fbpx

အာဟာရဓာတ်

ဆန်းသစ်သောစိတ်ကူးများအတွက်မှတ်စု

သွေးချိုထိန်းမှတ်( Glycemic Index )

အာလူးများသည် သွေးချိုထိန်းမှတ်မြင့်မားပါသလား။

အာလူးများ၏ သွေးချိုထိန်းမှတ်များသည် အလွန့်အလွန်ပြောင်းလဲနိုင်ပြီး အာလူးအမျိုးအစား၊ ဇာတိ၊ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြင်ဆင်မှုတို့အပါအဝင် အမျိုးစုံသောအကြောင်းအရာများပေါ်တွင်မူတည်သည်။

အကြောင်းအရာ

မူလက  သွေးချိုထိန်းမှတ်ကို  အမျိုးအစား (၁) ဆီးချိုရောဂါအတွက် စားသောက်နေထိုင်မှုပုံစံကို စီမံသောအရာအဖြစ်ယူဆခဲ့ကြသည်။ သုတေသနေပညာရှင်များသည် ကလူးကိုစ်နှင့် ယှဉ်၍ အမျိုးမျိုးသော ကာဗိုဟိုက်ဒြိတ်များ၏ သွေးတွင်းသကြားဓာတ်အပေါ်အကျိူးသက်ရောက်မှုကို နည်းစနစ်ကျကျ စမ်းသပ်ရန် ကြိုးစားခဲ့ကြသည်။ ဤစမ်းသပ်မှုကို သွေးချိုထိန်းမှတ်ဟုခေါ်သည်။ နှစ်ပေါင်း၂ဝခန့်ကြာသောအခါ သွေးချိုထိန်းမှတ်မြင့်၊ သွေးချိုထိန်းမှတ်အသင့်အတင့်နှင့် သွေးချိုထိန်းမှတ်နိမ့်ခြင်းဟူ၍ သွေးချိုထိန်းမှတ် ၃မျိုးရှိလာသည်။ ကစီဓာတ်ပါဝင်မှုမြင့်သော အစားအစာများ (ပေါင်မုန့်၊ ပါစတာခေါက်ဆွဲ၊ ထမင်း၊ နှင့် အာလူးကဲ့သို့သော ကစီဓာတ်ကဲသော ဟင်းသီးဟင်းရွက်များ)တွင် သွေးချိုထိန်းမှတ်မြင့်သည်ဟု သတ်မှတ်ခဲ့ပြီး ၄င်းသွေးချိုထိန်းမှတ်မြင့်သော အစားအစာများသည် သွေးတွင်းသကြားဓာတ်အပြင် ကျန်းမာရေးကိုလည်း ထိခိုက်စေသည်ဟု ထင်မြင်ခဲ့ကြသည်။

၄င်းစမ်းသပ်မှုအပြီးနောက်ပိုင်းတွင် သုတေသနပညာရှင်များသည် ကျန်းမာစွာစားသောက်ခြင်းပိရမစ်ကို ဖန်တီးခဲ့ပြီး ၄င်းပိရမစ်၏ထိပ်ဆုံးတွင် အာလူးများကို သွေးချိုထိန်းမှတ်မြင့်သောကြောင့် ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာတစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ကနဦးမှ နှစ်ပေါင်း၃ဝမကကြာသည်ထိ သွေးချိုထိန်းမှတ်၏ လက်တွေ့ကျသောရည်ရွယ်ချက်များနှင့် အသုံးချမှုများနှင့်ပက်သက်၍ အငြင်းပွားမှုများဆက်လက်ဖြစ်ပွားခဲ့သည်။ သွေးချိုထိန်းမှတ်နှင့်ဆိုင်သော လေ့လာမှုများစွာထုတ်ပြန်ခဲ့ပြီး စားသောက်မှုပုံစံနှင့်ဆိုင်သော နာမည်ကြီးစာအုပ်များစွာက ၄င်း၏အသုံးပြုမှုကိုထောက်ခံခဲ့သော်လည်း သွေးချိုထိန်းမှတ်နှင့် ရေရှည်ကျန်းမာရေးတို့ကြား ဆက်နွယ်မှုကို သက်သေမပြနိုင်သေးပါ။

အချက်အလက်များ

PDF ဖိုင်ရယူရန် : အာလူးရှိသွေးချိုထိန်းမှတ်→

 

ကိုးကားချက်များ

1. Fernandes G, Velangi A, Wolever TMS. Glycemic index of potatoes commonly consumed in North America. J Am Diet Assoc. 2005;105:557-562.
2. Jenkins DJ, Wolever TM, Taylor RH, et al. Glycemic index of foods: A physiological basis for carbohydrate exchange. Am J Clin Nutr. 1981;34:362-366.
3. Pi Sunyer FX. Glycemic index and disease. Am J Clin Nutr 2002 Jul;76(1):290S-8S.
4. Brand-Miller J, Wolever TMS, Foster-Powell K, Colagiuri S. The new glucose revolution. 2nd ed. New York: Marlowe & Company; 2003.
5. Wilett WC, Skerrett PJ. Eat, Drink and Be Healthy: the Harvard Medical School Guide to Healthy Eating. 2005. Free Press, NY.
6. Mattan NR, Ausman LM, Meng H, et al. Estimating the reliability of glycemic index values and potential sources of methodological and biological variability. Am J Clin Nutr. 2016;104:1004-1013.
7. Henry CJ, Lightowler HJ, Kendall FL, Storey M. The impact of the addition of toppings/fillings on the glycaemic response to commonly consumed carbohydrate foods. Eur J Clin Nutr. 2006 Jun;60(6):763-9.
8. Henry CJ, Lightowler HJ, Strik CM, Storey M. Glycaemic index values for commercially available potatoes in Great Britain. Br J Nutr. 2005 Dec;94(6):917-21.
9. U.S. Department of Health and Human Services and U.S. Department of Agriculture. Report of the Dietary Guidelines Advisory Committee on the Dietary Guidelines for Americans, 2010. Available at https://health.gov/dietaryguidelines/2010/
10. U.S. Department of Health and Human Services and U.S. Department of Agriculture. 2015 – 2020 Dietary Guidelines for Americans. 8th Edition. December 2015. Available at http://health.gov/dietaryguidelines/2015/guidelines/