Ingredients
ပါဝင်ပစ္စည်းများ
- အာလူးဝါ - ၁ ၁/၂လုံး (၂လက်မ အရွယ်အခြမ်းများခြမ်းထားပါ)
- ကြက်သွန်နီ - ချိန်ခွက် ၃/၄ ခွက် (၁လက်မအရွယ်အတုံးများတုံးထားပါ)
- မုန်လာဉနီ (အသေး) - ချိန်ခွက် ၁ ၁/၂ ခွက်
- ရေ - ၄ခွက်
- ဟင်းသီးဟင်းရွက်အရည် - ချိန်ခွက်၂ ၁/၂ ခွက်
- ဂျပန်ခါရည်အနှစ် - ၇.၈ အောင်စ
- နှမ်းစေ့ - လိုသလောက်
- နံနံပင် - လိုသလောက်
Preparation
Prep Time: 7min | Cook Time: 25min
- အာလူး၊ ကြက်သွန်နီနှင့် မုန်လာဉနီတို့ကို စွယ်စုံချက်ပေါင်းအိုးထဲထည့်ပါ။ အဖုံးပိတ်ကာ မီးအမြင့် တွင်ထားပြီး ၆မိနစ်ခန့်ထားပါ။ ထို့နောက် အလိုအလျောက်အငွေ့လွှတ်ရန် (၂) မိနစ် ခန့်အချိန်ပေးပါ။ ထို့နောက် အဖုံးဖွင့်ကာအငွေ့လွှတ်ပေးပါ။ ဟင်းသီးဟင်းရွက်များကိုပေါင်းအိုးထဲမှထုတ်ကာ ရေစစ်ထားပါ။ ထို့နောက် အာလူး၊ ကြက်သွန်နီနှင့် မုန်လာဉနီတို့ကို သပ်သပ်ဖယ်ထားပါ။ ဗန်းကို ပေါင်းအိုးထဲပြန်ထည့်ထားပါ။
- ခါရည်အနှစ်နှင့် ဟင်းရွက်ပြုတ်ရည်အား ပေါင်းအိုးထဲထည့်ကာမွှေပေးပါ။ Saute သို့ပြောင်းထားပါ။
- အနှစ်ပြစ်လာသည်အထိ ၃-၅ မိနစ်ခန့်မွှေပေးပြီး ချက်ထားသော အာလူး၊ ကြက်သွန်နီနှင့် မုန်လာဉနီတို့ကိုထည့်ပေးပါ။
- ထို့နောက်အပေါ်မှ နှမ်းစေ့၊ နံနံပင်တို့ဖြူးကာ တည်ခင်းပါ။
Nutrition
Calories330
Fat9g
Sodium200mg
Carbohydrates58g
Protein5g
Sugar9g