ရေဓာတ်ထုတ်ထားသောအာလူးများ
ရေဓာတ်ထုတ်ထားသောအာလူးများကို တကယ့်အာလူးအစစ်များမှပြုလုပ်ထားပါသလား
ရေဓာတ်ထုတ်ထားသောအာလူးများကို တကယ့်အာလူးအစစ်များမှ ရေကိုဖယ်ရှားပြီး ပြုလုပ်ထားပါသည်။
အချက်အလက်များ
- အမေရိကန်နိုင်ငံရှိ ရေဓာတ်ထုတ်ထားသောအာလူးများကို ပုံမှန်အားဖြင့် မျက်လုံးပါသောအာလူးညို၊ အာလူးနီနှင့်အာလူးဝါတို့မှပြုလုပ်ထားသည်။ ၎င်းတို့သည် အရည်အသွေးမြင့်မားသော ရေဓာတ်ထုတ်ထားသည့် အာလူးထုတ်ကုန်များ ဖန်တီးရန်အတွက် ရေဓာတ်ထုတ်သည့်လုပ်ငန်းစဉ် (ရေကိုဖယ်ရှားခြင်း) ကိုဖြတ်သန်းရပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းပြီးလျှင် လတ်ဆတ်သောသဘာဝ အာလူးသားအနေအထားနှင့် အရသာကိုထိန်းသိမ်းထားနိုင်သည်။
- ရေထည့်ခြင်းဖြင့် ထုတ်ကုန်များကို အလွယ်တကူ ရေဓာတ်ပြန်လည်ဖြည့်တင်းနိုင်ပြီး အများစုကို ချက်ချင်းတည်ခင်းနိုင် သော်လည်း အချို့ထုတ်ကုန်များကိုမူ ရေဓာတ်ပြန်လည်ဖြည့်တင်းပြီးလျှင် အအေးခံရသေးသည်။ အာလူးအတုံးများ၊ အလွှာပြားများ၊ အမျှင်များ၊ ပွင့်ဖတ်များ၊ အမှုန်များနှင့် အာလူးဂျုံမှုန့်များအပါအဝင် ရေဓာတ်ထုတ်ထားသော အာလူးထုတ်ကုန်များကို ကမ္ဘာအနှံ့ရှိ စားသောက်ဆိုင်များ၊ အသင့်စားဖွယ်များရောင်းချသည့်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ အဖွဲ့အစည်းများ၊ မုန့်တိုက်များ၊ သရေစာထုတ်လုပ်မှုများနှင့် အိမ်များတွင် အသုံးပြုကြသည်။
- ပိုမိုအဆင်ပြေသောထုတ်ပိုးမှုများဖြင့် ရေဓာတ်ထုတ်ထားသောအာလူးထုတ်ကုန်များသည် အာလူးများကဲ့သို့ အရသာ၊ အာဟာရဓာ်နှင့် စွယ်စုံအသုံးပြုနိုင်ခြင်းတို့ကို ပေးစွမ်းနိုင်ပြီး ဟင်းချိုနှင့်အသုပ်များမှအစ အဓိကဟင်းပွဲများနှင့် အချိုပွဲများအထိ အကုန်လုံးတွင်အသုံးပြုနိုင်သော အကောင်းဆုံးထုတ်ကုန်ဖြစ်သည်။
- ရေဓာတ်ထုတ်ထားသောအာလူးများအပါအဝင် အာလူးပုံစံအမျိုးမျိုးတို့သည် သင်အကောင်းဆုံးလှုပ်ရှားဆောင်ရွက်ရန် လိုအပ်သော ကာဘိုဟိုက်ဒြိတ်၊ ပိုတက်ဆီယမ် နှင့် စွမ်းအင်တို့ကိုပေးစွမ်းနိုင်သည်(အာဟာရဓာတ်တန်ဖိုးများကို စာမျက်နှာ ၂ ရှိဇယားတွင်ဖော်ပြထားသည်)။ ၎င်းတို့ကို လတ်ဆတ်သောအာလူးများမှပြုလုပ်ထားသောကြောင့် ရေဓာတ်ထုတ်ထားသော အာလူးများသည်လည်း လတ်ဆတ်သောအာလူးများနှင့်တူညီသောအာဟာရဓာတ်များ ( ပိုတက်ဆီယမ်၊ ဗီတာမင်-စီ နှင့် အမျှင်ဓာတ်ကဲ့သို့သော) ကိုပေးစွမ်းနိုင်သည်။
- ရေဓာတ်ထုတ်ထားသောအာလူးပွင့်ဖတ်များဖြင့်ပြုလုပ်ထားသော အာလူးထောင်းတစ်ပွဲ (၁၀၀ဂရမ်)သည် ၁၁၃ကယ်လိုရီ၊ ကာဘိုဟိုက်ဒြိတ် ၁၅ဂရမ်၊ အမျှင်ဓာတ် ၂.၃ဂရမ်၊ ဗီတာမင်- စီ ၉.၇ဂရမ် နှင့် ပိုတက်ဆီယမ် ၂၂၃ မီလီဂရမ်ကိုပေးစွမ်းနိုင်သည်။
မှတ်ချက် :CHO သည် ကာဘိုဟိုက်ဒြိတ်ကိုရည်ညွှန်းပြီး K+ သည် ပိုတက်ဆီယမ်ကိုရည်ညွှန်းသည်။
PDF ဖိုင်ရယူရန် : ရေဓာတ်ထုတ်ထားသောအာလူးများ
ကိုးကားချက်များ
1. US Department of Agriculture, Agricultural Research Service, Nutrient Data Laboratory. USDA National Nutrient Database for Standard Reference, Release 28 (Slightly revised). Version Current: May 2016. Internet: http://www.ars.usda.gov/ba/bhnrc/ndl