Side Dish
U.S. အာလူးနှင့်ဆိတ်သားအဆာသွတ်
No Reviews
Serves: ၂ ယောက်စာ
Ingredients
ပါဝင်ပစ္စည်းများ
- ဆိတ်သားနုပ်နုပ်စဉ်း - ၁၅၀ ဂရမ်
- U.S. Potato Flakes - ၃၀၀ ဂရမ်
- ကြက်သွန်နီနုပ်နုပ်စဉ်း - ၅၀ ဂရမ်
- ဇီယာမှုန့် - ၃၀ ဂရမ်
- နံနံစေ့မှုန့် - ၃၀ ဂရမ်
- ဆား - ၅ ဂရမ်
- ငရုတ်ကောင်းမှုန့် - ၃ ဂရမ်
- ကြက်ဥ - ၂ လုံး
- ဟင်းချက်ဆီ - ၂၀၀ မီလီလီတာ
Salad အတွက် ပါဝင်ပစ္စည်းများ
- Frisee ဆလပ်ရွက် - ၅၀ ဂရမ်
- ဆလတ်ရွက်အစိမ်းရောင် - ၅၀ ဂရမ်
- ဆလတ်ရွက်အညိုရောင် - ၅၀ ဂရမ်
- ရိုမိန်းဆလတ်ရွက်အသေး - ၅၀ ဂရမ်
- ချယ်ရီခရမ်းချဉ်သီးအသေး - ၂၀ ဂရမ်
- သံလွင်သီးအမဲနှင့်အစိမ်း - ၂၀ ဂရမ်
- သံလွင်ဆီ - ၂၀ မီလီလီတာ
- သံပုရာရည် - ၁၀ ဂရမ်
- ဆား - ၃ ဂရမ်
- ငရုတ်ကောင်းမှုန့် - ၂ ဂရမ်
Preparation
ပြုလုပ်ပုံအဆင့်ဆင့်
- ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးလျှင် ဟင်းချက်အိုးထဲတွင် ဆီ ၅၀ မီလီလီတာကိုထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ ပြီးလျှင် ဆိတ်သားနုပ်နုပ်စဥ်းကိုထည့်၍ လုံးပေးပါ။ ထို့နော်ဇီယာမှုန့် ၊ ဆား ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာစပ်ပါ။ အရသာရလျှင် မီးပိတ်ပြီး အအေးခံထားပါ။
- S. Potato Flakes ကို ဆား ၊ ငရုတ်ကောင်းဖြင့်နယ်ပြီး ရေနွေးနွေးဖြင့် နှံ့အောင်နယ်ပါ။ အရမ်းမပျော့ပါစေနှင့်။ အနေတော်စေးစေးလေးဖြစ်အောင်မွှေပါ။ ထို့နောက် ၅၀ ဂရမ်အလုံးလေးများလုံးပြီး ချက်ထားသောဆိတ်သားကို လိုသလိုအဆာသွတ်ပေးပါ။
- အထက်တွင်ဖော်ပြခဲ့သောအဆင့်များပြီးလျှင် ကြက်ဥနှစ်လုံးကို ယူ၍ အရသာထည့်ပြီး ခလောက်ထားပါ။ အိုးကို အပူပေးပြီး ဆီ ၁၅ မီလီလီတာကို ထည့်ပြီး မီးအေးအေးဖြင့်အပူပေးထားပါ။ ဆီပူလာလျှင် ပြင်ဆင်ထားသော အာလူးအဆာသွတ်ကို ကြက်ဥရည်နှစ်ပြီး မီးအေးအေဖြင့် ကြော်ပါ။ ရွှေရောင်သမ်းလာလျှင် အသင့်ပြင်ဆင်ထားသော ဆလတ်ရွက်နှင့်သုံးဆောင်နိုင်ပါသည်။
- ဆလတ်ရွက်ပြင်ဆင်ရန်အတွက် ဆလတ်ရွက်အားလုံးကို ရေစင်အောင်နှစ်ခါသုံးခါပြန်ဆေးပြီး ရေစစ်ထားပါ။ အခြားပါဝင်ပစ္စည်းများကိုလည်း ရေဆေးပြီး လိုသလိုလှီးထားပါ။ ပြီးလျှင် သံပုရာရည် ၊ သံလွင်ဆီ ၊ ဆား ၊ ငရုတ်ကောင်းတို့ကို အချိုးကျထည့်ပြီး မွှေပေးပါ။ ထို့နောက်ဆလတ်ရွက်နှင့်ရောနယ်၍ စားသုံးနိုင်ပါသည်။