fbpx

Dessert

ယူအက်စ် အာလူး ကိတ်မုန့်

  • No Reviews
  • Serves: ၃-၄
Share on Print

Ingredients

Sponge ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ဥအနှစ် - ၉ လုံး
  • နွားနို့ (Full cream) - ၇၅ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ - ၇၅ ဂရမ်
  • ကိတ်ဂျုံ - ၁၂၅ ဂရမ်
  • ဆား - ၂ ဂရမ်
  • Baking Powder - ၁၀ ဂရမ်
  • ကြက်ဥအကာ - ၉ လုံး
  • Cream of Tar Tar - ၅ ဂရမ်
  • သကြား - ၁၅၀ ဂရမ်

Potato Mousse Cake ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၁၀၀ ဂရမ်
  • နွားနို့ (Full cream) - ၅၀၀ ဂရမ်
  • Whipping Cream - ၂၅၀ ဂရမ်
  • ကြက်ဥအနှစ် - ၇ လုံး
  • သကြား - ၁၅၀ ဂရမ်
  • Whipping Cream - ၃၀၀ ဂရမ်
  • Gelatin Sheet - ၂၀ ဂရမ်

Blueberry Coulis ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • Blueberry သီးအနှစ် - ၂၅၀ ဂရမ်
  • သကြား - ၅၀ ဂရမ်
  • ပြောင်းဂျုံ - ၁၀ ဂရမ်

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

Sponge ပြုလုပ်နည်း

  • Oven ကို ၁၈၀°C အပူချိန်ရောက်သည်အထိ အပူပေးထားပါ။ အလယ်အလတ်ပန်းကန်လုံးတစ်ခုထဲတွင် ကြက်ဥအနှစ်၊ နွားနို့ (full cream)၊ ဟင်းသီးဟင်းရွက်ဆီ၊ သကြားနှင့် Blueberry ယိုတို့ကို ရောမွှေပြီး ခလောက်ပါ။ 
  • ဂျုံမှုန့် နှင့် Baking powder ကို နောက်ထပ် အလယ်အလတ်ပန်းကန်တစ်လုံးထဲတွင် ဆန်ခါချပါ။ ဆားထည့်ပြီး ရောမွှေပါ။ မုန့်နှစ်အစိုကို ကုန်ခြောက်များထဲရောထည့်ပြီး သေချာခလောက်ပါ။ 
  • ပန်းကန်လုံးကြီးကြီးတစ်လုံးထဲတွင် ကြက်ဥအကာနှင့် Cream of Tar Tar ကို Electric Hand mixer နှင့် အမြုပ်ထလာသည်အထိ ခလောက်ပါ။ ကျန်ရှိနေသာပါဝင်ပစ္စည်းများကို ဖြည်းဖြည်းချင်းထည့်ပါ။ မွှေတံမြှောက်ကြည့်သောအခါ မုန့်နှစ်တန်းတန်းဖြစ်လာပြီး ကြက်ဥအကာများ ချောမွတ်လာသည်အထိ ခလောက်ပါ။ 
  • ကြက်ဥအနှစ်မုန့်နှစ်ကို ကြက်ဥအကာထဲသို့ လောင်းထည့်ပြီး ယောက်မဖြင့် ရောသွားအောင်ခေါက်ပါ။ မုန့်ဖုတ်စက္ကူခင်းထားသော angel baking tray ထဲသို့ မုန့်နှစ်များလောင်းထည့်ပါ။ မိနစ် ၃၀ ခန့်ဖုတ်ပါ။

Potato Mousse Cake ပြုလုပ်နည်း

  • U.S. Dehydrated Potato Flakes နှင့် နွားနို့ (Full cream) တို့ကို ရောပြီး မီးအေးအေးဖြင့် ဆူလာသည်အထိတည်ပါ။
  • Whipping Cream ကို ခလောက်ပါ။ သကြားနှင့်ရေကို ၁၁၅°C အပူချိန်ရောက်သည်အထိ တည်ပါ။ ကြက်ဥအနှစ်ထည့်ပြီး မုန့်နှစ်ချောမွတ်လာသည်အထိ သမအောင်ရောမွှေပါ။ လက်ဖြင့်ဖြည်းဖြည်းချင်းခေါက်ပေးပါ။ 
  • အာလူးအနှစ်ကို အအေးခံထားသော Sponge ပေါ်တွင် ဖြန့်လိုက်ပါ။ အဖုံးအုပ်ပြီး ၄ နာရီ သို့မဟုတ် တစ်ညသိပ်ထားပါ။ 

Blueberry Coulis ပြုလုပ်နည်း

  • ဒယ်ပြားအသေးထဲတွင် Blueberry အသီးအနှစ်နှင့် သကြားတို့ကိုထည့်ပြီး မိနစ်အနည်းငယ်ခန့် Blueberry သီးအနှစ်ဆူလာသည်အထိ အပူပေးပါ။ ဂျုံမှုန့်ဖြည်းဖြည်းချင်းထည့်ပြီး ခလောက်ပေးပါ။ 

ပန်းကန်ပေါ်တွင် ပြင်ဆင်ခြင်း

  • ပုံတွင်ပြထားသည့်အတိုင်း Blueberry Coulis နှင့် ရာသီအသီးအနှံများဖြင့် အလှဆင်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.