Appetizer
Snack
U.S. Potato & Curried Chicken Balls with Grilled garlic sauce
Ready Time: 45min
No Reviews
Prep Time: 30min
Cook Time: 15min
Cuisine: American
Serves: ၄ ယောက်စာ
Prep Method: Fried
Ingredients
အာလူးထောင်းအတွက် ပါဝင်ပစ္စည်းများ
- U.S. Dehydrated Potato Flakes - ၂၀ဝ ဂရမ်
- ကြက်ပြုတ်ရည် - ၁၀ဝ ဂရမ်
ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ
- ကြက်ပေါင်တောက်တောက်စဉ်း - ၁၅၀ ဂရမ်
- ခရမ်းချဉ်သီး (အခွံခွာ၊ အစေ့ထုတ်၊ လှီးထား) - ၁၀ဝ ဂရမ်
- ကြက်သွန်နီ - ၅၀ ဂရမ်
- ကြက်သွန်ဖြူ - ၂၀ ဂရမ်
- ငရုတ်သီးမှုန့် - ၁၀ ဂရမ်
- နနွင်းမှုန့် - ၁၀ ဂရမ်
- နံနံပင် - ၁၅ ဂရမ်
- သံလွင်ဆီ - ၂၀ ဂရမ်
အာလူး နှင့် ကြက်သားလုံးဟင်းအတွက် ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် - ၅၀ ဂရမ်
- ပေါင်မုန့်ကပ် - ၁၀ဝ ဂရမ်
- ကြက်ဥ (ခလောက်ထားပါ) - ၂ လုံး
ကြက်သွန်ဖြူဆော့စ်အတွက် ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ (မီးဖုတ်ထားပါ) - ၃ မွှာ
- မရိုးနစ် - ၇၀ ဂရမ်
- သံပုရာရည် - ၁ လုံး
- တရုတ်နံနံ (လှီးထားပါ) - ၁၀ ဂရမ်
Preparation
Prep Time: 30min | Cook Time: 15min
ပြုလုပ်ပုံ
- အာလူးထောင်းပြုလုပ်ရန်အတွက် U.S. Dehydrated Potato Flakes ကို ကြက်ပြုတ်ရည်ပူပူဖြင့်ရောပါ။ လိုအပ်လျှင် ရေနွေးထည့်ပါ။
ပြုလုပ်ပုံအဆင့်ဆင့်
- ကြက်သားဟင်းချက်ရန်အတွက် အပူပေးထားသောဒယ်အိုးထဲတွင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို သံလွင်ဆီဖြင့် မိနစ်အနည်းငယ်ဆီသပ်ပါ။ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်ထည့်ပြီး ဆက်ပြီး ဆီသပ်ပါ။
- ကြက်သားတောက်တောက်စဉ်းထည့်ပြီး ၇-၁၀ မိနစ်ခန့်တည်ပါ။ ခရမ်းချဉ်သီးထည့်ပြီး ဆက်တည်ထားပါ။ အရသာအတွက် ဆား ၊ ငရုတ်ကောင်းထည့်ပါ။ နောက်ဆုံးအနေဖြင့် လှီးထားသော နံနံပင်အုပ်ပါ။
ပြုလုပ်ပုံအဆင့်ဆင့်
- ဇလုံတစ်ခုထဲတွင် အာလူးထောင်း ၊ ကြက်သားဟင်းတို့ကိုရောပြီး ကြက်သားအာလူးအလုံးလေးများဖြစ်အောင်လုပ်ပါ (နှစ်သက်ရာပုံပြုလုပ်နိုင်ပါသည်)။
- ဂျုံမှုန့် ၊ ကြက်ဥအနှစ် နှင့် ပေါင်မုန့်ကပ်တို့ကို ပန်းကန်တစ်ခုချင်းစီတွင် သပ်သပ်စီထည့်ထားပါ။
အလုံးလေးများကို ပထမဆုံးဂျုံမှုန်ကပ်ပါ။ ကြက်ဥအနှစ်တွင်စိမ်ပါ။ နောက်ဆုံးအနေဖြင့် ပေါင်မုန့်ကပ်ကပ်ပါ။ အလုံးတစ်ခုလုံးအုပ်နေအောင် သေချာကပ်ပါ။
ပြုလုပ်ပုံ
- မီးဖုတ်ထားသောကြက်သွန်ဖြူကိုချေပြီး တခြား ပါဝင်ပစ္စည်းများဖြင့် ရောပါ။ အရသာအတွက် ဆား ၊ ငရုတ်ကောင်းထည့်ပါ။