အာလူးများနှင့်ဆီးချိုရောဂါ
ဆီးချိူရောဂါရှိသူများသည် အာလူးစားသုံးနိုင်ပါသလား။
American Diabetes Association (ADA) အရ အာလူးကဲ့သို့သော ကစီဓာတ်ကဲသည့်ဟင်းသီးဟင်းရွက်များကို ဆီးချိုရောဂါရှိသောသူများ၏ စားသောက်မှုတွင်ထည့်သွင်းနိုင်သည်။ မည်သည့်ထမင်းတစ်နပ် သို့မဟုတ် သရေစာဖြစ်စေ စားသုံးလိုက်သော စုစုပေါင်း ကာဘိုဟိုက်ဒြိတ်ပမာဏသည်အရေးအကြီးဆုံးဖြစ်သည်။
အကြောင်းရင်းဇာတ်မြစ်
အာလူးနှင့်ဆီးချိုရောဂါနှင့်ဆိုင်သောစိုးရိမ်မှုများသည် အာလူးများတွင်တွေ့ရသော ကာဘိုဟိုက်ဒြိတ်အမျိုးအစား (ကစီဓာတ်) ပေါ်တွင် အရင်းခံသည်။ ကစီဓာတ်သည် ပေါင်းစပ်ကာဘိုဟိုက်ဒြိတ်တစ်မျိုးဖြစ်ပြီး အာလူးများတွင်သာမက ပေါင်မုန့်များ၊ ပါစတာ၊ ပဲ နှင့်ပြောင်းတို့တွင်လည်းတွေ့ရသည်။ ကစီဓာတ်ကိုလျင်မြန်စွာ ချေဖျက်စုပ်ယူနိုင်ပြီး ၎င်းသည် မြင့်မားသော သွေးချိုထိန်းမှတ် တုံ့ပြန်မှုဟုခေါ်သည့် သွေးတွင်းသကြားဓာတ်ကို တစ်ဟုန်ထိုးမြင့်တက်စေနိုင်သည်။ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူများအတွက်မူ သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေသည့်အစားအစာများသည် ပြဿနာရှိနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သွေးအတွင်းရှိသကြားဓာတ်ကို မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက်မဖယ်ရှားနိုင်သောကြောင့်ဖြစ်သည်။ ကြာရှည်စွာ သွေးတွင်းသကြားဓာတ်မြင့်ခြင်းသည် ကိုယ်ခန္ဓာရှိတစ်ရှူးများနှင့် စနစ်များကို ကြီးမားစွာထိခိုက်စေနိုင်ပါသည်။
သွေးတွင်းသကြားဓာတ်ကိုထိခိုက်စေနိုင်သည့် တစ်ခုတည်းသောအစားအစာမှ ကာဘိုဟိုက်ဒြိတ်အမျိုးအစားဖြစ်ကြောင်းသိရှိရန် အရေးကြီးသည်။ အစားတစ်နပ်တွင်စားသုံးလိုက်သောစုစုပေါင်းကာဘိုဟိုက်ဒြိတ်ပမာဏ ( သွေးတွင်းသကြားဓာတ်ပမာဏ ဟုလည်းရည်ညွှန်း) သည်လည်း သွေးတွင်းသကြားဓာတ်ပမာဏကိုသက်ရောက်မှုရှိနိုင်ပြီး ၎င်းသည် ကာဘိုဟိုက်ဒြိတ်အမျိုးအစားထက်ပင် ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် အမျိုးအစား (၂) ဆီးချိုရှိသူများသည် အစားအစာများ စီစဉ်သောအခါ၊ ချက်ပြုတ်သောအခါနှင့် စားသုံးသောအခါများတွင် ပါဝင်သောကာဘိုဟိုက်ဒြိတ်ပမာဏကို အာရုံစိုက်သင့်သည်။
အချက်အလက်များ
- အခွံမခွာထားသော အလယ်အလတ်အရွယ် ၅.၃အောင်စအာလူးတွင် ကာဘိုဟိုက်ဒြိတ် ၂၆ဂရမ်ပါဝင်သည် ( အမျှင်ဓာတ် ၂ဂရမ်အပါအဝင်)
- လူတစ်ဦး၏ သွေးတွင်းသကြားဓာတ် ( ဆိုလိုသည်မှာ သွေးတွင်းသကြားဓာတ်တုံ့ပြန်မှု) သည အလွန်ပြောင်းလဲနိုင်ပြီး ဤအချက်များအပါအဝင် အချက်အလက်အချို့အပေါ်မူတည်သည်
- အဆင့်ဆင့်စီမံပြုလုပ်ပုံနှင့် ပြင်ဆင်ချက်ပြုတ်ပုံ
- အမျိုးအစား၊ ဇာတိနှင့် သက်တမ်း
- ၎င်းတို့နှင့်တွဲဖက်စားသုံးသည့်အရာများ ( ဆိုလိုသည်မှာ ပရိုတင်းနှင့်အဆီများ)
- ချက်ပြုတ်ထားပြီး အအေးခံထားသောအာလူးများသည် သွေးတွင်းသကြားဓာတ်ကိုအနည်းငယ်သာတက်စေသည်။ ထိုနည်းတူစွာ ပူနွေးသောအာလူးများကို အဆီဓာတ်နှင့် ပရိုတင်းပါဝင်မှုမြင့်သောအစားအစာများနှင့်တွဲဖက် စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကိုအနည်းငယ်သာတက်စေသည်။
- ဆီးချိုရောဂါရှိသော ကလေးများနှင့်အရွယ်ရောက်ပြီးသူများကို ဟင်းသီးဟင်းရွက်၊ အစေ့ပါသောပဲသီး၊ အသီးအနှံများ၊ နို့ထွက်ပစ္စည်းများ ( နို့နှင့်ဒိန်ချဉ်) နှင့် အစေ့အဆန်များမှရသော ကာဘိုဟိုက်ဒြိတ်များကို ပိုမိုစားသုံးရန်နှင့် ပြုပြင်ထားသောကာဘိုဟိုက်ဒြိတ်များနှင့် သကြားဓာတ်များစားသုံးခြင်းကိုလျှော့ချသင့်ကြောင်း ADA က အကြံပြုထားသည်။
PDF ဖိုင်ရယူရန် : အာလူးများနှင့် ဆီးချိုရောဂါ →
ကိုးကားချက်များ
1. American Diabetes Association. Diabetes Myths. http://www.diabetes.org/diabetes-basics/myths/
2. Jenkins DJ, Kendall CW, Augustin LSm, Franceschi S, Hamidi M, Marchie A, Jenkins AL, Axelsen M. Glycemic index: overview of implications in health and disease. Am J Clin Nutr. 2002; 76:266S-273S.
3. American Diabetes Association. Lifestyle management: Standards of medical care in diabetes- 2018. Diabetes Care. 2018;41(suppl):S38-S50.
4. Fernandes G, Velangi A, Wolever TMS. Glycemic index of potatoes commonly consumed in North America. J Am Diet Assoc. 2005;105:557-562.
5. Hatonene KA, Virtamo J, Eriksson JG, Sinkko HK, Sundvall JE, Valsta LM. Protein and fat modify the glycemic and insulinemic responses to a mashed potato-based meal. Br J Nutr. 2011;106:248-253.
6. Henry DJ, Lightowler HJ, Kendall FL, Storey M. The impact of the addition of toppings/fillings on the glycemic response to commonly consumed carbohydrate foods. Eur J Clin Nutr. 2006;60:763-769.