fbpx

Main Dish

U.S. အာလူးမာလာနှင့် ကြက်သားမြေပဲအစပ်ကြော်

  • No Reviews
  • Prep Time: 15min
    Cook Time: 15min
  • Serves: 3
Share on Print

Ingredients

  • U.S. Frozen Crinkle Cut Fries - ၄၅၀ ဂရမ်
  • မာလာအနှစ် (အသင့်ချက်ပြီးသား) - ၃ ထမင်းစားဇွန်း
  • ခရမ်းချဉ်သီးမှည့် (နုပ်နုပ်စဉ်း) - ၃ လုံး
  • ကြက်သွန်နီ (နုပ်နုပ်စဉ်း) - ၂ လုံး
  • ကြက်သွန်ဖြူကြီး (နုပ်နုပ်စဉ်း) - ၁/၂လုံး
  • ငရုတ်သီးစိမ်းမှုန့် - ၁ ထမင်းစားဇွန်း
  • အရသာမှုန့် (ကြက်သားမှုန့်) - ၂ လက်ဖက်ရည်ဇွန်း
  • မြေပဲအနီကြော် - ၁ ထမင်းစားဇွန်း
  • ကြက်သားအကြွပ်ကြော် - ၃ ထမင်းစားဇွန်း
  • နှမ်းလှော် - ၁ ထမင်းစားဇွန်း
  • ကြက်သွန်မြိတ် (ပါးပါးလှီး) - ၁ ထမင်းစားဇွန်း
  • ကြက်သွန်နီကြော် - ၁ လုံး
  • ဆီ - အနည်းငယ်
  • ငရုတ်သီးအကြွပ်ကြော် - ၁၀ တောင့်

Preparation
Prep Time: 15min | Cook Time: 15min

မာလာအနှစ်ချက်နည်း

  • မီးဖိုပေါ်တွင် အိုးကိုအပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကိုထည့်ပြီး ဆီသတ်အနံ့မွှေးလာလျှင် ငရုတ်သီးစိမ်းမှုန့်ထည့်ပြီး ကျက်လျှင် မာလာအနှစ်၊ ခရမ်းချဉ်သီး နှင့် အရသာမှုန့်ထည့်ပြီး အနှစ်အနံ့အရသာကောင်းသည်အထိ မီးမျှင်းမျှင်းဖြင့် ဆီပြန်အောင် တင်ထားပါ။

U.S. Crinkle Cut ကြော်နည်း

  • အိုးထဲတွင် ဆီကို အပူချိန် ၁၈၀°C (သို့) ဆီကောင်းကောင်းပူလာသည်အထိ စောင့်ပြီး ဆီပူလာလျှင် U.S. Frozen Crinkle Cut ထည့်ပြီး ၃ မိနစ် (သို့) အာလူးရွှေညိုရောင်သမ်း လာသည်အထိ ကြော်ပြီး ဆီစစ်ထားပါ။

ကြက်သားအကြွပ်ကြော်နည်း

  • ကြက်သားကို ပါးပါးလှီးပြီး အရသာမှုန့် (ကြက်သားအမှုန့်) ၊ ဆား၊ ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး နယ်ထားပါ။ အိုးထဲတွင် ဆီဆူအောင်တည်ပြီး နယ်ထားသောကြက်သားကို ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်ပြီး ဆီစစ်ထားပါ။

ချက်ပြုတ်ပြင်ဆင်နည်း

  • အသင့်ချက်ထားသော မာလာအနှစ်ကို အပူပေးပြီး၊ ကြော်ထားသော အာလူးကို ရောမွေပါ။ ပြီးလျှင် ကြက်ကြွပ်ကြော်၊ ကြက်သွန်မြိတ်၊ မြေပဲကြော်တို့ကိုထည့်ပြီး အရသာမြည်းကြည့်ပါ။ ကြိုက်နှစ်သက်သည့်အရသာရပြီဆိုလျှင် ပန်းကန်ပေါ်တွင် အာလူးမာလာထည့်ပြီး ကြက်သွန် ကြော်၊ နှမ်း၊ မြေပဲ၊ ကြက်သွန်မြိတ်၊ ငရုပ်သီးကြော်တို့ဖြင့် အလှဆင်ပြီး တည်ခင်းကျွေးမွေး နိုင်ပါသည်။

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.