fbpx

Main Dish

မွှေးရနံ့ကြိုင် U.S. အာလူးချောင်းကြော်

  • No Reviews
  • Serves: 4
Share on Print

Ingredients

  • U.S. Frozen Shoestring − ၅၀၀ ဂရမ်
  • ပျဥ်းတော်သိမ်ရွက် − ၅ ခက်
  • ဆား − လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အမည်း − လက်ဖက်ရည်ဇွန်း ၁ ဝက်
  • အာလူးကြော်ရန် ဆီ − မိမိလိုသလောက်

Preparation

ပြင်ဆင်ရန်

  • ရေဆေးသန့်စင်ပြီးသော ပျဉ်းတော်သိမ်ရွက်များကို ခြွေပြီး ရေခြောက်အောင် ပြုလုပ်ထားပါ။ 

အာလူးချောင်းကြော် ပြုလုပ်ရန်

  • ဆီကို မိမိ အသုံးပြုမည့် U.S. အေးခဲအာလူးချောင်းများ မြုပ်ရုံ ပမာဏ အိုးထဲထည့်ကာ ပူလာသည်အထိ အပူပေးပါ။
  • ဆီပူလာလျှင် ပျဥ်းတော်သိမ်ရွက်များထည့်ကာ ကြွပ်လာသည်အထိ ကြော်ကာ ဆယ်ထားပေးပါ။
  • အထက်ပါ ဆီမွှေးထဲတွင် အထုပ်ပေါ်တွင်ရေးထားသော အညွှန်းအတိုင်း အေးခဲနေသော အာလူးချောင်းများကို ဆီပူအိုးထဲထည့်ကြော်ပါ။ (အာလူးများ ရေခဲပျော်အောင် စောင့်စရာမလို)
  • အာလူးချောင်းများ ရွှေညိုရောင်သမ်း လာလျှင် မီးပိတ်ကာ အိုးထဲမှ ဆယ်ပြီး ဆီစစ်ပေးထားပါ။
  • ဆီစစ်ပြီးသော အာလူးချောင်းကြော်များ ပူနေစဥ် အချိန်မှာပင် ပျဥ်းတော်သိမ်ရွက်ကြော်များ၊ ဆား နှင့် ငရုတ်ကောင်းမှုန့်များ ထည့်ကာ သမအောင် အပေါ်အောက် ခပ်မြန်မြန် မွှေပေးပါ။ 
  • အားလုံး သမသွားပြီဆိုလျှင် အနံ့အရသာ မွှေးကြိုင်ကောင်းမွန်သော အာလူးချောင်းကြော်များကို ပွဲပြင်မည့် ပန်းကန်ထဲသို့ ထည့်ပြီး ပူပူလေး သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.