ကာဘိုဟိုက်ဒြိတ်
အာလူးများသည် ကာဘိုဟိုက်ဒြိတ်ကြွယ်ဝပါသလား။
အာလူးများသည် ကာဘိုဟိုက်ဒြိတ်ကြွယ်ဝပါသည်။ အာလူးများသည် ကာဘိုဟိုက်ဒြိတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။
- အခွံမခွာထားသော အလယ်အလတ် ( ၅.၂အောင်စ) အာလူးတွင် ကာဘိုဟိုက်ဒြိတ် ၂၆ဂရမ်ပါဝင်သည်။
- အာလူးများတွင်အဓိကပါဝင်သော ကာဘိုဟိုက်ဒြိတ်မှာ ကစီဓာတ်ဖြစ်ပြီး ၄င်းသည် ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း တစ်ခုဖြစ်သည်။
- ကာဘိုဟိုက်ဒြိတ်သည် ဦးနှောက်နှင့် ကြွက်သားများအတွက် အဓိကလောင်စာအရင်းအမြစ်ဖြစ်ပြီး သင့်မြတ်သော ကိုယ်ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုများအတွက် အရေးပါသည်။
- အာလူးများတွင် ကာဘိုဟိုက်ဒြိတ်ကြွယ်ဝစွာပါဝင်သောကြောင့် ထမင်း၊ ပါစတာခေါက်ဆွဲ၊ ပေါင်မုန့် ကဲ့သို့သော ဂျုံ၊ စပါးစသည်တို့နှင့် အမျိုးအစားတူညီသည်ဟုခွဲခြားကြသော်လည်း USDA ၏ My Plate guidelines နှင့် USDA နှင့် the U.S. Department of Health and Human Servicesတို့ ပူးတွဲ ပုံနှိပ်ထုတ်ဝေထားသော 2015-2020 Dietary Guidelines for Americans အရ အာလူးများကို ဟင်းသီးဟင်းရွက်အဖြစ် တရားဝင်သတ်မှတ်ထားသည်။
- ပြောင်းဖူးနှင့်ပဲစိမ်းကဲ့သို့သော ဟင်းသီးဟင်းရွက်များအတိုင်း ဟင်းသီးဟင်းရွက်များထဲတွင် အာလူးများသည် ကစီဓာတ် ကဲသောဟင်းသီးဟင်းရွက်ဖြစ်သည်။
- ကာဘိုဟိုက်ဒြိတ်များသာမက အာလူးများတွင် အဓိကအာဟာရဓာတ်များဖြစ်သော ပရိုတင်းနှင့် ဗီတာမင်နှင့် သတ္တုဓာတ်အမျိုးမျိူးပါဝင်သည်။
- အာလူးများသည် အကောင်းဆုံးသော ဗီတာမင်-စီ(နေ့စဉ်လိုအပ်ချက်၏ ၄၅% ) အရင်းအမြစ်ဖြစ်ပြီး ဗီတာမင်-ဘီ6 (နေ့စဉ်လိုအပ်ချက်၏ ၁၀%) နှင့် ပိုတက်ဆီယမ် (နေ့စဉ်လိုအပ်ချက်၏ ၁၈%) တို့အတွက်ကောင်းမွန်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ ၄င်းတို့တွင် အဆီ၊ ကိုလက်စထရောဓာတ်နှင့် ဆိုဒီယမ်ဓာတ်များမပါဝင်ဘဲ နေ့စဉ်လိုအပ်သော အမျှင်ဓာတ်၏ ၇% ကိုပေးစွမ်းသည်။
- ယခုအခါတွင် ကစီဓာတ်ကဲသောဟင်းသီးဟင်းရွက်များအပါအဝင် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းသည် 2015-2020 Dietary Guidelines for Americansမှ အကြံပြုထားသောစားသုံးမှုပမာဏ၏ ၈၀%အောက်နည်းနေသည်။
PDF ဖိုင်ရယူရန် : အာလူးများနှင့်ကာဘိုဟိုက်ဒြိတ်များ→
ကိုးကားချက်များ
1. Woolfe JA. The Potato in the Human Diet. New York: Cambridge University Press. 1987, pp10.
2. Nutrition and Athletic Performance. Position of the Academy for Nutrition and Dietetics, American College of Sports Medicine and the Dieticians of Canada. Med Sci Sports Excerc. 2015; 48:543-568.
3. U.S. Department of Health and Human Services and U.S. Department of Agriculture. 2015 – 2020 Dietary Guidelines for Americans. 8th Edition. December 2015. Available at http://health.gov/dietaryguidelines/2015/guidelines/