fbpx

Potato Types

အာလူးအမျိုးအစားများ

အာလူးအမျိုးအစားဘယ်နှမျိုးရှိပါသလဲ။

အမေရိကန်နိုင်ငံတွင်ရောင်းချနေသောအာလူးအမျိုးပေါင်း ၂၀၀ကျော်ရှိပါသည်။
ယင်းမျိုးကွဲများကို မျက်လုံးပါသောအာလူးညို၊ အာလူးနီ၊ အာလူးဖြူ၊ အာလူးဝါ၊ အပြာရောင်ခရမ်းရောင်အာလူး၊ လက်ချောင်းသဏ္ဍာန်အာလူးနှင့် အာလူးပုများဟူသောအမျိုးအစား ၇ခုတွင်ထည့်သွင်းနိုင်ပါသည်။ အာလူးအမျိုးအစားတစ်ခုချင်းစီ၏ ပင်ကိုလက္ခဏာများနှင့် ချက်ပြုတ်ခြင်းအကြံပြုချက်များကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

လတ်ဆတ်သောအာလူးထုတ်ကုန်များနှင့်ဆိုင်သောအချက်အလက်များနှင့် နည်းပညာပိုင်းဆိုင်ရာအသေးစိတ်ဖော်ြပချက်များအတွက် ကျွန်ုပ်တို့၏ အာလူးနှင့်ဆိုင်သောလမ်းညွှန်ချက်များကို ရယူလိုက်ပါ။

အာလူးအမျိုးအစားများနှင့်အကြံပြုချက်များဗီဒီယိုစုစည်းမှု

အာလူးအမျိုးအစားတစ်ခုချင်းစီ၏ တစ်မူထူးခြားချက်များကို ကျွန်ုပ်တို့၏ အာလူးအမျိုးအစားများဗီဒီယိုစာမျက်နှာတွင် လေ့လာနိုင်ပါသည်။

အာလူးအမျိုးအစားများ : မတူညီသောအာလူးအမျိုးအစားများဖြင့်ချက်ပြုတ်ခြင်း

 

ရေပန်းစားသောအာလူးအမျိုးအစားများ အာလူးဝါ၊ လက်ချောင်းသဏ္ဍာန်အာလူးနှင့် ခရမ်းရောင်အာလူးများ

မတူညီသောအာလူးအမျိုးအစားများကိုအသုံးပြုထားသော အာလူးဟင်းလျာ ၄ မျိုး‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎ ‎‎ ‎ ‎‎ ‎ ‎ ‎ ‎ ‎ ‎

ထုတ်လုပ်မှု၏အလွန်ရှိအာလူးအမျိုးအစားများ

Frozen Potato Types

Frozen Potato Types

အေးခဲအာလူးများ

ကုန်စုံဆိုင်ကြီးများ၏ အေးခဲပစ္စည်းများထားသောအတန်းကိုလျှောက်သွားကြည့်ပါက wedges ၊ shreds ၊ hash brownများနှင့် tots ၊ အာလူးပြား၊ အာလူးတုံး၊ crinkle cut နှင့် ဇကာကွက်အာလူးကြော်များစသော မတူညီသည့်အေးခဲအာလူးရွေးချယ်စရာများကို တွေ့နိုင်ပါသည်။ လတ်ဆတ်သောအာလူးများရှိ အရသာနှင့်အာဟာရဓာတ်များကိုထိန်းထားနိုင်ရန်နှင့် သက်တမ်းပိုမိုကြာရှည်စေရန် ဤထုတ်ကုန်များကိုအလျင်အမြန်ချက်ချင်းအေးခဲထားသည်။ မနက်စာ၊ နေ့လည်စာ၊ ညစာ သို့မဟုတ် သရေစာပြုလုပ်ရန်အတွက် အေးခဲအာလူးများကို မီးဖုတ်ခြင်းသည် အချိန်ကုန်သက်သာစေသည်။

Croquettes with Chipotle Sauce

Croquettes with Chipotle Sauce

ရေဓာတ်ထုတ်ထားသော/အသင့်စားအာလူးများ

ရေပန်းစားနေသောအမြင်များကိုဆန့်ကျင်လျက် ကုန်စုံဆိုင်ကြီးများ၏ အလယ်တန်းတွင်တွေ့ရသော ဘူးထဲရှိ ရေဓာတ်ထုတ်ထားသော/ အသင့်စားအာလူးများသည် အာလူးအစစ်များဖြစ်သည်။ အရည်အသွေးမြင့်သော ရေဓာတ်ထုတ်ထားသော/ အသင့်စားအာလူး ထုတ်ကုန်များကို ပြုလုပ်ရန်အတွက် လတ်ဆတ်သောအာလူးများသည် အဆင့်မြင့်လုပ်ငန်းစဉ်အဆင့်ဆင့်ကိုဖြတ်သန်းရသည်။ စေ့စပ်သေချာသောနည်းပညာအဆင့်ဆင့်ကိုအသုံးပြုထားသောကြောင့် ရေဓာတ်ထုတ်ထားသော/အသင့်စားအာလူးထုတ်ကုန်များသည် အာဟာရဓာတ်များကို ထိန်းသိမ်းထားနိုင်သည်။ ရေဓာတ်ထုတ်ထားသော/အသင့်စားအာလူးများသည် သိသာသောပိုတက်ဆီယမ်တန်ဖိုးနှင့် ဗီတာမင်ဘီအချို့နှင့် သံဓာတ်အပါအဝင် အခြားဗီတာမင်နှင့်သတ္တုဓာတ်များ၏ ပမာဏအနည်းငယ်ပေးစွမ်းနိုင်သည်။

French Fries

French Fries

အာလူးချောင်းများ

အာလူးချောင်းများကို လတ်ဆတ်သောအာလူးဖြူများမှပြုလုပ်ထားသည်။ မတူညီသည့်နည်းလမ်းများဖြင့်ပြင်ဆင်ထားသောအာလူးများ ကဲ့သို့ အာလူးချောင်းများသည်လည်း လိုအပ်သည့်အာဟာရဓာတ်များကိုပေးစွမ်းနိုင်ပြီး ကျန်းမာရေးနှင့်ပိုမိုညီညွတ်သောဆီများဖြင့် ပြင်ဆင်ချက်ပြုတ်လာကြသည်။ ဤအာဟာရပြည့်ဝပြီး ရေပန်းစားသောဟင်းသီးဟင်းရွက်သည် ဓာတ်စာလမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန်အတွက် အာဟာရဆိုင်ရာသိပ္ပံနှင့်နည်းပညာတီထွင်မှုများက စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိပါသည်။ အသင့်အတင့်သာစားသုံးလျှင် အာလူးချောင်းများသည်လည်း ကျန်းမာရေးနှင့်ညီညွတ်ပြီး သင့်တင့်မျှတသည့်စားသောက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါသည်။