fbpx
FY19 Q3 (also December) Breakfast Wake Up Call

အာလူးရှိအာဟာရဓာတ်များ၊ အာလူးအမျိုးအစားများနှင့် အာလူးနှင့်ဆိုင်သောအချက်အလက်များ

အာလူးများ၏အနှစ်အရသာကို ခံစားကြည့်ပါ – သဘာဝတရားကြီး၏ အကောင်းဆုံးထိန်းသိမ်းထားသော လျို့ဝက်ချက်!

အာလူးရှိအာဟာရဓာတ်များ

အာလူးများသည် အခြားရေပန်းစားသော ဟင်းသီးဟင်းရွက်များထက် စွမ်းအင်များပိုမိုပါဝင်ပြီး ငှက်ပျောသီးတစ်လုံး ထက် ပိုတက်ဆီယမ်ဓာတ်ပိုမိုပါဝင်သည့်အကြောင်း သင်သိပါသလား။ ကယ်လိုရီ ၁၁၀ သာရှိသော အခွံမခွာထားသည့် အလယ်အလတ်အရွယ်အာလူးတစ်လုံးသည် ကာဘိုဟိုက်ဒြိတ်၊ ပိုတက်ဆီယမ် နှင့် သင်အကောင်းဆုံးလှုပ်ရှားစွမ်းဆောင်နိုင်ရန် လိုအပ်သော စွမ်းအင်နှင့်အတူ နေ့စဉ်လိုအပ်သော ဗီတာမင်-စီ ပမာဏ၏ ၃၀% ကိုပေးစွမ်းနိုင်သည်။

အာလူးနှင့်အာဟာရဓာတ်များအကြောင်းကိုလေ့လာနိုင်ရန် ဆက်လက်ဖတ်ရှုပါ။

အာလူးအမျိုးအစားများ

မည်သည့်အာလူးအမျိုးအစားများသည် မီးဖုတ်ရန်၊ အာလူးထောင်းပြုလုပ်ရန် သို့မဟုတ် မီးကင်ရန် အသင့်တော်ဆုံးဖြစ်သည်ကို သိရှိလိုပါသလား။ မျက်လုံးပါသောအာလူးညို၊ အာလူးနီ၊ အာလူးဝါ၊ အပြာရောင်/ခရမ်းရောင်အာလူး၊ လက်ချောင်းသဏ္ဍာန်အာလူးနှင့် အာလူးပုများဟူ၍ ရွေးချယ်စရာအမျိုးအစား ၇မျိုးရှိပြီး တစ်ခုချင်းစီတွင် ၎င်းတို့ကိုယ်ပိုင် သွင်ပြင်လက္ခဏာများနှင့် ချက်နည်း အကြံပြုချက်များရှိသည်။

သင်အနှစ်သက်ဆုံးအာလူးအမျိုးအစားကို ရှာဖွေလိုက်ပါ။

အာလူးများကိုမည်သို့ချက်ပြုတ်သင့်သနည်း။

အာလူးများကိုပြင်ဆင်ချက်ပြုတ်ရန် မီးဖုတ်ခြင်း၊ အာလူးထောင်း၊ မီးကင်ခြင်း၊ au gratin နှင့် အာလူးပိုးတီဟူ၍ မတူညီသော်နည်းလမ်းများရှိသည်။

အာလူးများပြင်ဆင်ချက်ပြုတ်ခြင်းကို ပိုင်နိုင်အောင်သင်ယူလိုက်ပါ

အားအင်ပြည့်ဝသောစွမ်းဆောင်မှုများ

သင်နှင့်သင်၏အကောင်းဆုံးစွမ်းဆောင်နိုင်သည့်အခြေအနေ တို့ကွာခြားချက်သည် သင်မည်ကဲ့သို့ အားအင်ဖြည့်တင်းသည်ဟူသော အချက်အပေါ် မူတည်သည်။ အာလူးများသည် သင်အကောင်းဆုံးလှုပ်ရှားစွမ်းဆောင်နိုင်ရန် လိုအပ်သည့် ပေါင်းစပ်ကာဘိုဟိုက်ဒြိတ်များ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ် နှင့် ဗီတာမင်-စီ တို့ကိုပေးစွမ်းနိုင်သည်။

