fbpx

Appetizer Side Dish

Potato Nuggets

  • Ready Time: 30min
    No Reviews
  • Prep Time: 20min
    Cook Time: 10min
  • Potato Type: Yellow
  • Serves: ၄ ဦးစာ
    Prep Method: Fried
Share on Print

Ingredients

ပါ၀င်ပစည်းများ

  • အလယ်အလတ်အရွယ် အာလူး၀ါ - ၄လုံး
  • Sour Cream - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • Colby Jack Cheese - ချိန်ခွက် ၃ပုံ၁ပုံ
  • Kosher ဆား (မိမိအကြိုက်အနည်းအများချိန်ရန်) - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ငရုတ်ကောင်း (မိမိအကြိုက်အနည်းအများချိန်ရန်) - လက်ဖက်ရည်ဇွန်း တစ်၀က်
  • အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ပေါင်မုန့်ခြောက်မှုန့် - ချိန်ခွက် ၁ခွက်

အချဉ်ရည်

  • ခရမ်းချဉ်သီးဆော့ - ချိန်ခွက် တစ်၀က်
  • မယိုးနစ် - ချိန်ခွက် ၄ပုံ၁ပုံ

Preparation
Prep Time: 20min | Cook Time: 10min

  • အာလူးများကိုအခွံခွာပါ။ လက်မ၀က်အရွယ် အတုံးလေးများတုံးပါ။ အာလူးများကိုရေထည့် ထားသောအိုးထဲသို့ထည့်ပါ။ အာလူးကိုရေမြုပ်နေစေရန် သေချာပါစေ။ အာလူးများကိုပြုတ်ပါ။ ၁၂၁၅မိနစ်ခန့်ပြုတ်ပါ (သို့) ခက်ရင်းနှင့်ထိုးကြည့်သောအခါ အာလူးများပျော့လာသည်ထိပြုတ်ပါ။ အာလူးများကိုရေစစ်လိုက်ပြီးနောက် ဇလုံခပ်ကြီးကြီးထဲသို့ ထည့်လိုက်ပါ။
  • ဇလုံထဲသို့ Sour Cream၊ ချိစ့်၊ ဆား၊ ငရုတ်ကောင်း၊အရောင်တင်မှုန့်နှင့် ကြက်သွန်ဖြူမှုန့်တို့ ထည့်ပါ။ ခက်ရင်းဖြင့် (သို့) အာလူးခြေတံဖြင့် အာလူးများချောမွေ့စွာကြေသွားသည်အထိ ခြေပေးပါ။ ရေခဲမုန့်ကော်ခွက်အသေး (သို့) လက်ဖက်ရည်ဇွန်းဖြင့် အတုံးအသေးလေးများဖြစ် စေရန်ပုံသွင်းလိုက်ပါ။ ဆီစိမ်စကခံထားသော ဒယ်ပြားပေါ်တွင် စီထားလိုက်ပါ။ ၄င်းတို့အား မိနစ် (၃၀) (သို့) ကြော်ရန်အသင့်ဖြစ်သည်အထိ အအေးခံထားပါ။
  • အသင့်ဖြစ်ပြီဆိုပါက ၄င်းအာလူးတုံးလေးများကို ပေါင်မုန့်ခြောက်မှုန့်ဖြင့်ကပ်ပါ။ ၄၀၀ ဒီဂရီဖာရင်ဟိုက်တွင် (၁၀) မိနစ်ခန့် Air Fryer ဖြင့်ကြော်ပါ။ (အချိန်တစ်၀က်တွင် တစ်ဖက်လှန်ပေးပါ) အာလူးတုံးလေးများသည် ရွှေ၀ါရောင်ဖြစ်နေပြီး ကြွပ်ရွနေပါလိမ့်မည်။
  • တို့စားဖို့အချဉ်ရည်လုပ်ရန်အတွက် ခရမ်းချဉ်သီးဆော့နှင့် မယိုးနစ်တို့ကို ကောင်းစွာရောနှော သွားသည်အထိ မွှေပေးလိုက်ပါ။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.