fbpx

Breakfast/Brunch Side Dish

ထောပတ်သီး၊ ပုဇွန် နှင့် U.S. Hash Brown အာလူးအလွှာ

  • No Reviews
  • Serves: ၅
    Prep Method: BoiledSlow Cooker
Share on Print

Ingredients

ပါ၀င်သောပစ္စည်းများ

  • U.S. Frozen Hash Brown Patties - ၁၅ ခု
  • ပုဇွန်အလတ်အရွယ်အစား - ၁၅ ဂရမ်
  • 2 pieces : Avocado (to be diced up later)
  • ဆလပ်ရွက်အစိမ်း - ၁၀၀ ဂရမ်
  • ခရမ်းချဉ်သီး (လေးထောင့်အသေး) - ၅ လုံး
  • နံနံပင် (နုပ်နုပ်စဥ်း) - ၂၀ ဂရမ်
  • သံပုရာရည် - ၅၀ မီလီလီတာ
  • သံလွင်ဆီ - ၂၀ မီလီလီတာ
  • မရိုးနိစ် - ၅၀ ဂရမ်
  • ငရုတ်ကောင်း - အနည်းငယ်
  • ဆား - အနည်းငယ်

Preparation

ပြုလုပ်ပုံအဆင့်ဆင့်

  • ပထမဦးစွာ ပုဇွန်ကိုငန်းပုံစံပြုလုပ်ပါ။ ပြီးလျှင်ရေနွေးပူထဲ ပြုတ်ပြီးရေအေးနှင့်စိမ်ပါ။ ပုဇွန်အေးသွားလျှင် သံပုရာရည် ၊ နံနံပင် ၊ ဆား ၊ ငရုတ်ကောင်း ၊ သံလွင်ဆီတို့နှင့် အရသာနယ်ထားပါ။
  • ခရမ်းချဉ်သီးအခွံကိုပါးပါးရှပ်လှီးပြီး ရေနွေးပူထဲတွင် စက္ကန့်(၃၀)နီးပါးပြုတ်ပြီး ရေအေးနှင့် စိမ်ပြီးလျှင် အခွံခွာ အစေ့ထုတ်ပါ။ ပြီးလျှင် ထိုအစေ့ထုတ်ထားသော ခရမ်းချဉ်သီးကို နုပ်နုပ်စဥ်းပြီး သံလွင်ဆီအနည်းငယ်နှင့်ဆား ၊ ငရုတ်ကောင်းထည့်ပြီး အရသာစပ်ထားပါ။
  • ထောပတ်သီးကိုလေးထောင့်အသေးပုံစံလေးလှီးဖြတ်ပြီး သံပုရာရည်၊ ဆား၊ ငရုတ်ကောင်းနှင့် သံလွင်ဆီအနည်းငယ်ထားပြီးနယ်ထားပါ။
  • U.S. Frozen Hash Brown အာလူးကိုဆီများများနှင့်အကြွပ်ကြော်ပြီး ၂မိနစ်၊ ၃မိနစ်ခန့်အအေးခံထားပါ။
  • ကြော်ထားသောအာလူးကို အအေးခံပြီးလျှင် ထိုအာလူးအပေါ်တွင် အရသာနယ်ထားသော ထောပတ်သီးနှင့်ခရမ်းချဉ်သီးကို တစ်လွှာစီးခင်းပြီး မျက်နှာပြင်ကိုညီညီလေးညှိထားပေးပါ။ ထိုခရမ်းချဉ်သီးနှင့် ထောပတ်သီးအထပ်ပေါ်တွင် ဆလတ်ရွက်ခင်းပြီးနယ်ထားသော ငန်းပုံစံပုဇွန်အားတင်ကာ မရိုးနိစ်အသုံးပြုအလှဆင်ပြီး တည်ခင်းကျွေးမွေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.