သင်၏လှုပ်ရှားစွမ်းဆောင်မှုများကို အာလူးများဖြင့် စွမ်းအင်ဖြည့်တင်းလိုက်ပါ။

စွမ်းဆောင်ရည်

အာလူးများနှင့်ကြံခိုင်စွမ်းရည်စွမ်းဆောင်မှု

အာလူးများသည် အားကစားသမားတစ်ဦး၏ စားသောက်မှုတွင် အကျိုးပြုပါသလား။   အာလူးများသည် အားကစားသမားတစ်ဦး၏ စားသောက်မှုတွင် အကျိုးပြုပါသည်။ အခွံမခွာထားသော အလယ်အလတ် ( ၅.၃အောင်စ) အာလူးတွင် ကာဘိုဟိုက်ဒြိတ် ၂၆ဂရမ်၊ ပိုတကဆီယမ် ၆၂ဝမီလီဂရမ် နှင့် စွမ်းအင်အတွက် ကယ်လိုရီ ၁၁ဝပါဝင်သည်။ ၄င်းတို့သည် အားကစားသမားများနှင့် လူတစ်ဦးတစ်ယောက်ချင်းအတွက် အဓိကအရေးပါသော အာဟာရဓာတ်များဖြစ်သည်။ အချက်အလက်များ အာလူးများသည် အာဟာရဓာတ်သိပ်သည်းစွာပါဝင်သည့် ကာဘိုဟိုက်ဒြိတ်အမျိုးမျိူးကိုပေးစွမ်းနိုင်သည်။ အခွံမခွာထားသော အလယ်အလတ် ( ၅.၃ အောင်စ) အာလူးတွင် ကာဘိုဟိုက်ဒြိတ် ၂၆ဂရမ် ပါရှိသည်။ ကာဘိုဟိုက်ဒြိတ်သည် ဦးနှောက်နှင့် ကြွက်သားများအတွက် အဓိကလောင်စာအရင်းအမြစ်ဖြစ်သည်။ ကာဘိုဟိုက်ဒြိတ်သည် သင့်မြတ်သော ကိုယ်ခန္ဓာ နှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုများအတွက် အရေးပါသည်။2 ကိုယ်ခန္ဓာတွင် ကာဘိုဟိုက်ဒြိတ်သိုလှောင်မှုသည် အကန့်အသတ်ရှိပြီး ကိုယ်လက်လှုပ်ရှားအပြင်းအထန် (သို့) ရှည်ကြာစွာပြုလုပ်လျှင် လျော့နည်းလာနိုင်ခြင်းတို့ကြောင့် ၄င်းတို့ကိုပြန်လည်ဖြည့်တင်းရန် အရေးကြီးသည်။ အာလူးများတွင် အလတ်စားငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ်ပိုမိုပါရှိသည်။ အကျိုးပြုပါသည်။ အခွံမခွာထားသော…

Meal Prep with Potatoes

အာလူးနှင့်ဆိုင်သော စိတ်ဝင်စားဖွယ်ရာအချက်အလက်များ

အာလူးများသည် သက်တမ်းဘယ်လောက်ရှိပြီလဲ?

ဘီစီ ၈၀၀၀ မှ ဘီစီ ၅၀၀၀ အတွင်းတွင် ပီရူးနိုင်ငံရှိ Inca Indians များသည် အာလူးများကို ပထမဆုံးပျိုးထောင် စိုက်ပျိုးခဲ့သည်။ စပိန်အောင်နိုင်သူများသည် ၁၅၃၆ခုနှစ်တွင် ပီရူးနိုင်ငံကိုသိမ်းပိုက်ခဲ့ပြီး အာလူး၏အရသာကိုရှာဖွေတွေ့ရှိကာ ဥရောပသို့ သယ်ဆောင်သွားခဲ့သည်။

အာလူးနှင့်ဆိုင်သောသင်၏ဗဟုသုတများကို အရောင်တင်လိုက်ပါ။

အာလူးနှင့်ဆိုင်သော နည်းပရိယာယ်များ

မည်သည့်နည်းလမ်းသည် အာလူးများကိုသိုလှောင်ရန် အကောင်းဆုံးဖြစ်သနည်း?

အာလူးများကို အေးမြပြီး လေဝင်လေထွက်ကောင်းသော နေရောင်ခြည်နှင့်မထိတွေ့နိုင်သည့်နေရာတွင်သိုလှောင်သင့်သည်။ အပေါက်ဖောက်ထားသောပလက်စတစ်အိတ်များနှင့် စက္ကူအိတ်များသည် သက်တမ်းပိုမိုကြာရှည်စေရန် အကောင်းဆုံးသောပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။

အာလူးများကိုသိုလှောင်ရန်လမ်းညွှန်

အာလူးနှင့်ဆိုင်သော မေးလေ့ရှိသည့်မေးခွန်းများ

အာလူးများသည် ကိုယ်အလေးချိန်မြင့်တက်စေပါသလား။

အာလူးများသည် ကိုယ်အလေးချိန်မမြင့်တက်စေနိုင်ပါ။ အခွံမခွာထားသော ၅.၃အောင်စအရွယ်အာလူးတွင် ကယ်လိုရီ ၁၁၀ သာပါဝင်ပြီး အဆီဓာတ်မပါဝင်ပါ။ လူတစ်ဉီးသည် သူသုံးစွဲလိုက်သော ကယ်လိုရီထက် ပိုမိုစားသုံးမှသာလျှင် ကိုယ်အလေးချိန်မြင့်တက်ကြောင်း ပညာရှင်များကထောက်ခံထားသည်။

အာလူးနှင့်ပက်သက်ပြီး ပိုမိုသိရှိရန်
1 of 3

POTATO TIPS & TRICKS

The Perfect Mashed Potato

It’s the great potato debate! How to make perfect mashed potatoes?  With skins or without? Russets, yellows, reds, or whites? Whatever your preference, we have your basic recipe for boiling and mashing to get the perfect consistency.

Secret to Perfect Mashed Potatoes