသည် ရေငွေ့များဖြစ်သွားပြီး စိုစွတ်သည့်ချက်ပြုတ်ရန်နေရာတစ်ခုကိုဖန်တီးပေးသည်။ အာလူး၏အခွံကိုအပေါက်များမဖောက်ထားသောကြောင့် ရေငွေ့များသည် အာလူးအတွင်းတွင်ထိန်းထားပြီး အားလူးများကိုအကျက်မြန်စေသည်။

Microwave ဖြင့်အာလူးကင်ခြင်း

အာလူး ၄လုံး (၅-၆အောင်စ)ကို ရေဆေးထားပါ။ ၁လက်မအတုံးလေးများဖြစ်အောင်တုံးပြီး microwave နိုင်သော ပန်းကန်ပြားထဲထည့်ပါ။ အာလူးများပေါ်တွင် သံလွင်ဆီ ထမင်းစားဇွန်း၂ဇွန်းခန့်ဖျန်းပြီး နှစ်သက်သည့်ဟင်းခတ်အမွှေးအကြိုင်ဖြူးပါ။ ဆီနှင့်ဟင်းခတ်အမွှေးအကြိုင်များ နှံ့သွားအောင် အထက်အောက်လှန်ပေးပါ။ အဖုံး သို့မဟုတ် plastic wrap ဖြင့် ဖုံးအုပ်ပါ။ ( plastic wrap အသုံးပြုလျှင် ၎င်းကို အပေါက်လေးများဖောက်ပေးပါ) မီးပြင်းပြင်းဖြင့် ၁၀မိနစ်ခန့် microwave ပါ။ အပူခံလက်အိတ်ဖြင့် ပန်းကန်ပြားကို microwave ထဲမှထုတ်ပါ။

အောင်မြင်ရသည့်အကြောင်းအရင်း : Microwave မှ စွမ်းအင်များသည် သံလွင်ဆီပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး အပူချိန်ကို သမားရိုးကျ Oven တွင်တွေ့ရသောအပူချိန်အထိမြင့်တင်သည်။ ဤအဖြစ်အပျက်သည် အာလူးများကို microwave oven ထဲတွင် အနည်းငယ်အညိုရောင်သမ်းစေသည်။ Plastic wrap ကိုအသုံးပြုပါက ၎င်းတွင်အပေါက်လေးများဖောက်ထားခြင်းဖြင့် စိုစွတ်သောပတ်ဝန်းကျင်ကိုဖန်တီးပေးပြီး ဖိအားကိုလျော့ကျစေသည်။

Microwave ထားသော Potato Casserole

ပါဝင်ပစ္စည်းများ: ပါးပါးလှီးထားသော အာလူးဝါ ၁ ၁/၄ပေါင်၊ လေးစိတ်စိတ်ပြီး ပါးပါးလှီးထားသောကြက်သွန်နီ ၁ခွက်၊ အမျှင်ဖြစ်အောင်လုပ်ထားသော အဆီထုတ်ထားသည့် Cheddar cheese ၁ခွက်၊ Italian herb ဟင်းခတ်အမွှေးအကြိုင် ၁/၂ လက်ဖက်ရည်ဇွန်း၊ အရိုးပြုတ်ရည် သို့မဟုတ် ဆိုဒီယမ်နည်းသည့်ဟင်းရည် ၁/၂ခွက်၊ Dijon mustard ၁ ၁/၂ လက်ဖက်ရည်ဇွန်း၊ garlic salt ၁/၂ လက်ဖက်ရည်ဇွန်း
၈လက်မအရွယ်ရှိသည့်မုန့်ဖုတ်ဗန်းကို nonstick cooking spray ဖြင့် ဖြန်းပါ။ အာလူး ၃ပုံ၁ပုံ နှင့် ကြက်သွန်နီ တစ်ဝက်ကိုဗန်းအောက်ခြေတွင်ခင်းပြီး ချိစ် ၃ပုံ၁ပုံ နှင့် ဟင်းခတ်အမွှေးအကြိုင်တစ်ဝက်ဖြူးပါ။ ထိုအလွှာများကိုထပ်လုပ်ပါ။ ထို့နောက် နောက်ဆုံးကျန်သောအာလူး၃ပုံ၁ပုံကိုအပေါ်မှဖြူးပြီး ဟာကွက်များမရှိစေရန်သေချာခင်းပါ။ ကျန်သောချိစ်များဖြူးပါ။ အရိုးပြုတ်ရည်၊ Dijon နှင့် garlic salt တို့ကိုရောမွှေပြီး အာလူးများအပေါ်လောင်းချပါ။ Plastic wrap ဖြင့်ဖုံးအုပ်ပြီး microwave ထဲတွင် မီးပြင်းပြင်းဖြင့် မိနစ် ၂၀ခန့်ထားပါ။ အပူခံလက်အိတ်ဖြင့် ဗန်းကို microwave ထဲမှထုတ်ပါ။ ရေငွေ့များကိုဂရုပြုပြီး အဖုံးကိုဖယ်ရှားပါ။ ထို့နောက်တည်ခင်းပါ။ တည်ခင်းနိုင်သည့်ပမာဏ ၆ပွဲပြုလုပ်နိုင်ပါသည်။ ဗီဒီယိုကြည့်ပါ။

အောင်မြင်ရသည့်အကြောင်းအရင်း : Microwave ၏စွမ်းအင်သည် ချိစ်၏အပူချိန်ကို conventional oven ၏အပူချိန်အတိုင်းမြှင့်တင်ပေးသောကြောင့် ချိစ်နှင့်အာလူးများကို အနည်းငယ်အညိုရောင်သမ်းစေသည်။ အကယ်၍ plastic wrap ကိုအသုံးပြုပါက ၎င်းသည် ပါဝင်ပစ္စည်းများကိုမထိနေရန်ဂရုပြုပြီး လေလုံသောအဖုံးသည် သင့်တော်သော cooking environment အတွက် ဖိအားများစေသောကြောင့် အဖုံးကို အပေါက်ငယ်တစ်ပေါက်ဖောက်ထားပေးရမည်။