fbpx

Side Dish Main Dish

အဆာသွတ် U.S Mashed Potato နှင့်မဆလာကြက်ကြိတ်သားအစပ်

  • No Reviews
  • Serves: ၅
    Prep Method: Slow Cooker
Share on Print

Ingredients

ပါ၀င်ပစ္စည်းများ

  • အာလူးအခွံ - ၁၅ ခု
  • U.S. Instant Mashed Potato Powder - ၃၀၀ ဂရမ်
  • ကြက်ကြိတ်သား - ၂၀၀ ဂရမ်
  • မဆလာမှုန့် - ၂၀ ဂရမ်
  • ငရုပ်သီးအနှစ် - ၂၀ ဂရမ်
  • ကိုရီးယားငရုတ်သီးအနှစ် - ၅၀ ဂရမ်
  • နံနံပင် (နုပ်နုပ်စဥ်း) - ၅၀ ဂရမ်
  • ငရုတ်သီးအနီတောင့် - ၁၀ တောင့်
  • ကြက်သွန်ဖြူ (နုပ်နုပ်စဥ်း) - ၅၀ ဂရမ်
  • ဆား၊ ငရုတ်ကောင်း - အနည်းငယ်
  • ငရုတ်ပွ (၀ါ ၊ စိမ်း ၊ နီ) နုပ်နုပ်စဥ်း - ၅၀ ဂရမ်
  • ကြက်သွန်နီ (နုပ်နုပ်စဥ်း) - ၅၀ ဂရမ်
  • မုန်လာဥနီ(နုပ်နုပ်စဥ်း) - ၅၀ ဂရမ်

Preparation

ပြုလုပ်ပုံအဆင့်ဆင့်

  • ၁။ ကြက်ကြိတ်သားကို ဆား ၊ ငရုတ်ကောင်းနှင့်အရသာနယ်ထားပါ။ အိုးထဲတွင် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီးအနှစ် ၊ မဆလာ ၊ ကိုးရီးယား ငရုတ်သီးအနှစ်တို့ကို ထည့်ပြီးဆီသတ်ပါ။ ကောင်းကောင်း ကျက်လာပြီးဆိုလျှင် အရသာနယ်ထားသော ကြက်ကြိတ်သားနှင့် နုပ်နုပ်စဥ်းထားသော အသီးအနှံများ ထည့်ပါ။ ထိုအသီးအနှံနှင့် ကြက်သားမွှေးပြီး ခြောက်လာသည်အထိ ဆီသတ်ပြီးလျှင် နံနံပင် ၊ ငရုတ်သီးအနီထောင့်ထည့်၍ အရသာမြည်းကြည့်ပါ။ လိုချင်သောအရသာရပြီဆိုလျှင် မီးဖိုပေါ်မှချပြီး ခဏဖယ်ထားပါ။
  • ၂။ အာလူးကို (၂)ခြမ်းခြမ်းပြီးအထဲကအာလူးသားများကိုထုတ်၍ ကြော်ထားပါ။ ပြီးလျှင်ဆီစစ်ပြီး အအေးခံထားပါ။ အခွံမှဆီအများကြီးကျန်၍ ပျော့အိမနေအောင်ဆီသုတ်ထားပါ။
  • ၃။ U.S. Instant Mashed Potato Powder ၁ဆနှင့်အရည် (ရေ ၊ နွားနို့ ၊ ခရင် ) ၈ဆ ရော၍ မီးဖိုပေါ်မှာ ကြိုပါ။ အဆိမ့်အရသာပိုမိုရရှိစေရန် ထောပတ်ကိုထည့်၍ အသုံးပြုနိုင်ပါသည်။ အရသာ အတွက် ဆား ၊ ငရုတ်ကောင်းထည့်၍ ကြော်ထားသော အားလူးခွက်ထဲသို့ ထည့်ပါ။ ထိုအာလူးပေါ်၌ ချက်ထားသောကြက်သားကိုတင်ပြီး ငရုတ်သီးနှင့်နံနံပင်များကိုတင်ကာ ကြိုက်နှစ်သက်သည့်ပုစံနှင့် အလှဆင်နိုင်ပါသည်။
  • ၄။ ထိုအလှဆင်ထားသောဟင်းပွဲအား ပုံမှန်အခန်း အပူချိန်တွင်လည်း တည်းခင်းကျွေးမွေးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.