fbpx

Dessert

ကယ်ရာမယ် ချောကလတ်ဆန်းဒေး အာလူးကြော်

  • Ready Time: 17min
    No Reviews
  • Prep Time: 10min
    Cook Time: 7min
  • Serves: ၈ ဉီးစာ
Share on Print

Description

သစ်ဂျပိုးမှုန့်နှင့်သကြားဖြူးထားသော ဇကာပေါက်အာလူးကြော် အားဗီနီလာရေခဲမုန့်ထည့်ထားပြီး ပီကန်စေ့၊ ဆားငံအရသာပါသောသကြားရည်နှင့် မုန့်ချိုတို့ဖြူးထား သောဟင်းလျာတစ်ခုဖြစ်သည်။

Ingredients

ဇကာပေါက်အာလူးကြော်ရန်

  • • ဟင်းရွက်ဆီ (ကြော်ရန်) - သင့်တော်သလောက်
  • • ဇကာပေါက်အာလူး - ၂.၂ ပေါင် (၁ ကီလိုဂရမ်)
  • • သစ်ဂျပိုးခေါက်မှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • • သကြားမှုန့် - ချိန်ခွက် ၁/၂ ခွက် (၁၂၀ ဂရမ်)

ပွဲပြင်ရန်

  • • ဗီနီလာ ရေခဲမုန့် - ချိန်ခွက် ၄ခွက် (၉၆၀ မီလီလီတာ)
  • • အချိုမုန့်အပူ (ချောကလက်ရည်အပူဖြင့် အစားထိုးနိုင်) - ချိန်ခွက် ၁/၂ ခွက်
  • • သကြားရည် - ချိန်ခွက် ၁/၂ခွက်
  • • လှော်ထားသောပီကန်စေ့ - ချိန်ခွက် ၁ခွက် (နုပ်နုပ်စဉ်း)
  • • ပူစီနံ (အခက်) - ၈ခက်

Preparation
Prep Time: 10min | Cook Time: 7min

  • သကြားနှင့် သစ်ဂျပိုးခေါက်မှုန့်တို့ကို ဇလုံငယ်တစ်ခုထဲတွင် ရောလိုက်ပါ။
  • ဇကာပေါက်အာလူးများကိုကြော်ရန် ဆီကို ၃၇၅ ဒီဂရီဖာရင်ဟိုက် (၁၉၀ ဒီဂရီစီ)တွင်အပူပေးပါ။ ဇကာပေါက်အာလူးများကိုဆီပူတွင်ထည့်ကာ ၄-၆ မိနစ်ခန့်ကြော်ပါ (သို့) ရွှေညိုရောင်သန်းလာသည် အထိကြော်ပါ။ ထို့နောက်ဆီစစ်ပြီး ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပါ။ အာလူးများကို သစ်ဂျပိုး၊သကြားမှုန့်များဖြူးပေးပြီး သမအောင်ရောပေးပါ။
  • ပွဲပြင်ရန် သစ်ဂျပိုး၊သကြားမှုန့်များကပ်နေသော အာလူးချောင်းများကို ပန်းကန်လုံးတစ်ခုထဲသို့ထည့် ပါ။ ရေခဲမှုန့်အား ချိန်ခွက် တစ်ဝက်ခန့်ထည့်ပြီး အာလူးချောင်းများပေါ်တွင်တင်ပါ။ ထို့နောက် ချောကလက်အနှစ်ဆမ်းပါ၊ သကြားရည်ဖြူးပါ၊ ပီကန်စေ့များဖြူးပါ။
  • ပူစီနံကြိုက်ပါက ပူစီနံအပေါ်မှထည့်ကာ စားသုံးနိုင်ပါပြီ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.