fbpx

Side Dish

U.S. အာလူးနှင့်ဆိတ်သားအဆာသွတ်

  • No Reviews
  • Serves: ၂ ယောက်စာ
Share on Print

Ingredients

ပါဝင်ပစ္စည်းများ

  • ဆိတ်သားနုပ်နုပ်စဉ်း - ၁၅၀ ဂရမ်
  • U.S. Potato Flakes - ၃၀၀ ဂရမ်
  • ကြက်သွန်နီနုပ်နုပ်စဉ်း - ၅၀ ဂရမ်
  • ဇီယာမှုန့် - ၃၀ ဂရမ်
  • နံနံစေ့မှုန့် - ၃၀ ဂရမ်
  • ဆား - ၅ ဂရမ်
  • ငရုတ်ကောင်းမှုန့် - ၃ ဂရမ်
  • ကြက်ဥ - ၂ လုံး
  • ဟင်းချက်ဆီ - ၂၀၀ မီလီလီတာ

Salad အတွက် ပါဝင်ပစ္စည်းများ

  • Frisee ဆလပ်ရွက် - ၅၀ ဂရမ်
  • ဆလတ်ရွက်အစိမ်းရောင် - ၅၀ ဂရမ်
  • ဆလတ်ရွက်အညိုရောင် - ၅၀ ဂရမ်
  • ရိုမိန်းဆလတ်ရွက်အသေး - ၅၀ ဂရမ်
  • ချယ်ရီခရမ်းချဉ်သီးအသေး - ၂၀ ဂရမ်
  • သံလွင်သီးအမဲနှင့်အစိမ်း - ၂၀ ဂရမ်
  • သံလွင်ဆီ - ၂၀ မီလီလီတာ
  • သံပုရာရည် - ၁၀ ဂရမ်
  • ဆား - ၃ ဂရမ်
  • ငရုတ်ကောင်းမှုန့် - ၂ ဂရမ်

Preparation

ပြုလုပ်ပုံအဆင့်ဆင့်

  • ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးလျှင် ဟင်းချက်အိုးထဲတွင် ဆီ ၅၀ မီလီလီတာကိုထည့်ပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ ပြီးလျှင် ဆိတ်သားနုပ်နုပ်စဥ်းကိုထည့်၍ လုံးပေးပါ။ ထို့နော်ဇီယာမှုန့် ၊ ဆား ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာစပ်ပါ။ အရသာရလျှင် မီးပိတ်ပြီး အအေးခံထားပါ။
  • S. Potato Flakes ကို ဆား ၊ ငရုတ်ကောင်းဖြင့်နယ်ပြီး ရေနွေးနွေးဖြင့် နှံ့အောင်နယ်ပါ။ အရမ်းမပျော့ပါစေနှင့်။ အနေတော်စေးစေးလေးဖြစ်အောင်မွှေပါ။ ထို့နောက် ၅၀ ဂရမ်အလုံးလေးများလုံးပြီး ချက်ထားသောဆိတ်သားကို လိုသလိုအဆာသွတ်ပေးပါ။
  • အထက်တွင်ဖော်ပြခဲ့သောအဆင့်များပြီးလျှင် ကြက်ဥနှစ်လုံးကို ယူ၍ အရသာထည့်ပြီး ခလောက်ထားပါ။ အိုးကို အပူပေးပြီး ဆီ ၁၅ မီလီလီတာကို ထည့်ပြီး မီးအေးအေးဖြင့်အပူပေးထားပါ။ ဆီပူလာလျှင် ပြင်ဆင်ထားသော အာလူးအဆာသွတ်ကို ကြက်ဥရည်နှစ်ပြီး မီးအေးအေဖြင့် ကြော်ပါ။ ရွှေရောင်သမ်းလာလျှင် အသင့်ပြင်ဆင်ထားသော ဆလတ်ရွက်နှင့်သုံးဆောင်နိုင်ပါသည်။
  • ဆလတ်ရွက်ပြင်ဆင်ရန်အတွက် ဆလတ်ရွက်အားလုံးကို ရေစင်အောင်နှစ်ခါသုံးခါပြန်ဆေးပြီး ရေစစ်ထားပါ။ အခြားပါဝင်ပစ္စည်းများကိုလည်း ရေဆေးပြီး လိုသလိုလှီးထားပါ။ ပြီးလျှင် သံပုရာရည် ၊ သံလွင်ဆီ ၊ ဆား ၊ ငရုတ်ကောင်းတို့ကို အချိုးကျထည့်ပြီး မွှေပေးပါ။ ထို့နောက်ဆလတ်ရွက်နှင့်ရောနယ်၍ စားသုံးနိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.