fbpx

အာဟာရဓာတ်

ဆန်းသစ်သောစိတ်ကူးများအတွက်မှတ်စု

အာလူးများတွင်ပါဝင်သော Lectins

အာလူးများတွင်ပါဝင်သော Lectins များနှင့် ပက်သက်၍ စိုးရိမ်ရန်လိုအပ်ပါသလား။

Lenctins များသည် အာလူးများအပါအဝင် အပင်မှရသောအစားအစာအများစုတွင် သဘာဝအတိုင်းပါဝင်သော ပရိုတင်းတစ်မျိုးဖြစ်သည်။ အစိမ်းစားသုံးလျှင် သို့မဟုတ် ပမာဏများများစားသုံးလျှင် အဆိပ်သင့်နိုင်သည်ဟုယူဆထားကြသော်လည်း Lectins များကို ချက်ပြုတ်ခြင်းနှင့်အဆင့်ဆင့်စီမံပြုလုပ်ခြင်းဖြင့် အလွယ်တကူဖျက်ဆီးနိုင်သည်။ အာလူးများကို အစိမ်းစားသုံးခြင်းသည် လွန်စွာရှားပါးသည်။ ထို့ကြောင့် Lectins ပါဝင်သည့် ချက်ပြုတ်ထားသော အစားအစာများ (အာလူးများအပါအဝင်) ကို ပုံမှန်အတိုင်းအတာ သာ စားသုံးခြင်းသည် လူအများစုအတွက် ကျန်းမာရေးထိခိုက်နိုင်ချေ အလွန်နည်းပါသည် သို့မဟုတ် လုံးဝမထိခိုက်စေနိုင်ပါ။

အကြောင်းရင်းဇာတ်မြစ်

Lectins သည် ၂၀၁၇ခုနှစ်တွင် ထုတ်လုပ်သော New Yorkတွင် အရောင်းရဆုံးစာအုပ် The Plant Paradox ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားလာသည်။ Lectins များသည် ပရိုတင်းအနွယ်ဝင်ဖြစ်ပြီး ပဲတောင့်ရှည်၊ အစေ့အဆန်များနှင့် ခရမ်းချဉ်သီးနှင့်အာလူးများပါဝင်သော Nightshadeဟင်းသီးဟင်းရွက်များတွင် အများအပြားတွေ့ရပြီး လူများ၏ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်သည်ဟု စာရေးသူ နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာ Steven Grundy က ဆိုထားသည်။ Lectins ပါသောအစားအစာများကိုစားသုံးခြင်းသည် ဆိုးရွားသောအစာအိမ်အူလမ်းကြောင်းရောဂါများကိုဖြစ်စေနိုင်ပြီး ကိုယ်ခံအားစနစ် ဖောက်ပြန် ပြောင်းလဲသော Crohn’s disease နှင့် celiac disease များကိုပင် ဖြစ်စေနိုင်ကြောင်းအခိုင်အမာဆိုထားသည်။ Lectins ကို လူတို့၏အစာချေအင်ဇိုင်းများက မချေဖျက်နိုင်ဘဲ ၎င်း၏သဘာဝဓာတ်ကြောင့် အူလမ်းကြောင်းနံရံများတွင်တွယ်ကပ်နေနိုင်ပြီး ရောင်ရမ်းခြင်းကိုဖြစ်စေကာ အူနံရံပျက်စီးပြီး အစာနှင့်အဆိပ်အတောက်များကို အစာချေလမ်းကြောင်းမှ သွေးကြောထဲသို့တိုက်ရိုက် ဝင်ရောက်သွားနိုင်သည့် အူနံရံယိုစိမ့်ခြင်းကိုဖြစ်စေနိုင်သည်။ ဒေါက်တာ Gundy ၏အဆိုအရ စားသောက်မှုများတွင် Lectins ကိုလျှော့ချခြင်းသည် ကျန်းမာရေး၊ ရောဂါကာကွယ်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းများအတွက် ကောင်းမွန်သောအကျိုး သက်ရောက်မှုများရှိသည်။ စာအုပ်ထဲတွင် ပုံပြင်ဆန်သောအထောက်အထားများနှင့် သက်သေခံချက်များလုံလောက်စွာပါဝင်သော်လည်း စာရေးသူ၏ အဆိုကို ထောက်ခံရန် သိပံ္ပအထောက်အထားမရှိပါ။

အချက်အလက်များ

PDF ဖိုင်ရယူရန် : အာလူးများရှိ Lectins →

 

REFERENCES

1. Gong T, Wang X, Yang Y, Yan Y, Yu, Zhou R, Jiang W. Plant Lectins Activate the NLRP3 Inflammasome To Promote Inflammatory Disorders. J Immunol. 2017;198:2082-2092.
2. Mayo Clinic. Know Your Lectins. https://connect.mayoclinic.org/page/gastroenterology-and-gi-surgery/newsfeed-post/know-your-lectins-1/ Accessed 5/20/19
3. Gundy SR. The Plant Paradox: The Hidden Dangers in “Healthy” Foods That Cause Disease and Weight Gain. Haper Wave. 2017.
4. Voidani A. Lectins, agglutinins, and their roles in autoimmune reactivities. Altern ther Health Med. 2015;21(Suppl 1):46-51.
5. Cheung RCF, Wong JH, Ng TB, Naude R, Rolka K, Tse R, Tse TF, Chan H, Sze SCW. Tuber lectins with potentially exploitable bioactives. Curr Med Chem. 2018;25:5986-6001.
6. Yau T, Dan X, Ng CC, Ng TB. Lectins with potential for anti-cancer therapy. Molecules. 2015;20:3791-3810.