အာလူးများနှင့်ကိုယ်အလေးချိန်လျော့ချခြင်း
အကယ်၍ ကိုယ်အလေးချိန်လျော့ချဖို့ ကြိုးစားနေလျှင် အာလူးကိုရှောင်ကြဉ်ဖို့လိုအပ်ပါသလား။
ကိုယ်အလေးချိန်လျော့ချဖို့ ကြိုးစားနေလျှင် အာလူးကိုရှောင်ကြဉ်ဖို့မလိုအပ်ပါ။ သုတေသနများအရ လူများသည် အာလူးစားသုံးသော်လည်း ကိုယ်အလေးချိန်လျော့ချနိုင်ကြသည်။
အချက်အလက်များ
ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ပြင်ဆင်ပါက အာလူးများသည် ကိုယ်အလေးချိန်လျော့ချခြင်းကို ဟန့်တားစေနိုင်သည်ဟုဆိုသော အထောက်အထားမရှိပါ၊
- Journal of the American College of Nutrition တွင်ဖော်ပြထားသော လေ့လာချက်အရ လူများသည် အာလူးစားသုံးသော်လည်း ကိုယ်အလေးချိန်လျော့ချနိုင်ကြသည်။
- University of California at Davis နှင့် the Illinois Institute of Technology တို့ပူးပေါင်း၍ နေ့စဉ်စားသောက်မှုတွင် အာလူးကိုထည့်သွင်းလိုက်သော်အခါ ကိုယ်အလေးချိန်လျော့ချခြင်းတွင် ကယ်လိုရီလျော့ချခြင်းနှင့် သွေးချိုထိန်းမှတ်တို့၏အခန်းကဏ္ဍကိုပိုမိုနားလည်အောင်လေ့လာခဲ့သည်။ အဝလွန်နေသော အမျိုးသား၊ အမျိုးသမီးအယောက် ၉၀ ကို (၁) ကယ်လိုရီနည်းပြီး GI မြင့်သောအုပ်စု (၂)ကယ်လိုရီနည်းပြီး GI နိမ့်သောအုပ်စု (၃) ကယ်လိုရီနှင့် GI ကန့်သတ်ချက်မရှိသောအုပ်စုဟူ၍ အုပ်စုများကျပန်းခွဲကာ အုပ်စု၃စုလုံးကို ကျန်းမာရေးနှင့်ညီညွတ်သောချက်ပြုတ်နည်းများနှင့်တကွ အာလူးများထောက်ပံ့ပေးပြီး တစ်ပတ်လျှင် အာလူး ၅ကြိမ်မှရကြိမ်စားရန် ညွှန်ကြားသည်။ ပါဝင်သူအယောက် ၉ဝလုံးသည် ကိုယ်လက်လှုပ်ရှားမှုလည်း အသင့်အတင့်လုပ်ရသည်။ စောင့်ကြည့်ကာလ ၁၂ပတ်ကြာပြီးနောက်တွင် အုပ်စုအားလုံး အလေးချိန်လျော့ကျသွားပြီး လျော့ကျသွားသောအလေးချိန်ပမာဏမှာလည်း အုပ်စုတစ်ခုနှင့်တစ်ခု သိသိသာသာမကွာခြားကြောင်းတွေ့ရသည်။
- နောက်ထပ်သုတေသနများလိုအပ်သော်လည်း လတ်တလော စနစ်တကျပြန်လည်ဆန်းစစ်မှုနှင့် စိစစ်တွေ့ရှိချက်အရ ဤလေ့လာချက်သည် အာလူးစားသုံးမှုနှင့် အဝလွန်ခြင်းအန္တရာယ်တို့ကြားဆက်နွယ်မှုကိုဖော်ပြရန် ယုံကြည်လောက်သော အထောက်အထားကိုမပေးစွမ်းပါ။ အမေရိကန်လူမျိုးများအတွက်ဓာတ်စာလမ်းညွှန်ချက်များတွင် မိမိစားသုံးသော ကယ်လိုရီပမာဏကို ထိန်းသိမ်းခြင်းသည် စားသုံးလိုက်သောကယ်လိုရီနှင့် ဇီဝဖြစ်ပျက်မှုနှင့် ကိုယ်ခန္တာလှုပ်ရှားမှုတို့ မှသုံးစွဲလိုက်သောကယ်လိုရီများ မျှတအောင် ထိန်းသိမ်းရန်အတွက်အခြေခံဖြစ်ကြောင်း အခိုင်အမာဆိုထားသည်။ သီးခြားအစားအသောက်တစ်ခုမဟုတ်ဘဲ ကယ်လိုရီမျှတခြင်းသည်သာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းအတွက် သော့ချက် တစ်ခု ဖြစ်သည်။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ချရန်အတွင် လူများသည် မိမိတို့ အစားအသောက်များမှရရှိသော ကယ်လိုရီကိုလျှော့ချပြီး ကိုယ်လက်လှုပ်ရှားမှုများ တိုး၍လုပ်ဆောင်ရန်လိုအပ်သည်။
PDF ဖိုင်ရယူရန် : အာလူးများနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း→
ကိုးကားချက်များ
- Randolph JM, Edirisinghe I, Msoni AM, Kappadoda T, Burton-Freeman B.Potatoes, Glycemic Index, and Weight Loss in Free-Living Individuals: Practical Implications, J Am Coll Nutr. 2014. 33:5, 375-384, DOI: 1080/07315724.2013.875441
- Borch D, Juul-Hindsgaul N, Veller M, Astrup A, Jaskolowski J, Raben A. Potatoes and risk of obesity, type 2 diabetes, and cardiovascular disease in apparently healthy adults: a systematic review of clinical intervention and observational studies. Am J Clin Nutr. 2016. 104(2):489-98.
- 2015-2020 Dietary Guidelines for Americans. https://health.gov/dietaryguidelines/2015/guidelines/executive-summary/ Accessed May 28, 2018.