Ingredients
ပါ၀င်ပစ္စည်းများ
- U.S Frozen Crinkle Cuts - ၈၀ ဂရမ်
- Sushi ဆန် - ၂၀၀ ဂရမ်
- ဂဏန်းအသားချောင်း - ၁၀၀ ဂရမ်
- ဆလတ်ရွက်စိမ်း - ၂၀ ဂရမ်
- မုန်လာဥနီ - ၅၀ ဂရမ်
- မရိုးနိစ် - ၆၀ ဂရမ်
- ရေညှိပြား - ၂ရွက်
- ကီကိုမန်ဂျပန်ပဲငံပြာရည် - ၃၅ မီလီလီတာ
ပါ၀င်ပစ္စည်းများ
- Sushi ဆန် - ၂၀၀ ဂရမ်
- ဆန်ရှာလကာရည် - ၂၀ မီလီလီတာ
- သကြား - အနည်းငယ်
- ဆား - အနည်းငယ်
Preparation
Sushi ဆန်ချက်ပြုတ်နည်း
- ၁။ ဆန်ကိုရေဖြင့် (၂)ခါဆေးကြောပါ။
- ၂။ ဆန်ကိုသေချာဆေးကြောပြီးလျှင် ဆန်အမြင့်အတိုင်းဆန်ရဲ့ အပေါ်မှာ ရေဆတူအမြင့်ထည့်ပါ။ ပြီးလျှင် ပေါင်းအိုး(သို့မဟုတ်) ပေါင်းသည့်စက်ထဲတွင် မိနစ်(၃၀)မှ (၄၀)အတွင်းချက်ပြုတ်နိုင်သည်။
- ၃။ ထမင်းကျက်လာပြီးလျှင် ရှာလာကာရည် ၊ သကြား ၊ဆားတို့ထည့်ပြီး သမာအောင်မွှေပါ။ ပြီးလျှင် ထိုထမင်းကို ခပ်နွေးနွေးလေးဖြစ်အောင် အအေးခံထားပါ။ (၃)မိနစ် (သို့မဟုတ်) (၅)မိနစ်ခန့်ထည့်ပါ။
အစာထည့်ပြီးလိပ်နည်းပြုလုပ်ပုံအဆင့်ဆင့်
- ၁။ U.S Frozen Crinkle Cut အားလူးကိုကြော်ပြီး ခဏအအေးခံထားပါ။
- ၂။ မုန်လာဥနီကိုပြုတ်ထားပါ။ ဂဏန်းချောင်းကို နွေးထားပါ။
- ၃။ ပထမဦးစွာ ရေညှိပြားပေါ်မှာ နယ်ထားသောထမင်းခင်းပြီး ဆလတ်ရွက်၊ အာလူး၊ ဂဏန်းချောင်း၊ မုန်လာဥတို့ကို အစီအစဉ်တကျထမင်းအလယ်မှာ နေရာချပြီးအပေါ်မှ မရိုးနစ်ဆမ်းလိုက်ပါ။ ပြီးလျှင် သေချာကျစ်အောင်လက်နှင့်ဖိပြီးလိပ်ပါ။
- ၄။ Sushi လိပ်ရလာပြီဆိုလျှင် လိုအပ်သလိုလှီးဖြတ်ပါ။
ပန်းကန်ပေါ်တွင်အလှပြင်ဆင်ခြင်း
- ၁။ ပန်းကန်ပေါ်တွင်လှီးထားသော Sushi များကိုကြိုက်နှစ်သလိုစီရီပါ။
- ၂။ ထို Sushi ပေါ်တွင်မရိုးနစ်ကို လိုအပ်သလိုအလှဆင်နိုင်ပါသည်။
- ၃။ ဂျပန်ပဲငံပြာရည်နှင့်ဝါဆာဘီအနှစ်တို့အား Sushi နှင့်တွဲစားရန်အတွက် လိုအပ်သလောက် ဘေးတွင်သီးသန့်ထည့်ပေးနိုင်သည်။
- ၄။ ထို Sushi များကို အဆာပြေအနေဖြင့်သော်လည်းကောင်း၊ ခံတွင်းဖွင့်အစားအစာအနေဖြင့်သော်လည်းကောင်း တည်ခင်းကျွေးမွေးနိုင်ပါသည်။
12 months ago
great recipes