Main Dish
အာလူးကတ်တလိတ်၊ ဆယ်လ်မွန်ငါးနှင့် ဒိန်ချဉ်
Ready Time: 35min
No Reviews
Prep Time: 5min
Cook Time: 30min
Serves: 4
Description
ဤဟင်းချက်နည်းသည် ကစီဓာတ်နှင့်အသားဓာတ်မျှတစွာပါရှိ သောကြောင့် အားကစားသမားများ အားကစားလုပ်ပြီးနောက်စားသုံးရန်သင့်တော်သည်။ အာလူးမှရသောကစီဓာတ်၊ ဆယ်မွန်ငါးနှင့် ဒိန်ချဉ်မှရသော အအသားဓာတ်တို့ ပူးပေါင်းလိုက်သောအခါ ကြွက်သားပြန်လည်တည်ဆောက်မှုကို အထောက်အကူဖြစ်စေသည်။ ထို့ပြင် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် အစာခြေစနစ်ကောင်းမွန်စေသော အိုမီဂါဓာတ်နှင့် ပရိုဘိုင်အိုးတစ်တို့ ပြည့်၀စွာပါ၀င်သည်။
Ingredients
ပါ၀င်ပစ္စည်းများ
- အာလူးမှုန့် - ချိန်ခွက် ၁ခွက်
- ထောပတ် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- အဆီလျှော့ထားသောနို့ - ချိန်ခွက် ၁ခွက်
- နုပ်နုပ်စဉ်းထားသောပါစလေရွက် - လက်ဖက်ရည်ဇွန်း ၄ဇွန်း
- သကြားမပါသော ဂရိဒိန်ချဉ် - ချိန်ခွက် ၁ခွက်
- မှိုင်းတိုက် ဆယ်လမွန်ငါး - ၂၀၀ ဂရမ်
- သံပုရာသီး - ၁လုံး
- ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၄ဇွန်း
Preparation
Prep Time: 5min | Cook Time: 30min
- နို့နှင့် ထောပတ်ကိုရောကြိုပါ။ ထို့နောက် အာလူးမှုန့်များကိုထည့်ကာ ခလောက်တံနှင့် အမှုန့်များ ကြေသည်အထိ မွှေပေးပါ။
- ပါစလေရွက်၊ ကြက်သွန်ဖြူမှုန့်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းအားလိုသလောက်ထည့်ပြီး နောက်အအေးခံထားပါ။
- ထို့နောက် အ၀ိုင်းပုံစံ ခပ်ထူထူအပြားပုံသွင်းပြီးနောက် ၂ဖက်စလုံး အညိုရောင်သမ်းသည်အထိ အာလူးများကို ကြော်ပေးပါ။
- အာလူးများပေါ်တွင် ဒိန်ချဉ်အနည်းငယ်သုတ်ပါ။ ထိုအပေါ်တွင် မှိုင်းတိုက်ဆယ်လမွန်ငါးအလွှာ တင်ကာသံပုရာရည်အနည်းငယ်ညှစ်ပြီး တည်ခင်းပါ။
Nutrition
Calories410
Sodium118mg
Protein21g