fbpx

Appetizer

မီဆိုနှင့်ပျားရည်ဆမ်း အာလူးကြော်

  • Ready Time: 20min
    No Reviews
  • Prep Time: 5min
    Cook Time: 15min
  • Serves: 3
    Prep Method: FriedPan Fried
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • အေးခဲထားသော U.S. Crinkle Cut Fries - ၂၀၀ ဂရမ်
  • မီဆိုအဖြူအနှစ် - စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်း (နုတ်နုတ်စဉ်း) - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပျားရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ - ၁/၄ ခွက် (၆၀ မီလီလီတာ)
  • နှမ်းစေ့လှော် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် (ပါးပါးလှီး) - ၁ မြိတ်

Preparation
Prep Time: 5min | Cook Time: 15min

  • U.S Crinkle Cut Fries များကို air fryer ထဲထည့်၍ ကြာချိန်နှင့် အပူချိန်ကို အထုပ်ပေါ်တွင် ပါသည့်အတိုင်း ချိန်ပြီးထားပါ။
  • ပန်းကန်လုံးအသေးတစ်လုံးတွင် မီဆိုအနှစ်ကို ပျားရည်၊ ဂျင်း နုတ်နုတ်စဉ်း၊ ရှာလကာရည်၊ ရေတို့နှင့် ရောမွှေပါ။
  • အထက်ပါ အနှစ်ကို မကပ်ဒယ်ပြားတွင် ပျစ်လာသည်အထိ မီးအေးအေးဖြင့် ချက်ပါ။ ရလျှင် မီးပိတ်ပါ။
  • ကြော်ထားပြီးသော U.S. Crinkle Cut Fries များကို ထည့်၍ မီဆိုပျားရည်အနှစ်နှင့် ရောနယ်ပါ။
  • မီဆိုနှင့် ပျားရည်ဆမ်းထားသော U.S. Crinkle Cut Fries ကို ပန်းကန်ပြားပေါ်တင်၍ နှမ်းစေ့လှော်များနှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ်များဖြင့် အုပ်ပြီးလျှင် အသင့်သုံးဆောင်နိုင်ပါပြီ။ 

Nutrition

Calories168
Fat4g
Sodium455mg
Carbohydrates31g
Fiber2g
Protein3g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.