fbpx

Breakfast/Brunch Main Dish For School

U.S. Lattice အာလူးကြော်နှင့် ရိုးရာငါးထမင်းနယ်သုပ်

  • No Reviews
  • Cook Time: 20min
  • Prep Method: BoiledFried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Frozen Lattice Cuts - ၂၀၀ ဂရမ်
  • ရှမ်းဆန်ထမင်းဖြူ - ၅၀ ဂရမ်
  • ငါးကြင်း - ၁၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၊ နီကြော် - ၁၀ ဂရမ်
  • ဂျူးမြစ် - ၁၀ ဂရမ်
  • ခရမ်ချဥ်သီးကွင်း - ၅ ဂရမ်
  • သခွားသီးကွင်း - ၅ ဂရမ်
  • မြေပဲကြော် - ၅ ဂရမ်
  • ငရုတ်သီးကြော် - ၅ ဂရမ်
  • နှမ်းနက် - ၃ ဂရမ်
  • ငှက်ပျောရွက် - အရွက်အသေး ၁ ရွက် (အလှဆင်ရန်)
  • ဆလပ်ရွက် - ၃ ဂရမ်
  • ကြက်သားမှုန့် - ၅ ဂရမ်
  • ငံပြာရည် - ၅ ဂရမ်
  • စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ချင်းနုပ်နုပ်စဥ်း၊ နနွင်းမှုန့် - ငါးဆီသတ်ရန်အနည်းငယ်
  • ဆီနီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီဝါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Preparation
| Cook Time: 20min

ပြုလုပ်ပုံအဆင့်ဆင့်

  • ငါးကို စပါးလင် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ချင်း ၊ ငံပြာရည်၊ ရေ ထည့်ပြီး ပြုတ်ကာ အအေးခံထားပါ။ အေးလျှင် ငါးအရိုးထွင်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနုပ်နုပ်စဉ်းပါ။ နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။ ဆီသတ်အနံ့မွှေးလာလျှင် ငါးထည့်ပါ။ အရသာထည့်ပြီး ပန်းကန်ထဲပြောင်းထည့်ပါ။
  • ချက်ထားသောရှမ်းဆန်ထမင်းထဲသို့ ငါးဆီသတ်အနည်းငယ်ထည့်ပြီး ဆီနီ၊ဆီဝါထည့်ပါ။ အရသာထည့်ပြီးနယ်ထားပါ။
  • ဆီအပူချိန် ၁၈၀°C တွင် S. Frozen Lattice Fries ကို ကြွပ်ကြွပ်လေးကြော်ထားပါ။
  • ငရုတ်သီးခြောက်နှင့်မြေပဲကြော်ကိုပြင်ဆင်ထားပါ။ ဂျူးမြစ်ကို ရေဆေးထားပါ။
  • ပန်းကန်ပေါ်တွင် ငှက်ပျောရွက်ခင်းပါ။ နယ်ထားသောငါးထမင်းနယ်ကို အဝိုင်းလေးလိုသလိုပြုလုပ်ပြီး ဆီသတ်ထားသောငါးတင်ပါ။ ကြက်သွန်ဖြူးထားပါ။ ဘေးတွင် S. Lattice အာလူးကြော်ကြွပ်ကြွပ်လေးကို နှစ်သက်သလိုစီပြီး ဂျူးမြစ် ၊ မြေပဲကြော် ၊ ငရုတ်သီးကြော် ၊ ကြက်သွန်ဖြူကြော်တို့ကိုထည့်ပြီး ဆလပ်ရွက်လေး ကြိုက်နှစ်သက်သလိုတင်ပြီး တည်ခင်းကျွေးမွေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.