fbpx

Appetizer

ဘရာဇီးစတိုင်လ် စတိတ်နှင့်အာလူးကြော်

  • Ready Time: 35min
    No Reviews
  • Prep Time: 15min
    Cook Time: 20min
  • Serves: ၁၂ဉီးစာ
    Prep Method: Grilled
Share on Print

Description

အသားနှင့်အာလူးကို တစ်ပြိုင်တည်းကောင်းမွန်စွာစားသုံးနိုင်မည့် အကောင်းဆုံးဟင်းလျာဖြစ်သည်။ အာလူးချောင်းကြွပ်ကြွပ်များကို ရိုးရှင်းစွာ ဆားနှင့်ငရုတ်ကောင်းဖြင့် သာ အရသာထည့်ထားသည်။ ထိုအာလူးချောင်းများကို အသားစတိတ်ဖြင့် အုပ်ထားပြီး အပေါ်မှ အာဂျင်းတီးနားစတိုင်ဆော့စ်တစ်မျိုးဆမ်းထားသည်။

Ingredients

အသားကင်ပြုလုပ်ရန်

  • အမဲသား - ၂ပေါင် (၉၆၀ ဂရမ်)
  • ပင်လယ်ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း (၁၂ဂရမ်)
  • လတ်ဆတ်စွာကြိတ်ထားသော ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း

Chimichurri ဆော့စ့်ပြုလုပ်ရန်

  • ကြက်သွန်နီ (နုပ်နုပ်စဉ်း) - ၁လုံး (၂၅ ဂရမ်)
  • ငရုတ်သီးစမ်း (နုပ်နုပ်စဉ်း) - ၁လုံး (၃၅ ဂရမ်)
  • ငရုတ်သီးစမ်း (နုပ်နုပ်စဉ်း) - ၁လုံး (၃၅ ဂရမ်)
  • ၀ိုင်နီ ရှာလကာရည် - ချိန်ခွက် တစ်၀◌က် (၁၂၀ မီလီလီတာ)
  • ပင်လယ်ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နံနံပင် (နုပ်နုပ်စဉ်း) - ချိန်ခွက် တစ်၀◌က် (၃ ဂရမ်)
  • ပါစလေရွက် (နုပ်နုပ်စဉ်း) - ချိန်ခွက် ၁/၄ ခွက် (၂ ဂရမ်)
  • အိုရေဂါနို (နုပ်နုပ်စဉ်း) - ချိန်ခွက် ၁/၄ ခွက် (၂ ဂရမ်)
  • သံလွင်ဆီ - ချိန်ခွက် ၃/၄ ခွက် (၁၈၀ ဂရမ်)

ဆားနှင့်ငရုတ်ကောင်း အာလူးချောင်းများ

  • အာလူးချောင်းများ - ၂.၂ ပေါင် ( ၁ကီလို)
  • ဟင်းရွက်ဆီ - အာလူးကြော်ရန် လိုသလောက်
  • ပင်လယ်ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • လတ်ဆတ်စွာကြိတ်ထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

တည်ခင်းရန်

  • Cotija ချိစ့် (အမှုန့်) - ချိန်ခွက် ၁ခွက် (၂၄၀ မီလီလီတာ)
  • ထောပတ်သီး - ချိန်ခွက် ၁ ၁/၂ ခွက် (၂၂၅ဂရမ်)
  • နံနံပင် - ချိန်ခွက် ၁/၄ ခွက် (၄ ဂရမ်)

Preparation
Prep Time: 15min | Cook Time: 20min

  • အကင်စက် / မီးသွေးမီးဖိုအား ကြိုတင်အပူပေးထားပါ။ ထို့ပြင်အကြော်စက်အား ၃၇၅ ဒီဂရီဖာရင်ဟိုက် (၁၉၀ ဒီဂရီစီ) သို့အပူပေးထားပါ။
  • အမဲသားမှ အဆီပိုများကိုဖယ်ထားပါ။  အကင်စက်ပေါ်တွင် တူးစေနိုင်မည့် အစများကိုလည်း ဖြတ်ထုတ်ထားပါ။ အသားအား ဆား၊ငရုတ်ကောင်းတို့နှင့် အရသာနှပ်ထားပြီး မိနစ် ၃၀ခန့်ထားထားပါ။
  • chimichurri အားပြုလုပ်ရန် ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ရှာလကာရည်နှင့် ဆားတို့ကို ပန်းကန်လုံးတစ်ခုထဲတွင် ထည့်ထားပါ။ ထိုအနှစ်အား ၁၀မိနစ်ခန့်ထားထားပြီး နံနံပင်၊ ပါစလေနှင့် အိုရေဂါနိုတို့ကိုရောမွှေပါ။ ဆီထည့်ခလောက်ပါ။
  • chimichurri ဆော့စ့် တစ်၀◌က်အားအသားနှပ်ထားသည့်ပေါ်တွင် လောင်းထည့်ကာ မိနစ် ၂၀ခန့်ထပ်မံနှပ်ထားပါ။
  • မကျက်တကျက်အခြေအနေရအောင် အသားအားကင်ပါ။ (တစ်ဖက်လျှင် ၃မိနစ်ခန့်) အသားအထူပေါ်မူတည်ကာ အလယ်တွင် ပန်းဆီရောင်သန်းလာသည်အထိ ကင်ပေးပါ။ အသားကင်အား အကင်စက်ပေါ်မှဖယ်ပြီး ၁၀-၁၅မိနစ်ခန့် အအေးခံထားပါ။
  • အာလူးကြော်ရန် အာလူးချောင်းများကို ကြိုတင်အပူပေးထားသော အကြော်စက်ထဲသို့ထည့်ပြီး ၄-၆ မိနစ်ခန့်ထားပါ (သို့) အာလူးချောင်းများ ရွှေရောင်သမ်းပြီးကြွပ်တဲ့အထိကြော်ပါ။ အာလူးများကို ဆီကောင်းစွာ စစ်ထားပြီး ပန်းကန်လုံးအကြီးတစ်ခုထဲသို့ထည့်ထားပါ။ အာလူးချောင်းများကို ဆားနှင့် ငရုတ်ကောင်းတို့နှင့် အရသာသွင်းပါ။ ထို့နောက် တည်ခင်းရန် ပန်းကန်ပြားထဲသို့ထည့်ပါ။
  • အသားများကို ကြွက်သားမျှင်များအလျှောက် ပါးပါးလှီးပါ။ ထို့နောက် အာလူးချောင်းများပေါ်တွင် တင်ပါ။ ထို့နောက် အသားများပေါ်တွင် chimichurr ဆော့စ်ဖြူးကာ ချက်ချင်းတည်ခင်းပါ။

Nutrition

Calories470
Fat32g
Sodium1670mg
Cholesterol53
Carbohydrates22g
Fiber4g
Protein24g
Potassium651mg
Sugar1g

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.