fbpx

Main Dish Snack

U.S. Shoestring အာလူးချောင်း ပုဇွန်ငပိ အစပ်ကြော်

  • Ready Time: 20min
    No Reviews
  • Prep Time: 10min
    Cook Time: 10min
  • Serves: 3-4
    Prep Method: Fried
Share on Print

Ingredients

  • U.S. Frozen Shoestring - ၂ ခွက်
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ) - ၁၀ လုံး
  • ကြက်သွန်ဖြူ (ခပ်ပါးပါးလှီးထားပါ) - ၅ တက်
  • ချင်း (နုတ်နုတ်စင်းထားပါ) - ၁ လက်မ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးခွဲကြမ်း - ထမင်းစားဇွန်း ၇ ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
  • ပု‌ဇွန်ခြောက်မှုန့် - ၁/၂ ခွက်
  • ဆား - အရသာကဲရန်
  • ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အရသာအတွက်ဆား
  • အသင့်စား ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ ဇွန်း
  • အသင့်စား ကြက်သွန်ဖြူကြော် - ၁ ၁/၂ ထမင်းစားဇွန်း
  • နေကြာဆီ - ၁/၂ ခွက်

Preparation
Prep Time: 10min | Cook Time: 10min

ပြုလုပ်နည်း

  • ၁။ အိုးထဲဆီထည့်ပြီး အပူပေးပါ ပြီးလျှင် U.S. Shoestring အာလူးချောင်းများကို ထည့်ကြော်ပါ အိလာပြီး ရွှေရောင်သန်းလာလျှင်ရပါပြီး။ ဆီစစ် စက္ကူပေါ်တင်စစ်ပါ၊ ပြီးလျှင် ဘေးခဏဖယ်ထားပါ။ 
  • ၂။ အာလူးကြော်ထားသောဆီနှင့် နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း များထည့်ပြီး ကြက်သွန်နီ နွမ်းအိလာသည် အထိကြော်ပါ။ ပြီးလျှင် ငရုတ်သီးမှုန့် ထည့်ပြီး ၁ မိနစ်လောက်ကြော်ပေးပါ။ ဘေးခဏဖယ်ထားပါ။
  • ၃။ အဲအကြော်အိုးထဲမှာပဲ ပုဇွန်ငပိ ထည့်ပြီး အနည်းငယ်ကြွပ်အောင်ကြော်ပါ၊ ပြီးလျှင် ငရုတ်သီးခွဲကြမ်းများထည့်ပြီး ၁ -၂ မိနစ်လောက်ကြော်ပါ။ ပြီးလျှင် ငံပြာရည်ထည့်ပြီး ၂ မိနစ်လောက်ဆက်ကြော်ပါ။ ဘေးခဏဖယ်ထားပါ။ 
  • ၄။ အဲအကြော်အိုးထဲ မှာပဲ ပုဇွန်ခြောက်မှုန့်ကို ၂ မိနစ်လောက်ကြော်ပါ။ ဘေးခဏဖယ်ထားပါ။ 
  • ၅။ အကြော်အိုးထဲကို ကြော်ထားသော ပါဝင်ပစ္စည်းများ အားလုံးပြန်ထည့်ပြီး သေချာနှံ့အောင်မွှေပေးပါ (အာလူးချောင်းကြော်၊ ကြက်သွန်နီ/ကြက်သွန်ဖြူ/ချင်းကြော်၊ ပုဇွန်ငပိ ငရုတ်သီးခွဲကြမ်းကြော်၊ ပုဇွန်ခြောက်ကြော်)။ အရသာ အပေါ့အလေး ဆားထည့်ပြီး ပြုပြင်ပါ။ မီးဖိုပေါ်မှ ချပြီး လုံးဝအေးသွားသည်အထိ အအေးခံပါ။ ပြီးလျှင် အသင့်စား ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကြော်များနှင့် ‌အကုန်ရောအေင်သေချာမွှေပေးပါ။ 
  • ၆။ သိမ်းရန် သန့်ရှင်း၊ ခြောက်သွေ့သော ပုလင်းဖြင့်ထည့်ပြီး အခန်းအပူချိန်ဖြင့် ရက်သတ္တပတ်များစွာ ထားလို့ရပါသည်။ U.S. shoestring အာလူး နှင့် ပုဇွန်ငပိ ကို ကြွပ်အောင်ကြော်ထားသောကြောင့် မှိုတက်တာ အရသာပျက်တာမဖြစ်စေပါ။ ဒါပေမယ့် သင့်စိတ်ထဲ အခန်းအပူချိန်နှင့် ထားရတာ သိပ်စိတ်မချဘူးဆိုလျှင်တော့ ‌ရေခဲသေတ္တာ အအေးခန်းထဲမှာ ထားလို့ရပါသည်။ ကောင်းမွန်စွာသုံးဆောင်နိုင်ပါစေ!

Reviews

Be the first to review this recipe by clicking the button below

Review This Recipe

Enter your name. This will be displayed when your review is posted.

Rate this recipe on a scale of 1 to 5.

If you have actually cooked this recipe please check the box.