fbpx

အာလူးနှင့်ဆိုင်သောစိတ်ဝင်စားဖွယ်ရာအချက်များ

အာလူးနှင့်ဆိုင်သောအချက်များ : အာလူးများ၏ဇာတ်မြစ်

နှစ်ရှည်ခံ Solanum tuberosum ဖြစ်သော အာလူးသည် ကမာ္ဘပေါ်တွင် ဆန်၊ ဂျုံ၊ ပြောင်းတို့နောက် စတုတ္ထမြောက် အများဆုံးစိုက်သော စိုက်ပျိုးသီးနှံဖြစ်သည်။

ပီရူးနိုင်ငံရှိ Inca Indians များသည် အာလူးများကို ဘီစီ၈၀၀၀ မှ ဘီစီ၅၀၀၀ဝန်းကျင်တွင် အာလူးများကို ပထမဆုံးပျိုးထောင်စိုက်ပျိုးခဲ့သည်။ စပိန်အောင်နိုင်သူများသည် ၁၅၃၆ခုနှစ်တွင် ပီရူးကိုသိမ်းပိုက်ပြီးနောက် အာလူး၏အရသာကိုရှာဖွေတွေ့ရှိကာ ဥရောပသို့သယ်ဆောင်သွားခဲ့သည်။

Sir Walter Raleigh သည် ၁၅၈၉ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ Corkမြို့အနီးရှိ ဧက၄၀၀၀၀ကျယ်သောမြေတွင် အာလူးများကို စိုက်ပျိုးခဲ့သည်။ ဥရောပနိုင်ငံများတွင် အာလူးပျံ့နှံ့ရန် ဆယ်စုနှစ်လေးစုနီးပါးကြာမြင့်ခဲ့သည်။

အာလူးများသည် အခြားအခြေခံသီးနှံများဖြစ်သော ဂျုံနှင့် အုတ်ဂျုံများထက် စိုက်ပျိုးကြီးထွားရန်ပိုမိုလွယ်ကူကြောင်း ဥရောပနိုင်ငံများရှိ စိုက်ပျိုးရေးပညာရှင်များ တဖြေးဖြေးနှင့် တွေ့ရှိလာခဲ့သည်။ အဓိကအားဖြင့် အာလူးများတွင် အာဟာရအတွက်လိုအပ်သော ဗီတာမင်များပါဝင်ပြီး တစ်ဧကလျှင် လူ၁၀ဦးနီးပါးကိုကျွေးမွေးနိုင်ကြောင်းတွေ့ရှိလာကြသည်။

အာလူးရှိအာဟာရဓာတ်များကိုလေ့လာရန်

အမေရိကန်နိုင်ငံရှိအာလူးများ

အာလူးနှင့်ဆိုင်သောအချက်အလက်များ - အာလူးများအကြောင်းလေ့လာခြင်း

Bermuda ဘုရင်ခံ Nathaniel Butler သည် ၁၆၂၁တွင် ဗာဂျီးနီးယားပြည်နယ်၊ Jamestown ဘုရင်ခံ Francis Wyatt ဆီသို့ အာလူးများနှင့် အခြားဟင်းသီးဟင်းရွက်များပါဝင်သည့် ကြီးမားသောသေတ္တာ၂လုံး ပို့ပေးခဲ့သောအခါမှ အာလူးများသည် ကိုလိုနီနိုင်ငံများသို့ ရောက်ရှိလာခဲ့သည်။ မြောက်အမေရိကတွင် ပထမဆုံးသောအတည်တကျအာလူးစိုက်ခင်းကို ၁၇၁၉ခုနှစ်တွင်မှစတင်စိုက်ပျိုးခဲ့ပြီး Londonderry (Derry), NH အနီးတွင် စကော့-အိုင်းရစ်လူမျိုးမှစတင်စိုက်ပျိုးခဲ့သည်။ ထိုမှတဆင့်အာလူးများသည် နိုင်ငံတစ်ဝှမ်းသို့ ပျံ့နှံ့သွားသည်။

 

၁၈ရာစုတွင် A. Parmentier သည် အာလူးများပြင်သစ်တွင် တွင်ကျယ်လာစေရန် King Louis XIV ကိုကူညီခဲ့သည်။ Parmentier သည် ဂျာမန်နိုင်ငံတွင်ထောင်ကျနေစဉ် အာလူးများသာစားခဲ့ရသည်ကို မှတ်ယူပြီး အာလူးဟင်းပွဲများသာချက်ပြုတ်ထားသော စားပွဲတစ်ခုကိုပြုလုပ်ခဲ့သည်။ ၁၇၆၇ခုနှစ်တွင် ပြင်သစ်နိုင်ငံ သံအမတ် Benjamin Franklin သည် Parmentier ၏စားပွဲသို့ တက်ရောက်ခဲ့သည်။

