fbpx

Main Dish

အာလူးကတ်တလိတ်၊ ဆယ်လ်မွန်ငါးနှင့် ဒိန်ချဉ်

  • Ready Time: 35min
    No Reviews
  • Prep Time: 5min
    Cook Time: 30min
  • Serves: 4
Share on Print

Description

ဤဟင်းချက်နည်းသည် ကစီဓာတ်နှင့်အသားဓာတ်မျှတစွာပါရှိ သောကြောင့် အားကစားသမားများ အားကစားလုပ်ပြီးနောက်စားသုံးရန်သင့်တော်သည်။ အာလူးမှရသောကစီဓာတ်၊ ဆယ်မွန်ငါးနှင့် ဒိန်ချဉ်မှရသော အအသားဓာတ်တို့ ပူးပေါင်းလိုက်သောအခါ ကြွက်သားပြန်လည်တည်ဆောက်မှုကို အထောက်အကူဖြစ်စေသည်။ ထို့ပြင် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် အစာခြေစနစ်ကောင်းမွန်စေသော အိုမီဂါဓာတ်နှင့် ပရိုဘိုင်အိုးတစ်တို့ ပြည့်၀စွာပါ၀င်သည်။

Ingredients

ပါ၀င်ပစ္စည်းများ

  • အာလူးမှုန့် - ချိန်ခွက် ၁ခွက်
  • ထောပတ် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • အဆီလျှော့ထားသောနို့ - ချိန်ခွက် ၁ခွက်
  • နုပ်နုပ်စဉ်းထားသောပါစလေရွက် - လက်ဖက်ရည်ဇွန်း ၄ဇွန်း
  • သကြားမပါသော ဂရိဒိန်ချဉ် - ချိန်ခွက် ၁ခွက်
  • မှိုင်းတိုက် ဆယ်လမွန်ငါး - ၂၀၀ ဂရမ်
  • သံပုရာသီး - ၁လုံး
  • ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  • သံလွင်ဆီ - လက်ဖက်ရည်ဇွန်း ၄ဇွန်း

Preparation
Prep Time: 5min | Cook Time: 30min

  • နို့နှင့် ထောပတ်ကိုရောကြိုပါ။ ထို့နောက် အာလူးမှုန့်များကိုထည့်ကာ ခလောက်တံနှင့် အမှုန့်များ ကြေသည်အထိ မွှေပေးပါ။
  • ပါစလေရွက်၊ ကြက်သွန်ဖြူမှုန့်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းအားလိုသလောက်ထည့်ပြီး နောက်အအေးခံထားပါ။
  • ထို့နောက် အ၀ိုင်းပုံစံ ခပ်ထူထူအပြားပုံသွင်းပြီးနောက် ၂ဖက်စလုံး အညိုရောင်သမ်းသည်အထိ အာလူးများကို ကြော်ပေးပါ။
  • အာလူးများပေါ်တွင် ဒိန်ချဉ်အနည်းငယ်သုတ်ပါ။ ထိုအပေါ်တွင် မှိုင်းတိုက်ဆယ်လမွန်ငါးအလွှာ တင်ကာသံပုရာရည်အနည်းငယ်ညှစ်ပြီး တည်ခင်းပါ။

Nutrition

Calories410
Sodium118mg
Protein21g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.