fbpx

Snack

U.S. အာလူးချောင်း နှင့် မာလာချိစ် Fondue

  • Ready Time: 40min
    1 Review
  • Prep Time: 10min
    Cook Time: 30min
  • Cuisine: Asian
  • Serves: 1-2
    Prep Method: Baked
Share on Print

Ingredients

ပါဝင်ပစ္စည်းများ (Fondue လုပ်ရန်)

  • Camembert ချိစ် - ၅၀၀ ဂရမ်
  • Gruyere ချိစ် - ၄၀၀ ဂရမ်
  • Fontina ချိစ် - ၄၀၀ ဂရမ်
  • dry ဝိုင်ဖြူ - ၆၂၅ မီလီ (၁ ခွက် ခွဲ)
  • ပြောင်းဖူးကော်မှူန့် - လက်ဖက်ရည်ဇွန်း ၆ ဇွန်း
  • ပန်းသီးဖျော်ရည် - ထမင်းစားဇွန်း ၇ ဇွန်း
  • ကြက်သွန်ဖြူ - ၃ တက်
  • လတ်ဆတ်ကြိတ်ထားသော ငရုတ်ကောင်း - အနည်းငယ်
  • မာလာမှူန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပါဝင်ပစ္စည်းများ (အတူသုံးဆောင်ရန်)

  • U.S. Frozen Crinkle Cut အာလူးချောင်း - ၂ ခွက်
  • U.S. Frozen Straight Cut အာလူးချောင်း - ၃ တက်
  • မုန်လာဥနီ (အခွံခွာပြီး မီးခြစ်ဆံချောင်းလို ခပ်ထူထူလှီးပါ - ၁ ဥ
  • ပန်း‌ဂေါ်ဖီစိမ်း (အပွင့်သေးသေးလေးတွေလှီးထားပါ) - ၁ ထုပ်
  • သံလွင်ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
  • ပန်း‌ရောင်ဆား - အနည်းငယ်
  • Ranch အရသာမှုန့်ရော - ၁/၂ ထမင်းစားဇွန်း
  • လတ်ဆတ်ကြိတ်ထောင်းထားသော ငရုတ်ကောင်းနက် - အနည်းငယ်

Preparation
Prep Time: 10min | Cook Time: 30min

ပြုလုပ်နည်း 

  • ၁။ ဇလုံအကြီးထဲ U.S. အာလူးချောင်းများ၊ ပန်းရောင်ဆား၊ သံလွင်ဆီ များထည့်ပြီးသေချာရောသမအောင်ဖွမွှေပါ။ မုန့်ဖုတ်ဗန်းပေါ် အာလူးချောင်းများ တစ်လွှာတင်ပြီး ၂၅၀°C အပူချိန်၌ ၁၅ – ၂၀ မိနစ်ဖုတ်ပါ။ ပြီးလျှင် အာဗင်ထဲမှထုတ်ပြီး ဇလုံအကြီးထဲထည့်ပြီးအပေါ်မှ ပန်းရောင်ဆား၊ Ranch အရသာမှုန့်ရော၊ ငရုတ်ကောင်း များထည့်ပြီး သေချာဖွမွှေပါ။
  • ၂။ ဆော့စ်အိုးထဲ ဆားရေထည့်ပြီး ဆူအောင်တည်ပါ။ ပြီးလျှင် မုန့်လာဥ ကို ၃ မိနစ်လောက် ပြုတ်ပေးပါ၊ ပြီးလျှင် ‌ရေနွေးတွေသွန်ပါ။ ပြီးလျှင် ရေခဲရေထဲဇလုံထဲ ပြုတ်ထားသော မုန်လာဥနီများကို ထည့်ပြီး စိမ်ပါ။ မုန်လာဥနီများ အရမ်းမကျက်ပြီး နူးအိမနေစေရန်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အအေးခံခြင်းလည်းဖြစ်ပါသည်။ နောက်ဆော့စ်အိုးအကြီးထဲ သကြားထည့်ပြီးဆူအောင်တည်ပါ။ ပြီးလျှင် ပန်းဂေါ်ဖီစိမ်းများထည့်ပြီး ၃ မိနစ်လောက် အစိမ်းရောင်တောက်တောက်ဖြစ်ပြီး အနည်းငယ် ပျော့အိလာသည့်အထိ ‌ရေနွေးအပူထိုးပါ။ ‌ရေသွန်ပြီး၊ ရေအေးအေးအောက်မှာ အပူဖြင့်ပိုပြီးမကျက်သွားအောင်ထားပါ၊ ပြီးလျှင် ရေသွန်ပါ။
  • ၃။ Camembert ချိစ် ဘေးအပတ်များခွာပြီး လေးဒေါင့်အတုံးတွေတုံးထားပါ။ Gruyere ချိစ်  နှင့် Fontina ချိစ် ကိုလေး‌ဒေါင့်အတုံးလေးတွေ တုံးထားပါ။ အိုးအကြီးထဲ ဝိုင်ထည့်ပြီးဆူအောင်တည်ပါ။ ပြီးလျှင် ချိစ်များထည့်ပြီး မွှေတံအကြီးဖြင့် ဖြည်းဖြည်းချင်း ချိစ်များ ဝိုင်ထဲ အရည်ပျော်သည်အထိတည်ပါ။ ချိစ်များ ဝိုင်ထဲလုံးဝပျော်ဝင်သွားပြီးဆိုလျှင်၊ ပြောင်းဖူးကော်မှုန့် အရောကိုထည့်ပေးပါ။ အကုန်ထည့်ဖို့လိုပါတယ် – လောက်ငစွာသုံးဖို့လိုပါတယ် အဲဒါမှ လိုချင်သော ချိစ်ခပ်ပျှစ်ပျှစ်ကိုရမှာဖြစ်ပါတယ်၊ ဒါပေမယ့် အာလူးချောင်း၊ ဟင်းသီးဟင်းရွက်များ တို့စားတဲ့အခါ အလွယ်တကူ ချိစ်အရည်များကပ်ပါလျှင်ရပါပြီ။ အကယ်၍ fondue အရမ်းပျှစ်နေလျှင်တော့ ဝိုင်အဖြူအနည်းငယ်ထည့်ပြီး ပျှစ်တာနည်းနည်းပြင်လိုက်လို့ရပါတယ်။ ပြီးလျှင် ကြက်သွန်ဖြူ၊ မာလာမှူန့် နှင့် အရသာကို ငရုတ်ကောင်းထည့်မွှေပေးပါ။ fondue ကို မီးအပူပေးထားသော fondue အိုးထဲလောင်းထည့်ပါ၊ ပြီးလျှင် ချက်ချင်း ဖုတ်ထားသော crinkle cut, straight cut အာလူးချောင်း၊ မုန်လာဥနီ နှင့် ပန်းဂေါ်ဖီစိမ်းများနှင့် တို့စားပါ။ အရသာရှိစွာစားသုံးနိုင်ပါစေ!

1 Review

2 years ago

I like this very much and this is too easy to make. That's why I'm always make this recipe too much....Read Full Review

2 years ago

I like this very much and this is too easy to make. That's why I'm always make this recipe too much. ?

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.