fbpx

Dessert

U.S. Potato Blueberry Swiss Roll

  • No Reviews
  • Serves: ၃-၄
Share on Print

Ingredients

Blueberry Sponge ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ဥအနှစ် - ၉ လုံး
  • နွားနို့ (Full cream) - ၇၅ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ - ၇၅ ဂရမ်
  • Blueberry Filling - ၇၅ ဂရမ်
  • ကိတ်ဂျုံ - ၁၂၅ ဂရမ်
  • ဆား - ၂ ဂရမ်
  • Baking Powder - ၁၀ ဂရမ်
  • ကြက်ဥအကာ - ၉ လုံး
  • Cream of Tar Tar - ၅ ဂရမ်
  • သကြား - ၁၅၀ ဂရမ်

အာလူးခရင်မ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၁၀၀ ဂရမ်
  • နွားနို့ (Full cream) - ၅၀၀ ဂရမ်
  • Topping Cream - ၄၀၀ ဂရမ်
  • Icing Sugar - ၁၀၀ ဂရမ်

သရက်သီးနှင့်ပူဒီနာအသုပ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • သရက်သီး - ၃၀၀ ဂရမ်
  • ပူဒီနာရွက် - ၅၀ ဂရမ်
  • ပျားရည် - ၂၀ ဂရမ်

Blueberry Coulis ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • Blueberry သီးအနှစ် - ၂၅၀ ဂရမ်
  • သကြား - ၅၀ ဂရမ်
  • ပြောင်းဂျုံ - ၁၀ ဂရမ်

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

အာလူးခရင်မ်ပြုလုပ်နည်း 

  • U.S. Dehydrated Potato Flakes နှင့် နွားနို့ (Full cream) တို့ကို ရောပြီး မီးအေးအေးဖြင့် ဆူလာသည်အထိတည်ပါ။ Whipping Cream နှင့် Icing Sugar ကို ပျစ်လာသည်အထိ ခလောက်ပေးပါ။ အာလူးအနှစ်ကို Whipping Cream ထဲ ရောထည့်ပြီး ပျစ်လာသည်အထိ ဆက်ခလောက်ပေးပါ။ 

သရက်သီးနှင့်ပူဒီနာအသုပ်ပြုလုပ်နည်း

  • သရက်သီးကို အတုံးလေးများတုံးပြီး ပူဒီနာရွက်ကို လှီးထားကာ ရောမွှေပါ။ 

Blueberry Coulis ပြုလုပ်နည်း

  • ဒယ်ပြားအသေးထဲတွင် Blueberry အသီးအနှစ်နှင့် သကြားတို့ကိုထည့်ပြီး မိနစ်အနည်းငယ်ခန့် Blueberry သီးအနှစ်ဆူလာသည်အထိ အပူပေးပါ။ ဂျုံမှုန့်ဖြည်းဖြည်းချင်းထည့်ပြီး ခလောက်ပေးပါ။ 

Blueberry Sponge ပြုလုပ်နည်း

  • Oven ကို ၁၈၀°C အပူချိန်ရောက်သည်အထိ အပူပေးထားပါ။ အလယ်အလတ်ပန်းကန်တစ်လုံးထဲတွင် ကြက်ဥအနှစ်၊ နွားနို့ (full cream)၊ ဟင်းသီးဟင်းရွက်ဆီ၊ သကြားနှင့် Blueberry ယိုတို့ကို ရောမွှေပြီး ခလောက်ပါ။ 
  • ဂျုံမှုန့် နှင့် Baking powder ကို နောက်ထပ် အလယ်အလတ်ပန်းကန်တစ်လုံးထဲတွင် ဆန်ခါချပါ။ ဆားထည့်ပြီး ရောမွှေပါ။ မုန့်နှစ်အစိုကို ကုန်ခြောက်များထဲရောထည့်ပြီး သေချာခလောက်ပါ။ 
  • ပန်းကန်လုံးကြီးကြီးတစ်လုံးထဲတွင် ကြက်ဥအကာနှင့် Cream of Tar Tar ကို Electric Hand mixer နှင့် အမြုပ်ထလာသည်အထိ ခလောက်ပါ။ ကျန်ရှိနေသာပါဝင်ပစ္စည်းများကို ဖြည်းဖြည်းချင်းထည့်ပါ။ မွှေတံမြှောက်ကြည့်သောအခါ မုန့်နှစ်တန်းတန်းဖြစ်လာပြီး ကြက်ဥအကာများ ချောမွတ်လာသည်အထိ ခလောက်ပါ။ 
  • ကြက်ဥအနှစ်မုန့်နှစ်ကို ကြက်ဥအကာထဲသို့ လောင်းထည့်ပြီး ယောက်မဖြင့် ရောသွားအောင်ခေါက်ပါ။ မုန့်ဖုတ်စက္ကူခင်းထားသော angel baking tray ထဲသို့ မုန့်နှစ်များလောင်းထည့်ပါ။ မိနစ် ၃၀ ခန့်ဖုတ်ပါ။ 
  • မုန့်ဖုတ်စက္ကူကြီးကြီးပေါ်တွင် ပူပူနွေးနွေးအပေါ်ဘက်ခြမ်းကို မှောက်ပြီးတင်ထားပါ။ ယောက်မဖြင့် ကိတ်တစ်ခုလုံးပေါ်တွင် အာလူးခရင်မ်များညီညီညာညာြဖန့်ပါ။ အစွန်းတစ်ဖက်မှစပြီး မုန့်ဖုတ်စက္ကူဖြင့် ကိတ်ကိုဖြည်းဖြည်းချင်းလိပ်ပါ။ ကိတ်မုန့်လိပ်အစွန်းကို မှောက်လျက်ထားပြီး မုန့်ဖုတ်စက္ကူအစွန်းများကို ပိတ်လိုက်ပါ။ ကိတ်မုန့်ကို ဗန်းတစ်ခုပေါ်တင်ပြီး ကျစ်လစ်သွားစေရန် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၆ နာရီခန့်ထည့်ထားပါ။ 

ပန်းကန်ပေါ်တွင် ပြင်ဆင်ခြင်း

  • Blueberry Coulis ပုံတွင်ပြထားသည့်အတိုင်းနှင့်သရက်သီးပူဒီနာအသုပ်တို့ဖြင့် အလှဆင်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.