အာလူးပေါ်ရှိ ပိုးသတ်ဆေးများ
U.S. အာလူးများပေါ်ရှိ ပိုးသတ်ဆေးများနှင့်ပက်သက်၍ စိုးရိမ်စရာလိုအပ်ပါသလား။
U.S. အာလူးများပေါ်ရှိ ပိုးသတ်ဆေးများနှင့်ပက်သက်၍ စိုးရိမ်စရာမလိုအပ်ပါ။ ကလေးငယ်တစ်ဦးသည် မည်သည့်ကျန်းမာရေး ဆိုးကျိုးမှမဖြစ်ဘဲ ပမာဏ အနည်းငယ်သော ပိုးသတ်ဆေးများကျန်ရှိနေနိုင်သည့် U.S. အာလူးပွဲရေပေါင်း ထောင်နှင့်ချီ၍စားသုံးနိုင်သည်။
အချက်အလက်များ
- အာလူးများသည်ကမာ္ဘပေါ်တွင်အများဆုံးစားသုံးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ပိုးသတ်ဆေးများကိုချင့်ချိန်သုံးစွဲ ခြင်းဖြင့် အမေရိကန်နိုင်ငံရှိအာလူးစိုက်ပျိုးသူများသည် ကမာ္ဘနှင့်အဝှမ်းဝယ်လိုအားပမာဏနှင့် အရည်အသွေးပိုင်းတွင် စားသုံးသူများ၏မျှော်မှန်းချက်များကိုဖြည့်ဆည်းပေးနိုင်သော အာလူးများကို ပျိုးထောင်စိုက်ပျိုးနိုင်ကြသည်။
- EPA၊ USDA နှင့် FDA တို့အပါအဝင် ပိုးသတ်ဆေးများသုံးစွဲမှုကို ပြည်နယ်နှင့်တိုင်းအဆင့်များတွင် သေချာစွာ စည်းမျဉ်းများချမှတ်ထားပြီး သမားရိုးကျအာလူးစိုက်ပျိုးသူများနှင့် သဘာဝမြေဩဇာအသုံးပြုပြီးအာလူးစိုက်ပျိုးသူများသည် ထိုဌာနများမှ ပိုးသတ်ဆေးချင့်ချိန်သုံးစွဲမှုနှင့်ဆက်စပ်၍ချမှတ်ထားသောစံနှုန်းများကို ပြည့်မီယုံသာမက စံချိန်များကို ကျော်လွန်ကြသည်။
- စားသုံးသူများအတွက် ဘေးကင်းသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွက်ချက်သည့် ပစ္စည်းအရ ကလေးငယ်တစ်ဦးသည် မည်သည့်ကျန်းမာရေး ဆိုးကျိုးမှမဖြစ်ဘဲ ပမာဏ အနည်းငယ်သော ပိုးသတ်ဆေးများကျန်ရှိနေနိုင်သည့် U.S. အာလူးပွဲရေပေါင်း ထောင်နှင့်ချီ၍စားသုံးနိုင်သည်။
PDF ဖိုင်ရယူရန် : အာလူးများပေါ်ရှိ ပိုးသတ်ဆေးများ→
ကိုးကားချက်များ
1. Servings determined using Safe Fruits and Veggies Pesticide Residue Calculator using the example of a child eating potatoes and still not have any adverse effects from pesticide residues. https://www.safefruitsandveggies.com/pesticide-residue-calculator/
2. This calculator uses actual residue levels published by USDA’s Pesticide Data Program national pesticide monitoring comprehensive data. https://www.ams.usda.gov/datasets/pdp