fbpx

Snack

U.S. အာလူးကြော်နှင့်ဘေကွန်ချိစ်

  • No Reviews
  • Serves: ၁-၂
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၁၀၀ ဂရမ်
  • ကြက်သွန်နီ (လှီးထားပါ) - ၄၀ ဂရမ်
  • ကြက်သွန်ဖြူ (လှီးထားပါ) - ၂၀ ဂရမ်
  • ဘေကွန် (လှီးထားပါ) - ၅၀ ဂရမ်
  • ချိစ် (ခြစ်ထားပါ) - ၉၀ ဂရမ်
  • နံနံပင် - ၁၀ ဂရမ်
  • ပေါင်မုန့်ဂျုံ - ၇၀ ဂရမ်
  • ကြက်ဥ - ၄ လုံး
  • ပေါင်မုန့်ကပ် - ၇၀ ဂရမ်
  • ဆား - ၅ ဂရမ်
  • ငရုတ်ကောင်းနက် - ၅ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ - ၅၀၀ မီလီလီတာ
  • မန်ကျည်းရည် - ၄၀ မီလီလီတာ
  • ငရုတ်သီးစိမ်း (လှီးထားပါ) - ၅ ဂရမ်
  • သကြား - ၅ ဂရမ်
  • ငါးငံပြာရည် - ၁၀ မီလီလီတာ

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

  • ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားပါ။
  • အိုးထဲတွင် ရေထည့်ပြီး ပူလာလျှင် U.S. Dehydrated Potato Flakes ကို ပျစ်လာသည်အထိမွှေပေးပါ။ အာလူးပျစ်လာလျှင် မီးပိတ်ပြီး အအေးခံထားပါ။ 
  • ဆီသပ်ရန်အတွက် အိုးတစ်လုံးထဲတွင် ဆီအနည်းငယ်ထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဝက်ပေါင်ခြောက်တို့ကို နွမ်းလာသည်အထိ ဆီသပ်ပါ။ နွမ်းလာလျှင် အအေးခံထားသောအာလူးအိုးထဲသို့ နံနံပင်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို ရောထည့်ပြီး သမအောင်မွှေကာ ၁၅ မိနစ်ခန့် အအေးခံပေးပါ။
  • ဂျုံမှုန့်တစ်ပန်းကန်၊ ပေါင်မုန့်ခြောက်တစ်ပန်းကန်၊ မွှေထားသောကြက်ဥတစ်ပန်းကန်ပြင်ထားပါ။ 
  • အအေးခံထားသော U.S. အာလူးကို ၃၀ ဂရမ် အရွယ်အလုံးများလုံးပြီး ဘေကွန်ကို အထဲတွင်ထည့်လုံးထားပေးပါ။ 
  • လုံးထားသောအာလူးလုံးများကို ဂျုံမှုန့်အရင်ကပ်ပါ။ ပြီးလျှင် ကြက်ဥထဲတွင် နှစ်ပြီး ပေါင်မုန့်ခြောက်ကပ်ကာ ရေခဲသေတ္တာအအေးခန်းထဲတွင် ၁၅ မိနစ်ခန့်ထည့်ထားပါ။ 
  • အာလူးအအေးခံထားသောအချိန်တွင် တွဲဖက်သုံးဆောင်ရန်အတွက် အချဉ်ရည်ကို ပြုလုပ်ထားပေးပါ။ အချဉ်ရည်ပြုလုပ်ရန်အတွက် မန်ကျည်းရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ နံနံပင်၊ ကြက်သွန်ဖြူတို့ဖြင့် အချဉ်ရည်စပ်ပါ။ 
  • အာလူးကြော်ရန်အတွက် အိုးထဲတွင်ဆီထည့်ပြီး ဆီအပူပေးကာ ဆီအပူချိန် ၁၈၀°C တွင် မီးအေးအေးဖြင့် ရွှေရောင်ရသည်အထိကြော်ပြီး ပုံပါအတိုင်းအချဉ်ရည်နှင့် တွဲဖက်သုံးဆောင်နိုင် ပါသည်။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.