fbpx

Dessert

U.S. Potato Profiteroles

  • No Reviews
  • Serves: ၃-၄
Share on Print

Ingredients

U.S. Potato Profiteroles ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • ရေ - ၅၀၀ ဂရမ်
  • သကြား - ၂၀ ဂရမ်
  • ဆား - ၅ ဂရမ်
  • ထောပတ် - ၂၀၀ ဂရမ်
  • ကိတ်ဂျုံ - ၃၀၀ ဂရမ်
  • ကြက်ဥ - ၇ လုံး

အာလူးခရင်မ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • U.S. Dehydrated Potato Flakes - ၁၀၀ ဂရမ်
  • နွားနို့ (Full cream) - ၅၀၀ ဂရမ်
  • Whipping Cream - ၂၀၀ ဂရမ်
  • Icing Sugar - ၁၀၀ ဂရမ်

Chocolate Ganache ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • Dark Chocolate Couverture - ၂၅၀ ဂရမ်
  • Whipping Cream - ၂၅၀ ဂရမ်
  • ဆားမပါသောထောပတ် - ၅၀ ဂရမ်

Raspberry Coulis ပြုလုပ်ရန်ပါဝင်ပစ္စည်းများ

  • Raspberry သီးအနှစ် - ၂၅၀ ဂရမ်
  • သကြား - ၅၀ ဂရမ်
  • ပြောင်းဂျုံ - ၁၀ ဂရမ်

Preparation

ပြုလုပ်နည်းအဆင့်ဆင့်

အာလူးခရင်မ်ပြုလုပ်နည်း

  • U.S. Dehydrated Potato Flakes နှင့် နွားနို့ (Full cream) တို့ကို ရောပြီး မီးအေးအေးဖြင့် ဆူလာသည်အထိတည်ပါ။ Whipping Cream နှင့် Icing Sugar ကို ပျစ်လာသည်အထိခလောက်ပေးပါ။ အာလူးအနှစ်ကို Whipping Cream ထဲ ရောထည့်ပြီး ပျစ်လာသည်အထိ ဆက်ခလောက်ပေးပါ။ 

Chocolate Ganache ပြုလုပ်နည်း

  • Whipping cream ကို ဆူရုံတည်ပြီး Dark chocolate နှင့် ရောကာပျစ်လာသည်အထိမွှေပါ။ ပြီးလျှင် ထောပတ်ထည့်ပြီး သေချာသမသည်အထိ ရောမွှေပါ။ 

Raspberry Coulis ပြုလုပ်နည်း

  • အိုးအသေးတစ်လုံးထဲတွင် Raspberry သီးအနှစ်နှင့်သကြားထည့်ပြီး Raspberry သီးအနှစ် ဆူလာသည်အထိ အပူပေးပါ။ ပြောင်းဂျုံဖြည်းဖြည်းချင်းထည့်ပြီး ပျစ်လာသည်အထိ ခလောက်ပေးပါ။ 

ပြုလုပ်နည်း

  • Oven ကို ၂၂၀-၂၀၀°C အပူချိန်ရောက်သည်အထိ အပူပေးထားပါ။ Profiteroles ပြုလုပ်ရန်အတွက် ထောပတ်၊ ဆား၊ နှင့် caster sugar တို့ကို ဆော့စ်အိုးထဲတွင် ရေထည့်ပြီး မီးအေးအေးဖြင့် ထောပတ်နှင့် သကြားတို့ကို ပျော်လာသည်အထိထားပါ။ ဆူပွက်လာပါစေ။ မီးဖိုမှဖယ်ပြီး ဂျုံမှုန့်အားလုံး တပြိုင်နက်တည်းထည့်ကာ မုန့်နှစ်များအိုးနံရံမှ ကွာကျလာသည်အထိ သစ်သားဇွန်းတစ်ချောင်းဖြင့် အားပါပါနယ်ပါ။ 
  • ၅ မိနစ်ခန့် အအေးခံထားပါ။ ကြက်ဥနည်းနည်းဆီထည့်ကာ မွှေတံမြှောက်ကြည့်သောအခါ မုန့်နှစ်တန်းတန်းကျလာသည်အထိ ခလောက်ပါ။ ရလာသောမုန့်နှစ်ကို Tip ကြီးကြီးပါသော အိတ်ထဲထည့်ကာ မုန့်ဖုတ်စက္ကူခင်းထားသော မုန့်ဖုတ်ဗန်းပေါ်တွင် ၁ လက်မ မုန့်လုံးများညှစ်ထားပါ။ ထို့နောက် Oven ထဲထည့်ကာ ၁၈-၂၀ မိနစ်ခန့် မုန့်လုံးကောင်းကောင်းကြွလာပြီး အညိုရောင်သမ်းလာသည်အထိ ဖုတ်ပါ။ Oven မှ ထုတ်ပြီး wire rack ပေါ်တွင် အအေးခံထားပါ။ 
  • အေးပြီဆိုလျှင် အာလူးခရင်မ်ကို ပိုက်ဖြင့်ထည့်ပါ။ အပေါ်မှ Chocolate Ganache ဆမ်းပြီး တည်ခင်းနိုင်ပါသည်။ 

ပန်းကန်ပေါ်တွင် ပြင်ဆင်ခြင်း

  • ပုံတွင်ပြထားသည့်အတိုင်း Raspberry Coulis ဖြင့် အလှဆင်ပါ။ 

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.