Appetizer
Side Dish
Potato Nuggets
Ready Time: 30min
No Reviews
Prep Time: 20min
Cook Time: 10min
Potato Type: Yellow
Serves: ၄ ဦးစာ
Prep Method: Fried
Ingredients
ပါ၀င်ပစည်းများ
- အလယ်အလတ်အရွယ် အာလူး၀ါ - ၄လုံး
- Sour Cream - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- Colby Jack Cheese - ချိန်ခွက် ၃ပုံ၁ပုံ
- Kosher ဆား (မိမိအကြိုက်အနည်းအများချိန်ရန်) - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငရုတ်ကောင်း (မိမိအကြိုက်အနည်းအများချိန်ရန်) - လက်ဖက်ရည်ဇွန်း တစ်၀က်
- အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ပေါင်မုန့်ခြောက်မှုန့် - ချိန်ခွက် ၁ခွက်
အချဉ်ရည်
- ခရမ်းချဉ်သီးဆော့ - ချိန်ခွက် တစ်၀က်
- မယိုးနစ် - ချိန်ခွက် ၄ပုံ၁ပုံ
Preparation
Prep Time: 20min | Cook Time: 10min
- အာလူးများကိုအခွံခွာပါ။ လက်မ၀က်အရွယ် အတုံးလေးများတုံးပါ။ အာလူးများကိုရေထည့် ထားသောအိုးထဲသို့ထည့်ပါ။ အာလူးကိုရေမြုပ်နေစေရန် သေချာပါစေ။ အာလူးများကိုပြုတ်ပါ။ ၁၂–၁၅မိနစ်ခန့်ပြုတ်ပါ (သို့) ခက်ရင်းနှင့်ထိုးကြည့်သောအခါ အာလူးများပျော့လာသည်ထိပြုတ်ပါ။ အာလူးများကိုရေစစ်လိုက်ပြီးနောက် ဇလုံခပ်ကြီးကြီးထဲသို့ ထည့်လိုက်ပါ။
- ဇလုံထဲသို့ Sour Cream၊ ချိစ့်၊ ဆား၊ ငရုတ်ကောင်း၊အရောင်တင်မှုန့်နှင့် ကြက်သွန်ဖြူမှုန့်တို့ ထည့်ပါ။ ခက်ရင်းဖြင့် (သို့) အာလူးခြေတံဖြင့် အာလူးများချောမွေ့စွာကြေသွားသည်အထိ ခြေပေးပါ။ ရေခဲမုန့်ကော်ခွက်အသေး (သို့) လက်ဖက်ရည်ဇွန်းဖြင့် အတုံးအသေးလေးများဖြစ် စေရန်ပုံသွင်းလိုက်ပါ။ ဆီစိမ်စကခံထားသော ဒယ်ပြားပေါ်တွင် စီထားလိုက်ပါ။ ၄င်းတို့အား မိနစ် (၃၀) (သို့) ကြော်ရန်အသင့်ဖြစ်သည်အထိ အအေးခံထားပါ။
- အသင့်ဖြစ်ပြီဆိုပါက ၄င်းအာလူးတုံးလေးများကို ပေါင်မုန့်ခြောက်မှုန့်ဖြင့်ကပ်ပါ။ ၄၀၀ ဒီဂရီဖာရင်ဟိုက်တွင် (၈ – ၁၀) မိနစ်ခန့် Air Fryer ဖြင့်ကြော်ပါ။ (အချိန်တစ်၀က်တွင် တစ်ဖက်လှန်ပေးပါ) အာလူးတုံးလေးများသည် ရွှေ၀ါရောင်ဖြစ်နေပြီး ကြွပ်ရွနေပါလိမ့်မည်။
- တို့စားဖို့အချဉ်ရည်လုပ်ရန်အတွက် ခရမ်းချဉ်သီးဆော့နှင့် မယိုးနစ်တို့ကို ကောင်းစွာရောနှော သွားသည်အထိ မွှေပေးလိုက်ပါ။