သင်သိပါသလား

လက်ရှိတွင်အာလူးအများဆုံးထုတ်လုပ်နေသော Idaho ပြည်နယ်သည် ၁၈၃၆ခုနှစ်တွင် သာသနာပြုများသည် မျိုးနွယ်စုများ အမဲလိုက်မည့်အစား သီးနှံများစိုက်ပျိုးတတ်စေရန် သင်ကြားပေးရန်အတွက် အနောက်ဘက်သို့ပြောင်းရွေ့လာသောအချိန်ထိ အာလူးများကိုမစိုက်ပျိုးသေးပေ။ Idaho အာလူးစီးပွားရေးကို တိုးတက်အောင်မြင်စေခဲ့သော Russet Burbank အမျိုးအစားကို ၁၈၇၂ခုနှစ်မှ ပျိုးထောင်နိုင်ခဲ့သည်။

၁၉၉၅ခုနှစ်‌ အောက်တိုဘာလတွင် အာလူးများသည် အာကာသတွင် ပထမဆုံးစိုက်ပျိုးသောဟင်းသီးဟင်းရွက်တစ်ခုဖြစ်လာသည်။ NASA နှင့် University of Wisconsin, Madison တို့သည် ကြာမြင့်လှသည့် အာကာသခရီးစဉ်များတွင် အာကာသယာဉ်မှူးများအား ကျွေးမွေးရန်နှင့် အနာဂါတ်တွင်အခြားအာကာသလုပ်သားများကိုပါကျွေးမွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နည်းပညာကိုတည်ထွင်ခဲ့သည်။

Potato Facts About French Fries

Potato Facts About French Fries

အာလူးချောင်းကြော်များ

သမိုင်းအကျဉ်းချုပ်

Thomas Jefferson သည် ၁၈၀၁-၁၈၀၉ခုနှစ် ၎င်း၏ သမ္မတသက်တမ်းအတွင်း ပြုလုပ်သော အိမ်ဖြုတော်ညစာစားပွဲတွင် အာလူးချောင်းကြော်များကို အမေရိကန်နိုင်ငံသားများသို့ မိတ်ဆက်ပေးခဲ့သည်။ ပြင်သစ်ဘုရင် Louis Phillipe ( ၁၈၃၀ မှ ၁၈၄၈ ခုနှစ်ထိစိုးစံခဲ့) ၏ စားဖိုမှူး Collinet သည် တစ်ညတွင် ဘုရင်ကြီး ညစာစားရန်နောက်ကျမှရောက်လာသောကြောင့် ကြော်ပြီးသားအာလူးကြော်များကို ဆီပူပူထဲတွင်ထပ်မံအပူပေးမိရာမှ မထင်မှတ်ပဲ soufflés ( သို့မဟုတ် ဖောင်းပွနေသော) အာလူးကိုဖန်တီးခဲ့သည်။ အာလူးများသည် ပူဖောင်းသေးသေးလေးများကဲ့သို့ဖောင်းပွနေသည်ကို စားဖိုမှူးလည်း အံ့အားသင့်ခဲ့ပြီး ဘုရင်ကြီးလည်းနှစ်ခြိုက်ခဲ့သည်။ ၁၈၅၃ခုနှစ်တွင် မီးရထားလမ်းစီးပွားရေးလုပ်ငန်းရှင်ကြီး Commodore Cornelius Vanderbilt သည် နယူးယောက်မြို့ရှိ လှပသော Saratoga Springs resort တွင် ၎င်းမှာထားသောအာလူးကြော်ကို လှီးထားသည်မှာအလွန်ထူကြောင်း တိုင်တန်းခဲ့ပြီး မီးဖိုချောင်တွင်ပြန်လည်ပြင်ဆင်ခိုင်းခဲ့သည်။ မာနကြီးသောဧည့်သည်အတွက် စားဖိုမှူး George Crum သည်အာလူးများကို စက္ကူများကဲ့သို့ပါးပါးလေးတမင်တကာလှီးပြီး ဆီပူထဲတွင်ကြော်ကာ ဆားဖြူးပြီးတည်ခင်းခဲ့သည်။ မထင်မှတ်ဘဲ Vanderbilt သည် “Saratoga အာလူးပြားကြော်မွမွလေး” ကိုကြိုက်နှစ်သက်ခဲ့ပြီး ထိုအချိန်မှစ၍ အာလူးပြားကြော်များသည်နာမည်ကြီးလာခဲ့သည်။