fbpx

Appetizer Snack

ဆားငံဘဲဥ၊ နံနံပင်တို့ဖြင့်ကြော်ထားသော U.S. အေးခဲအာလူးချောင်း

  • Ready Time: 30min
    No Reviews
  • Prep Time: 10min
    Cook Time: 20min
  • Serves: 4
Share on Print

Ingredients

အဓိကပါ၀င်ပစ္စည်းများ

  • U.S. Straight Cut Potatoes - ၃၀၀ဂရမ်
  • ဘဲဥဆားငံအနှစ် - ၂လုံး

အနှစ်ပြုလုပ်ရန်ပါ၀င်ပစ္စည်းများ

  • ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်နီ(နုပ်နုပ်စဉ်း) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံပင် (နုပ်နုပ်စဉ်း) - ၁၅ ဂရမ်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ကြက်သားမှုန့်/အချိုမှုန့်/အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆားမပါသော ထောပတ် - ၂၀ ဂရမ်

Preparation
Prep Time: 10min | Cook Time: 20min

  •  U.S. Straight Cut အာလူးများကို air fryer ထဲတွင် အပူချိန် ၁၈၀ဒီဂရီစီ ထားပြီး ၁၅မိနစ်ခန့်ကြော်ပါ။ အာလူးချောင်းများ ကြွပ်ပြီးရွှေညိုရောင်သမ်းလာသည်အထိကြော်ပေးပါ။
  •  ဆားငံဘဲဥများကိုဆေးကာ (၈) မိနစ်ခန့်ပေါင်းပေးပါ။ ထို့နောက်ခြေပါ။
  • အခြားဒယ်အိုးတစ်ခုထဲတွင် ‌ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်လာပါက နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်နီထည့်ကာ အနံ့မွှေးလာသည်အထိ မွှေပေးပါ။ ထို့နောက် နံနံပင်နှင့် ခြေထားသော ဆားငံဘဲဉများထည့်ကာ သမသည်အထိမွှေပေး ပါ။ သမသွားပြီဆိုပါက ငရုတ်ကောင်း၊ ဆားနှင့် ကြက်သားမှုန့် (သို့) အချိုမှုန့် (သို့) အရသာမှုန့် (ထည့်လိုပါက) ထည့်ပါ။
  • နောက်ဆုံးတွင် အာလူးချောင်းကြော်များကို ဆားငံဘဲဥအနှစ်ထဲတွင် ထည့်ကာ အာလူးချောင်းများပေါ်တွင်အနှစ်များအုပ်သွားသည်အထိ ခလောက်ပေးပါ။

ဟင်းပွဲပြင်ဆင်ခြင်း – ဘဲဥဆားငံအနှစ်အုပ်ထားသောအာလူးချောင်းများကိုပန်းကန်တွင်းထည့် ကာအပေါ်မှ နံနံပင်၊ နုတ်နုတ်စဉ်းထားသောငရုတ်သီးစိမ်း (ထည့်လိုပါက) ဖြူးပေးပါ။

မှတ်ချက် – ဆားငံဘဲဥအားညှီနံ့ပျောက်စေရန် ၀ိုင်ဖြူဖြင့် ဆေးပေးရန်လိုပါသည်။

Nutrition

Calories164
Fat8.1g
Sodium411mg
Cholesterol65
Carbohydrates19.2g
Fiber2g
Protein2.9g
Sugar0.1g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.